ချမ်းငြိမ်း
ဒဏ်ရာတွေကို ဆေးကြောဖို့
သွေးတွေကို ဖောက်ထုတ်ရင်း
ညတွင်းကြီးဆီ
သူတို့ ခုန်ဆင်းသွားကြတယ်။
ရောင်စဉ်တန်းတွေ လှိုက်ကနဲ
လကို ထိုးခွဲသွားတဲ့ ကျည်ဆန်ရှေ့မှာ
အသက်တချောင်းကို ဒိုင်းလုပ်
အမှောင်ကို ခုန်အုပ်လိုက်တယ်။
တောင်ပံတွေကို ဖြန့်ရင်း
မီးထဲတိုးဝင်သွားတဲ့ ပိုးဖလံလို
တစုံတရာ လှပဖို့
ကိုယ့်ကိုယ်ကို ပြာချလိုက်ပုံမျိုး။

Public Service Announcement
ဒုန်းစိုင်းနေတဲ့ အဆုပ်နဲ့
ခြေရာပေါ်က ငုတ်လျှိုသွားတဲ့တောင်တန်းမှာ
ဝိဉာဉ်ဟာ ဓားတစင်းအဖြစ်
ညကို ခုတ်ပိုင်းပစ်လိုက်တယ်။
ခင်ဗျားတို့ မြင်လိုက်ကြလား
ဝိဉာဉ်ဓားသွားတလက်ရဲ့
တလက်လက်ထနေတဲ့ အသွားပေါ်က
ပြတ်ကျသွားတဲ့ “ည”ကိုလေ။ ။
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’ချမ်းငြိမ်း’ရေးဖွဲ့တဲ့ “ညနှင့် စီးချင်းထိုးခြင်း” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































