Connect with us

Hi, what are you looking for?

ကဗျာ

‘စစ်ပွဲတွေပြီးရင်’

◼️ယောနသံ

ရဲဘော်လေးရဲ့အလောင်း မြေချအပြီး

ဘုန်းတော်ကြီးက ပြောတယ်

“စစ်ပွဲတွေဖြစ်ရင် …

Public Service Announcement

Public Service Announcement

ယောက်ျားတွေက သေစေနိုင်မယ့်

ရွေးချယ်မူတွေကိုပြုကြပြီး

မိန်းမတွေကတော့

အသက်ရှင်သန်ဖို့ နည်းလမ်းတွေကိုပဲ

တွေးပူကြသတဲ့”။

လမ်းဘေးမှာ မူးလဲ‌နေတဲ့

အမူးသမားတစ်ယောက်က ပြောတယ်

“စစ်ပွဲတွေ ပြီးသွားရင်…

ယောက်ျား‌တွေအတွက်

ကဗျာတွေ ကျန်ရစ်ခဲ့ပြီး

အမျိုးသမီးတွေအတွက်တော့

အိပ်မက်ဆိုးတွေ ကျန်ခဲ့လိမ့်မယ်..” တဲ့ ။

ဈေးထဲက ချိုင်းထောက်နဲ့ အရူးတစ်ယောက်

တွေ့ရာလူ လိုက်ပြော‌နေတယ်…

“စစ်ပွဲတွေက ယောက်ျားတွေကို ပိုလိုအပ်ပြီး

‌ယောက်ျားတွေ စစ်ပွဲကိုအောင်နိုင်ဖို့အတွက်တော့

မိန်းမတစ်ယောက်ရဲ့ အချစ်လိုအပ်တယ်…” တဲ့ ။

သူ့အမေရဲ့လက်ကိုဆွဲကိုင်ရင်း

ကလေးတစ်ယောက်က မေးတယ်

“စစ်ပွဲကြီးပြီးရင် အဖေပြန်လာမှာလား..?” တဲ့ ။

မုဆိုးမတစ်ယောက်က

သူ့ကလေးရဲ့လက်ကို ကျစ်ကျစ်ကိုင်ရင်းပြောတယ်

“ဒါပေမယ့်…

အနာဂတ်အတွက်တော့ မိန်းမတွေကို

ပို လိုအပ်ပါတယ်…” တဲ့။

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘​ယောနသံ’ ရဲ့ “​စစ်ပွဲ​တွေပြီးရင်”ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

Short Story

ကင်မရာမီးပွင့်တွေ တဖျပ်ဖျပ်က သူ့အပေါ်ကို ရမ်းရမ်းကားကား ကျရောက်နေသည်။ မီး‌ခိုးငွေ့လို တိမ်မျှင်တစလို ဒီနေရာကနေ လွင့်မျော ပျောက်ကွယ်သွားလိုက်ချင်သည်။ ဘာတွေမေးနေမှန်း ဘာတွေပြောနေမှန်းမသိလောက် အောင် ရင်တခုလုံး နာကျင်ဆူဝေနေသည်။

ကဗျာ

မေရီသော် မျက်မှောင်ကြီးကြုံ့ပြီး မကြည့်စမ်းပါနဲ့လို့ အားလုံးက ဝိုင်းပြောကြတယ် ဒါဆိုမျက်လုံးတွေကို စုံမှိတ်ထားမှသာရမှာဖြစ်ပြီး Public Service Announcement အဲ့ဒါက ရွေးချယ်စရာ မဟုတ်ခဲ့ဘူး‌ကွယ် နောက်ခံသီချင်းသံလည်း တိတ်ဆိတ်သွားတာ ကြာပြီ ပြတ်သွားတဲ့ဂစ်တာကြိုးလေး သွားရှာဝယ်တဲ့ လူကြုံကလည်း ပြန်မရောက်သေးလို့ နိုင်ငံအနှံ့အပြားက သင်းကွဲတွေ၊ သူရူးတွေ နဲ့...

Short Story

ခပ်တုံးတုံး ကောင်လေးတယောက်ရဲ့ ဘဝထဲကို လက်ကလေးတဘက်လည်း ရောက်မလာရဘူးလို့ ကန့်သတ်ထားတာမျိုးမရှိတော့ ကျနော့်လက်ထဲက ခေါက်ဆွဲခြောက်ဘူးလေးကို ယူပြီး ရေနွေးပူတွေ ငှဲ့ပေးသွားတဲ့ လက်ကလေးပေါ့။ သူ့လက်ထဲမှာလည်း ကော်ဖီခွက်ကလေးနဲ့။

ကဗျာ

ဂနိုက် တကယ်သတ်ဖို့ပြင်ဆင်ပြီးရင် ရှေ့တိုးခဲ့တော့ မင်းတို့သေနတ်ကကျည်ဆံဟာ ငါတို့ကိုမသတ်နိုင်ဘူး ငါတို့ဉီးခေါင်းခွံတွေအောက်မှာ ချစ်ခြင်းမေတ္တာတွေရှိတယ် Public Service Announcement မင်းတို့ပစ်ရင် မင်းတို့သေမယ် ငါတို့ကနောက်ဆုတ်မှာမဟုတ်။ ခုတ်လို့မပြတ်တဲ့ကြိုးဟာ ငါတို့ခေါင်းပဲ ခပ်လို့မကုန်တဲ့ရေဟာ ငါတို့နှလုံးသား မင်းတို့သေရဲလားလို့မေးပြီးပြီ ငါတို့မှာတကယ်မသေတဲ့ခေါင်းတွေရှိတယ် မသတ်ရဲရင် နောက်ကိုရဲရဲဆုတ်လိုက် ငါတို့ဟာ စစ်ချီတေးကို သံပြိုင်အော်ပြီး...