Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့နိုင်ငံ​ပေါင်း ၃၉ နိုင်ငံအပေါ် ခိုလှုံခွင့် ရပ်ဆိုင်းကန့်သတ်မူဝါဒကို တရားရုံးကပယ်ချ

အမေရိကန်မှာနိုင်ငံရေး၊လူဝင်မှုကြီးကြပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကြား အကြိတ်အနယ် အားပြိုင်မှုတွေဖြစ်ပေါ်နေပြီး ထရမ့်အစိုးရရဲ့တင်းကျပ်လွန်းတဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတစ်ခု တရားရုံးမှာ ကန့်ကွက်ခံလိုက်ရပါတယ်။

ဇွန်-၆၊၂၀၂၆။People’s Spring

အမေရိကန်မှာနိုင်ငံရေး၊လူဝင်မှုကြီးကြပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကြား အကြိတ်အနယ် အားပြိုင်မှုတွေဖြစ်ပေါ်နေပြီး ထရမ့်အစိုးရရဲ့တင်းကျပ်လွန်းတဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတစ်ခု တရားရုံးမှာ ကန့်ကွက်ခံလိုက်ရပါတယ်။

အမေရိကန် ဖက်ဒရယ်တရားသူကြီးတစ်ယောက်က ထရမ့်အစိုးရဟာ အာဖရိက၊ အာရှ၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းဒေသ​​တွေက နိုင်ငံပေါင်း ၃၉ နိုင်ငံက လာရောက်သူတွေအပေါ် ဗီဇာပိတ်ပင်ကန့်သတ်ပြီး ခိုလှုံခွင့် (Asylum)၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်၊ ဂရင်းကတ်(Green Card) နဲ့နိုင်ငံသားဖြစ်ခွင့်လျှောက်ထားမှုတွေကို ဆုံးဖြတ်ချက်မပေးဘဲ ဆိုင်းငံ့ထားခဲ့တာဟာ “တရားမဝင်ဘူး” ဆိုပြီး သောကြာနေ့မှာ အမိန့်ချမှတ်ပယ်ချလိုက်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဒီလိုတရားရုံးက အမိန့်ချတဲ့နေ့မှာပဲ တစ်ဖက်မှာလည်း အမေရိကန် ဆီးနိတ်လွှတ်တော်က ထရမ့်ရဲ့ အငြင်းပွားဖွယ် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအစီအစဉ်တွေအတွက် ရန်ပုံငွေထောက်ပံ့ပေးမယ့် ဥပဒေကြမ်းကို မဲခွဲအတည်ပြုပေးခဲ့တာကြောင့် အခြေအနေက တော်တော်လေးကို ရှုပ်ထွေးသွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒီအမှုဟာပြီးခဲ့တဲ့မတ်လတုန်းကရွှေ့ပြောင်းအခြေချသူများကူညီစောင့်ရှောက်ရေးအဖွဲ့တွေနဲ့ အလုပ်သမားသမဂ္ဂတွေ ပူးပေါင်းပြီး တရားစွဲဆိုခဲ့ရာကနေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ထရမ့်အစိုးရရဲ့ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS)အောက်မှာရှိတဲ့လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ (USCIS) ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ အဲဒီ ၃၉ နိုင်ငံက လာတဲ့သူတွေရဲ့ လျှောက်လွှာတွေကို လုံခြုံရေးအရ စိစစ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာမှမလုပ်ဘဲ ဒီအတိုင်း ပိတ်ဆို့ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုမှာအမိန့်ချမှတ်ခဲ့တဲ့တရားသူကြီး ဂျွန်မက်ကောနယ် (John McConnell) က အစိုးရရဲ့ဒီလိုလုပ်ရပ်တွေဟာအမေရိကန်မှာနေထိုင်နေတဲ့ ရေတွက်လို့မရအောင် များပြားလှတဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ ဘဝကို ဥပဒေကြောင်းအရ ဘာမှန်းမသိရဘဲ လမ်းခွဲမရှိတဲ့ သောင်တင် အခြေအနေဆိုးထဲ တွန်းပို့လိုက်တာပဲလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

“သူတို့တွေဘာမှအမှားအယွင်းမလုပ်ခဲ့ဘဲဘယ်နိုင်ငံမှာ မွေးဖွားလာသလဲဆိုတဲ့ အချက်တစ်ခုတည်းအပေါ် မူတည်ပြီး USCIS က လျှောက်လွှာတွေကို အဆုံးအဖြတ်မပေးဘဲတမင်ငြင်းဆန်ပြီးလချီစောင့်ခိုင်းထားတာဟာ ဥပဒေနဲ့မညီဘူး” လို့လည်း တရားသူကြီးက ဆိုပါတယ်။

နယူးယောက် ရွှေ့ပြောင်းအခြေချသူများ မဟာမိတ်အဖွဲ့ (NYIC) ကတော့ ဒီတရားရုံးဆုံးဖြတ်ချက်ကို အထူးပဲ ကြိုဆိုထောက်ခံခဲ့ကြပြီး ထရမ့်အစိုးရဟာ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို ကျော်လွန်ပြီး ဥပဒေကို ချိုးဖောက်ခဲ့တာဖြစ်ကြောင်း၊ ဘယ်နိုင်ငံကလာတယ်ဆိုတဲ့ ခွဲခြားဆက်ဆံမှုသက်သက်နဲ့ ထောင်ပေါင်းများစွာသောမိသားစုတွေကိုဒုက္ခတွင်းထဲ တွန်းပို့ခဲ့တာဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့ကြပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီတရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် ထရမ့်အစိုးရရဲ့ ရွှေ့ပြောင်းအခြေချသူများအပေါ် တင်းကျပ်တဲ့ အစီအစဉ်တွေဟာ အကြီးအကျယ် နောက်ဆုတ်သွားခဲ့ရပြီးဥပဒေကြောင်းအရ ထိုးနှက်ချက်တစ်ခု ဖြစ်သွားခဲ့ပါတယ်။

ကိုးကား- Reuters

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။