Connect with us

Hi, what are you looking for?

သတင်း

မင်းပြားမှသက်ငယ်မုဒိမ်းမှု ဥပ​ဒေနှင့်အညီအကြီးမားဆုံးပြစ်ဒဏ်ချမှတ်အရေးယူပေးရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ​တောင်းဆို

မင်းပြားမြို့နယ်မှအသက်(၉)နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုသည် ကျူးလွန်ခံရသူ နှင့် မိသားစုဝင်များသာမက လူ့အဖွဲ့အစည်းတခုလုံးကို ခြိမ်းခြောက်နိုင်သည့် ကြီးလေးသော ရာဇဝတ်မှုဖြစ်ပြီး ဥပဒေအောက်တွင်အကြီးမားဆုံးပြစ်ဒဏ်ချမှတ်အရေးယူပေးရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်း (၁၁) ဖွဲ့က ကြေညာချက်ထုတ်ပြန်​တောင်းဆိုလိုက်သည်။

​မေ-၁၁၊၂၀၂၅။ကဖေး/People’s Spring

မင်းပြားမြို့နယ်မှအသက်(၉)နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုသည် ကျူးလွန်ခံရသူ နှင့် မိသားစုဝင်များသာမက လူ့အဖွဲ့အစည်းတခုလုံးကို ခြိမ်းခြောက်နိုင်သည့် ကြီးလေးသော ရာဇဝတ်မှုဖြစ်ပြီး ဥပဒေအောက်တွင်အကြီးမားဆုံးပြစ်ဒဏ်ချမှတ်အရေးယူပေးရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်း (၁၁) ဖွဲ့က ကြေညာချက်ထုတ်ပြန်​တောင်းဆိုလိုက်သည်။

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှအသက်(၉)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကိုဧပြီလ ၆ရက်​နေ့တွင်အသက် (၃၀)ကျော်အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်သတ်ဖြတ်မှုသည် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။သတ်ဖြတ်ပြီးနောက် ရုပ်အလောင်းအား ရွာအနီးရှိ သစ်ပင်တစ်ပင်တွင် ကြိုးဖြင့်တွဲလောင်းချည်ထားခဲ့ခြင်းကြောင့် ဒေသခံများ အထိတ်တလန့်ဖြစ်ခဲ့ကြသည်။

ကျူးလွန်သူသည်မြေပုံမြို့နယ်၊ငမန်းရဲကျွန်းဒေသခံမောင်မြသန်းဆိုသူဖြစ်ပြး ၎င်းအား အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DLEPS) က မေလ(၆) နေ့တွင် ဖမ်းဆီးထားကြောင်း ရခိုင်အခြေစိုက်သတင်းဌာနများကဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“အမှုဖြစ်ဖြစ်ချင်းမှာ မြို့ခံတွေလည်း တော်တော်ကိုအထိတ်တလန့်ဖြစ်ခဲ့ကြရတယ်လို့ ကြားတယ်။ လူမျိုးရေးပဋိပက္ခဖန်တီးဖို့လုပ်တယ်လို့လည်း ယူဆကြတယ်။DLEPS ကဖမ်းဆီးလိုက်တာကောင်းတယ်။အမှုအခြေနေကိုတော့စောင့်ကြည့်နေတယ်”ဟု ရခိုင်အရပ်ဖက်အရေးဆောင်ရွက်သူတစ်ဦးကပြောသည်။

အဆိုပါအမှုကို စစ်ဆေးဖော်ထုတ်ပြီး တရားမျှတမှု ရရှိ‌ရန်အတွက် ဆောင်ရွက်ပေးရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်း (၁၁) ဖွဲ့က ယနေ့ မေလ ၁၁ရက်၌ ကြေညာချက်ထုတ်ပြန်တောင်းဆိုသည်။

Rakhaing Women’s Initiative Organization (RWIO)နှင့် Women Generation (WG)အပါအဝင် အရပ်ဖက်အဖွဲ့အစည်း (၁၁) ဖွဲ့က ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

အသက်(၉)နှစ်အရွယ် အမျိုးသမီးအချေတဦး ရက်စက်ကြမ်းကြုတ်စွာ မုဒိမ်းကျင့်သတ်ဖြတ်ခံရမှုဖြစ်စဥ်အတွက် အင်မတန်ဝမ်းနည်းကြေကွဲတုန်လှုပ်မိပြီး အာရက္ခဒေသအပြင် ပြည်သူလူထုတရပ်လုံးအား အင်မတန်တုန်လှုပ်ခြောက်ခြားစေကြောင်း၊ ကိုယ်ကျင့်တရားဆိုင်ရာအားဖြင့် များစွာဆိုးရွားပြင်းထန်သောဒဏ်ရာဖြစ်စေကြောင်း ထုတ်ပြန်ထားသည်။

