Connect with us

Hi, what are you looking for?

သတင်း

သက်ငယ်မုဒိမ်းမှုကျူးလွန်‌‌သူကို သေဒဏ်ပေးဖို့ဝက်လက်မှာ​ဒေသခံ​တွေဆန္ဒပြ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ကဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF)တစ်ခုဖြစ်တဲ့ဗိုလ်လင်းမြွေကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တဦးက စစ်ဘေးရှောင်အသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာ ကြောင့် ဒေသခံ တွေက ကျူးလွန်သူကို သေဒဏ် ပေးဖို့အတွက် တောင်းဆို ဆန္ဒပြနေကြပါတယ်။

​ဝက်လက်မြို့နယ်က ဒေသခံ​တွေကဆန္ဒထုတ်​ဖော်​တောင်းဆို​​နေကြစဥ်။ဓါတ်ပုံ-CJ

စက်တင်ဘာ၁၀၊၂၀၂၅၊မေ/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ကဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF)တစ်ခုဖြစ်တဲ့ဗိုလ်လင်းမြွေကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တဦးက စစ်ဘေးရှောင်အသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာ ကြောင့် ဒေသခံ တွေက ကျူးလွန်သူကို သေဒဏ် ပေးဖို့အတွက် တောင်းဆို ဆန္ဒပြနေကြပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့က ရွာသာကြီး​ကျေးရွာစာသင်ကျောင်း၊အနောက်တောင်ဘက်ရှိ ကန်ဘောင်မှာအသက်၁၁နှစ်အရွယ်မိန်းက လေးကို ဗိုလ်လင်းမြွေတပ်ဖွဲ့ဝင်အသက်၂၈နှစ်အရွယ်မျိုးကိုဆိုသူကအဓမ္မပြုကျင့်ခဲ့တာလို့​ဒေသခံအချို့က​ပြောပါတယ်။

ဒီကိစ္စကိုမကျေနပ်လို့ဒေသခံတွေကနှစ်ရက်ဆက်တိုက်ဆန္ဒပြခဲ့ကြပါတယ် ။စက်တင်ဘာ ၉ ရက်​နေ့ ကလည်း သရက်ကြီး ကျေးရွာမှာတရားစီရင်ရေးကို အယုံကြည်မရှိလို့သေဒဏ် ပေးဖို့ဆိုပြီး တောင်းဆိုခဲ့ကြသေးတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ရွာသာကြီးမှာမနေရဲကြလို့ သရက်ကြီးကန်ဘောင်နားမှာ စစ်ရှောင်နေကြတာ။အခုတော့ ကလေး ရော၊မိဘတွေရောက ဆေးခန်းမှာ”လို့ ဒေသခံတဦး ကပြောပါတယ်။

ရွာမှာသမီးငယ်​​လေး​တွေရှိ​နေ​သေးတဲ့အတွက် မျိုးကို ကိုဆက်ထားရင် ထပ်မံကျူးလွန်နိုင်​သေးတာရယ် ၊ရွာ နာတာ​ကြောင့် ​သေဒဏ်စီရင်​ပေးကြဖို့​တောင်းဆို​နေကြတာကို​တွေ့ရပါတယ် ။ စစ်​ကောင်စီစိုးမိုးနယ်​မြေမဟုတ်ပဲ အမျိုးသားညီ

ညွတ်​ရေးအစိုးရ (NUG)စိုးမိုးနယ်​မြေဖြစ်တာ​ကြောင့် NUG က ​ဒေသခံပြည်သူ​တွေရဲ့ လိုလားချက်အတိုင်း အ​ရေးယူ​ပေးရမယ်လို့ ​ဒေသခံအချို့က​ပြော​နေတာကို​တွေ့ရပါတယ် ။

လက်ရှိမှာကျူးလွန်သူ မျိုးကို ဆိုသူကို ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံ​ရေးတပ်ဖွဲ့ (ပလဖ)က ဖမ်းဆီးထားကြောင်းသိရတယ်လို့အထက်ပါ​ဒေသခံက​ပြောပါတယ်။

ပထမတရက်ကဆန္ဒပြတဲ့ရုပ်သံမှတ်တမ်းအတွင်းမှာ ဒီတပ်ဖွဲ့ဝင်ဟာ ဗိုလ်လင်းမြွေ တပ်ဖွဲ့ကထုတ်ပယ်ထားတဲ့ အဖွဲ့ဝင် ဖြစ်တယ်လို့ ပြောထားတာတွေ့ရပေမယ့်ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နဲ့ PDFတပ်ရင်း တွေကတော့ မျိုးကိုဟာ လက်ရှိတာဝန်ထမ်းဆောင် နေဆဲဖြစ်တယ်လို့ဆိုကြပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး People’s Spring က ဗိုလ်လင်းမြွေတပ်ဖွဲ့နဲ့ မြို့နယ်ပကဖကို ဆက်သွယ် မေးမြန်းဖို့ကြိုးစား နေပေမယ့် အခုချိန်အထိ အဆက်အသွယ်မရ သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook