Connect with us

Hi, what are you looking for?

ကဗျာ

‘အချစ်အကြောင်းတွေ မပြောဖြစ်ကြတော့ဘူး’

◼️မေရီသော်

မျက်မှောင်ကြီးကြုံ့ပြီး မကြည့်စမ်းပါနဲ့လို့

အားလုံးက ဝိုင်းပြောကြတယ်

ဒါဆိုမျက်လုံးတွေကို စုံမှိတ်ထားမှသာရမှာဖြစ်ပြီး

Public Service Announcement

Public Service Announcement

အဲ့ဒါက ရွေးချယ်စရာ မဟုတ်ခဲ့ဘူး‌ကွယ်

နောက်ခံသီချင်းသံလည်း

တိတ်ဆိတ်သွားတာ ကြာပြီ

ပြတ်သွားတဲ့ဂစ်တာကြိုးလေး သွားရှာဝယ်တဲ့

လူကြုံကလည်း ပြန်မရောက်သေးလို့

နိုင်ငံအနှံ့အပြားက သင်းကွဲတွေ၊

သူရူးတွေ နဲ့ ဖလော်‌ဆော်ဖာတွေ ပေါင်းပြီး

ဂြိုလ်သားတွေရဲ့အကူအညီနဲ့

ရန်ကုန်မြို့ကြီးကို တည်ထောင်ခဲ့ကြတာ

အခုကျ မြို့ပြကို နာနာကျင်ကျင်

လှမ်းအော်ခေါ်နေတဲ့ သူတို့အသံတွေကို

တောနက်ထဲမှာ

ညမှောင်ပြီဆိုရင် ကြားနေရတယ်

ဘယ်သူမှ မအိပ်ကြတော့ဘူး

ဆယ်စုနှစ်တိုင်းမှာ ကမ္ဘာပျက်တော့မယ်လို့

ထင်ကြတဲ့လူအုပ်ကြီးတွေ ရှိခဲ့ကြတယ်

စစ်ပွဲထဲမှာမို့ မေတ္တာထားဖို့ အရေးကြီးတယ်

စစ်ပွဲထဲမှာမို့ မေတ္တာမထားနိုင်လည်း

အရေးမကြီးလှဘူး

မိုးသည်းသည်းကြီးရွာချလိမ့်မယ်လို့

ဘော့ဘ်ဒိုင်လန်က လေးလံစွာနဲ့ ပြောတယ်

စစ်ပွဲတွေ ပြန်ခေတ်စားလာတဲ့အခါ

လူသားတွေဟာ ခေါင်းထဲမှာတင်

ကိုယ့်ကိုယ်ကို ပြန်ရင်ဆိုင်ဖို့မလိုတော့ပါ

ဘေးထွက်ဆိုးကျိုးအနေနဲ့ အီဗော်လူးရှင်း ၂ ရက် နောက်ကျသွားတယ်

အိမ်ရှေ့မှာ ဖေဖေဟာ ခပ်တည်တည်ကြီးနဲ့

ထိုင်နေတတ်တာကို ငယ်ငယ်ကတည်းက

မှတ်မိခဲ့တယ်

ခွီစရာတွေကုန်သွားပြီလို့ ပြောပြီးနောက်

ဂျူနီယာတယောက်လည်း ဒိုပါမင်လား

ဆာရိုတိုနင်လား တခုခု

ချို့တဲ့သွားလို့ဆိုပြီး

တချိန်လုံး ထိုးအိပ်နေတော့တာ

မျိုးဆက်နဲ့ချီတဲ့ ကျိန်စာစက်ဝန်းဟာ

၂၃ ဒဿမ ၅ ဒီဂရီ စောင်းငန်းငန်းကြီး လည်နေတုန်း

အရာအားလုံးကို ချန်ထားခဲ့ပြီး

အခုချက်ချင်း အာကာသထဲကို

စရိတ်ငြိမ်း ထွက်သွားရမယ်ဆိုရင်ရော

သွားဖြစ်မှာတဲ့လား

ကမ္ဘာဟာ ကိုယ်မရှိမှ ပိုကောင်းလာမယ်ဆိုတာ

သေချာရင်တော့ တမျိုးပေါ့လေ

အခုတော့ ခေါင်းငိုက်စိုက်နဲ့ ထိုင်နေတဲ့

ချစ်သူရဲ့ လက်ဖျားတွေ အေးစက်နေလို့

သေချာဆုပ်ကိုင်ပေးထားတယ်

အချစ်အကြောင်းတော့ မပြောဖြစ်ဘူး။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​ ​မေရီ​သော်’ရေးဖွဲ့ခဲ့တဲ့ “​အချစ်အကြောင်းတွေ မပြောဖြစ်ကြတော့ဘူး” ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

Facebook