အာရက္ခဒေသ၏အေးချမ်းလုံခြုံသည့်လူ့အသိုင်းအဝိုင်းအတွက် မည်သည့်ကလေးငယ်မျှယခုကဲ့သို့ ဆိုးရွားပြင်းထန်ကြောက်မက်ဖွယ်ကောင်းသော အကြမ်းဖက်မှုမျိုးကို ရင်ဆိုင်မကြုံတွေ့သင့်ကြောင်း၊ မည်သည့်မိဖမှလည်း မိမိ၏ အရွယ်မရောက်သိမ့်သော သားသမီးများအပေါ် ယခုကဲ့သို့ ဖြစ်ရပ်ဆိုးများ ကြုံတွေ့ခံစားရပြီး ရင်ကွဲပက်လက်ဖြင့် သဂြိုဟ်မြှပ်နှံရမည့် အခြေအနေမျိုးမကြုံတွေ့သင့်ကြောင်း၊ ယခုလိုအရုပ်ဆိုး အကျည်းတန်သည့် အမှုအတွက်တရားမျှတမှုရရှိရေးဆောင်ရွက်ရာတွင်တိတ်ဆိတ်ခြင်း၊ နှောင့်နှေးခြင်း သို့မဟုတ် လျစ်လျူရှုခြင်းများ မဖြစ်သင့်ဟု ရှုမြင်ကြောင်းဖော်ပြထားသည်။

ထို့အပြင် အချက်(၃)ချက်ကိုလည်း ၎င်းတို့ကတောင်းဆိုထားသည်။

အမှုနှင့်ပတ်သက်၍ စေ့စေ့စပ်စပ်ဘက်မလိုက်ဘဲ အချိန်နှင့်တပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ကာ ပြစ်မှုလျော့ပေါ့လွတ်ငြိမ်းခွင့် မရှိဘဲဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်များဖြင့် အရေးယူပေးရန်၊ ကျူးလွန်ခံရသူနှင့် မိသားစုဝင်များအတွက်လူမှုတရားမျှတမှုရရှိရေးအာမခံပြီး စီရင်ချက်ချမှတ်‌ပေးရန်၊ အာရက္ခဒေသနေ အမျိုးသမီးများနနှင့်ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများကျူးလွန်ခြင်းများနောက်နောင်မဖြစ်ပွားရအောင် ထိရောက်အောင်ကာကွယ်တားဆီး‌ပေးသည့် လုပ်ငန်းစဥ်များ ချမှတ်ပေးရန်တောင်းဆိုထားသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေဖြင့် စစ်မှန်သော တာဝန်ခံမှု၊ တရားစီရင်မှုနှင့်တရားမျှတမှုများကို ယူဆောင်ပေးနိုင်မည်ဟုမျှော်လင့်ယုံကြည်သည်ဟုလည်း​ဖော်ပြထားသည်။

အာရက္ခတပ်တော်(AA)သည်ရခိုင်ပြည်နယ်အတွင်း၌ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့မှလွဲ၍ ကျန်မြို့နယ်များအားလုံးကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံရဲ့ ဂုဏ်သတင်း အကြီးမားဆုံး ဘုန်းတော်ကြီးတစ်ပါးက သက်ငယ်မုဒိမ်းမှုနဲ့ အဖမ်းခံရတဲ့ သတင်းဟာ သီရိလင်္ကာ လူ့အဖွဲ့အစည်းကြားမှာ အပြင်းအထန် ဂယက်ရိုက်ခတ်သွားပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ မင်းပြား နဲ့ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ကဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးအလုံးရေ ရာချီကြဲခဲ့ပြီး ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အပ်စတိန်း ဖိုင်တွေကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ အောက်လွှတ်တော်ရဲ့ အဆိုပြုမှုမှာ ပါဝင် ထောက်ခံမဲ ပေးသင့်ကြောင်း သူ့ရဲ့ ရီပတ်ဘလစ်ကန် ပါတီဝင် အမတ်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပ်စတိန်းဖိုင်တွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရဆီမှာ ဖုံးကွယ်ထားချင်တဲ့ ဘာအကြောင်းရင်းမှ...

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ကဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF)တစ်ခုဖြစ်တဲ့ဗိုလ်လင်းမြွေကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တဦးက စစ်ဘေးရှောင်အသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာ ကြောင့် ဒေသခံ တွေက ကျူးလွန်သူကို သေဒဏ် ပေးဖို့အတွက် တောင်းဆို ဆန္ဒပြနေကြပါတယ်။