Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား လက်နက်တွေကို လုံးဝ စွန့်လွှတ်မှာ မဟုတ်ကြောင်း ပြိုင်ဘက်တွေကို မြောက်ကိုရီးယား သတိပေး

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

None

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ သုံးနိုင်ငံ အစည်းအဝေးတစ်ခု ကျင်းပပြီးချိန်မှာ မြောက်ကိုရီးယားဖက်က အခုလို သဘောထားမျိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အစည်းအဝေး အတွင်းမှာတော့ မဟာမိတ် သုံးနိုင်ငံက ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ကင်းစင်ရေး ရည်မှန်းချက်ကို အင်တိုက်အားတိုက် ဆက်လက် အကောင်အထည် ဖော်သွားဖို့ သဘောတူခဲ့ကြပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်မှာ မဟုတ်တဲ့အကြောင်း အရင်ကလည်း ပြောဆိုခဲ့ဖူးပြီး ဇွန်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ရေးဟာ ဒေသတွင်း တည်ငြိမ်မှုအတွက်လည်း အရေးအရေးကြီးကြောင်း ဖော်ပြထားခဲ့ပါတယ်။ ပြီးတော့ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေက တောင်းဆိုတဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး အဆိုပြုချက်ကိုလည်း ယတိပြတ် ပယ်ချခဲ့ပါတယ်။

လဆန်းပိုင်းတုန်းကလည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ညီမလည်းဖြစ်၊ မြောက်ကိုရီးယား အစိုးရ အဖွဲ့ထဲမှာ ဩဇာအကြီးဆုံး အမျိုးသမီးလို့ သတ်မှတ်ခံထားရသူလည်းဖြစ်တဲ့ ကင်မ်ယိုဂျောင်က နျူကလီးယား လက်နက်တေ ပိုင်ဆိုင်ခြင်း ဆိုတာဟာ မြောက်ကိုရီးယားက နောက်ပြန်မလှည့်မယ့် စည်းမျဉ်းတစ်ခု ဖြစ်တယ်လို့ ပြောကြားဖူးပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ လက်ပါးစေ နိုင်ငံတွေဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ အဓိပ္ပါယ် မရှိတာတွေ ပြောဆိုနေကြောင်း၊ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်နိုင်ငံ တစ်ခုအဖြစ် ရပ်တည်နေခြင်းကနေ လုံးဝ နောက်ကြောင်း ပြန်လှည့်မှာ မဟုတ်ကြောင်း မြောက်ကိုရီးယား အစိုးရ အရာရှိ တစ်ဦးကလည်း အစိုးရပိုင် KCNA သတင်းဌာနဆီကို ပြောကြားသွားခဲ့ပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယားတို့ဆီကို အမေရိကန်က စစ်လက်နက်တွေ ရောင်းချပေးနေတာကို ကြည့်ရင် မြောက်ကိုရီးယားကလည်း လုံခြုံရေး အာမခံချက်အတွက် နျူကလီးယား လက်နက်တွေ ကိုင်ထားတာက အဓိပ္ပါယ်ရှိတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။

အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ဘယ်လောက်ပဲ ပူညံပူညံ လုပ်နေပါစေ၊ မြောက်ကိုရီးယားရဲ့ လက်ရှိ နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ပြောင်းလဲမှာ မဟုတ်ကြောင်းလည်း အဲဒီ အရာရှိက အတည်ပြုသွားပါတယ်။

မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရှိနေတဲ့တိုင် နျူကလီးယား လက်နက် နည်းပညာ မြှင့်တင်ရေးအတွက် အပတ်တကုတ် ကြိုးစားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ နျူကလီးယား လက်နက်နိုင်ငံအဖြစ် တရားဝင် ကြေညာတဲ့ ဥပဒေကို ပြဋ္ဌာန်း အတည်ပြုခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားမှာ တစ်ရက်ကြာ နေထိုင်ပြီးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ဇွန်လ ၉ ရက်နေ့မှာ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။