Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန် ငလျင်ကြောင့် သေဆုံးသူ ၁၃ ဦးထိရှိလာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

ကျူရှူးကျွန်းမှာရှိတဲ့ ကူမာမိုတို မြို့နားမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ဂျပန်မှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေပါတယ်။ ဇူလိုင် ၂၉ ရက် မနက်ပိုင်းထိ အခြေအနေအရ သေဆုံးသူ ၁၃ ဦး စာရင်းရထားပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို အပူတပြင်း ဆက်လက် ဆောင်ရွက်နေပါတယ်။

သတင်းဌာနတွေက ဖော်ပြတဲ့ ဗီဒီယိုတွေထဲမှာတော့ စျေးဝယ်စင်တာကြီး တစ်ခုရဲ့ အစိတ်အပိုင်း အများအပြား ပြိုကျနေတာ၊ စက်ရုံတစ်ခုရဲ့ ခေါင်းတိုင်မြင့်ကြီး ပြိုလဲနေတာတွေကို တွေ့ရပါတယ်။

ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆောက်အအုံတွေလည်း မီးလောင်ခဲ့ပြီး လမ်းတံတားတွေပါ ပျက်စီးခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ကြောင့် ထိခိုက်ခံစားရတဲ့ ပြည်သူတွေ၊ မိသားစုတွေနဲ့ထပ်တူ လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကြောင်း တကအိချိက ဆိုပါတယ်။ သေဆုံးသူ ၁၃ ဦးလို့ သတင်းထုတ်ပြန်ထားပေမယ့် ဘယ်လို အခြေအနေတွေမှာ အသက်ဆုံးရှုံးခဲ့သလဲ ဆိုတာတွေကိုတော့ အာဏာပိုင်တွေက အသေးစိတ် မှတ်ချက် မပေးသေးပါဘူး။

ငလျင်ရဲ့ ပြင်းအားကို ဂျပန်က မဂ္ဂနီကျု ၇.၁ လို့သတ်မှတ်ပြီး အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)ကတော့ နောက်ပိုင်းမှာ ၆.၈ လို့ ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။ ငလျင်ဟာ မြေအနက် ၁၀ ကီလိုမီတာလောက် မြေတိမ်ပိုင်းကို ဗဟိုပြုခဲ့တာကြောင့်လည်း မြေမျက်နှာပြင်ပေါ်မှာ သက်ရောက်မှုက ပိုမို ပြင်းထန်ခဲ့ပါတယ်။

ငလျင်ဟာ ကူမာမိုတို မြို့ရဲ့ အနောက်မြောက်ဖက် ၁၄ ကီလိုမီတာလောက်ကို ဦးတည်ပြီး လှုပ်ရှားသွားတာပါ။ ပျက်စီးဆုံးရှုံးမှု ပမာဏကို တိတိကျကျ မသိရသေးပေမယ့် အဆောက်အအုံတွေ၊ တံတားတွေ အများအပြား ပြိုကျကုန်ကြောင်း ငလျင်ဘေးသင့် ဒေသခံတွေက ပြောပါတယ်။ ပြီးတော့ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ရက်ပိုင်းပဲခြားပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်နှစ်ခုကြောင့် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပြန်လည် မွမ်းမံ ပြင်ဆင်နေတဲ့ ကူမာမိုတို ရဲတိုက်ကြီးမှာလည်း အခုငလျင်ကြောင့် နောက်ထပ် ပျက်စီးမှုတွေ ထပ်ပြီး ကြုံတွေ့ခဲ့ပါတယ်။

ကာရှီမာ ဧရိယာထဲက Aeon Mall Kumamoto စျေးဝယ်စင်တာမှာတော့ ငလျင်လှုပ်ခတ်ချိန်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး အစိတ်အပိုင်းတချို့လည်း ပြိုကျခဲ့ပါတယ်။ အဲဒီနေရာမှာ အနည်းဆုံး အသက် ၂၀ ဝန်းကျင်အရွယ် မိန်းကလေး ၂ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၁ ဦးကတော့ အရမ်းကြောက်ရာက နှလုံးဖောက်သွားခဲ့တာပါ။ ပေါက်ကွဲမှု အကြောင်းရင်းကိုတော့ ဆက်လက် စုံစမ်းနေပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေကတော့ ငလျင်လှုပ်ရာက ဓာတ်ငွေ့ ယိုစိမ့်ပြီး ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ဖော်ပြနေပါတယ်။

ကူမာမိုတို အနှံ့အပြားက ဆေးရုံတွေမှာတော့ ငလျင်နဲ့ ဆက်စပ်ပြီး ဒဏ်ရာရသွားသူ အများအပြားကို လက်ခံ ကုသပေးနေပါတယ်။ ငလျင်ကြောင့် ဒေသတွင်းက ဆေးရုံဆေးခန်း ၄၃ ခုထက် မနည်းမှာလည်း ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။