Connect with us

Hi, what are you looking for?

ကဗျာ

‘အသေကိုထားခဲ့ အရှင်အတိုင်းပြန်လာ’

◼️ဆူဏီးလ်

သေနေတဲ့

သစ်ခွပင်ပေါ်ကနေရောင်ခြည်ကို

ဖန်ပုလင်းလွတ်တစ်လုံးထဲ တွန်း

Public Service Announcement

Public Service Announcement

တွန်းပို့နေမိတယ်။

လိပ်ပြာကလေးတောင်ပံအောက်မှာ နှင်း

နှင်းကျနေတုန်းပဲ

ဧပရယ်နွေနံနက်ခင်းတွေရယ်။

ဗုံးချခံလိုက်ရသလို

ကစဥ့်ကလျားစစ်မြေပြင်

အစာကောက်ငှက်ကလေးတွေရယ်။

အာလူးခင်းထဲပြေး

ပြေးဝင်နေတဲ့ မီးရထားတစ်စင်းရဲ့

ခေါက်တုံ့ခေါက်ပြန်မီးခိုးတွေရယ်။

လေတိုးမခံတော့တဲ့အရိုးတွေပဲ ရ

ရတဲ့စျေးနဲ့ထုတ်ချင်နေတဲ့

ပေါ်ပီပန်းပင်တွေရဲ့ဖျားနာသံရယ်။

မြေနီလမ်းအတိုင်း ထမ်း

ထမ်းယူလာတယ်

ဖုန်တထောင်းထောင်း လူသေကောင်ရယ်။

သစ်ခြောက်ပင်အောက်ကဇရပ်ထောင့်မှာ ငါ

ငါရောက်နေတာဘယ်နေရာလဲ

မေးခွန်းတွေရယ်။

နေမလား သေမလား

ငါ့ ဦးခေါင်းခွံကိုခြစ်ယူနေတဲ့

ဇွန်းခြစ်သံတွေကြားရတယ်။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ဆူဏီးလ်’ ရေးသားခဲ့တဲ့ “အသေကိုထားခဲ့ အရှင်အတိုင်းပြန်လာ” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

တလမ်းလုံး စကားတခွန်းမှမပြောပဲ မှိုင်လာတဲ့ ကိုလင်း။ အဖွဲ့စည်းကိစ္စတွေ ခေါင်းထဲမရှိ။ သူပြောပြောလာတာ “ငါ ပြန်အဆင်ပြေပါ့မလားကွာ”တဲ့။

ကဗျာ

■ ​နေကြာ (၁)မောင်ရေ…တော်လှန်ရေးသမားတယောက်ရဲ့ခြေထောက်တွေက အသုံးမဝင်ဘူးလို့ဘယ်သူပြောရဲလဲ။အဲ့ဒီခြေထောက်တွေကြောင့်ပဲမောင်ဟာမီးခိုးတွေကြားကနေ အသက်ရှင်ထွက်လာခဲ့တာ။ရွာပျက်တွေကို ဖြတ်ခဲ့တာ။လူတချို့ရဲ့ မျှော်လင့်ချက်ကိုပခုံးပေါ်တင်ပြီး လမ်းလျှောက်ခဲ့တာ။မောင့်ခြေထောက်တွေဟာအိမ်ပြန်လမ်းကို မေ့မထားတဲ့သစ္စာရှိတဲ့ မြစ်နှစ်စင်းလိုပါပဲ။ (၂)မောင်ကစိတ်ညစ်စရာရှိတိုင်းမမနီကို တိုင်ပင်ချင်တယ်ဆိုတော့မမနီလည်း ဒီလိုပါပဲ မောင်။ညဘက်တွေမှာဖုန်းသံလေးတချက်ကို စောင့်ရင်း“ဒီနေ့ သူအဆင်ပြေရဲ့လား” ဆိုတဲ့စိတ်ပူမှုနဲ့ အသက်ရှူနေရတာ။မောင်တို့ခေတ်ကအချစ်တောင် လုံခြုံစွာချစ်ခွင့်မရှိတဲ့ခေတ်မလား။ဒါပေမယ့်မောင်အသက်ရှင်နေသရွေ့မမနီရဲ့ နှလုံးသားထဲမှာအိမ်တလုံးစာ နွေးထွေးမှုတော့အမြဲရှိနေမယ်။ (၃)မောင်ရေ…တနေ့နေ့တော့မှတ်ပုံတင်အစစ်တွေ ပြန်ကိုင်ရမယ့်နေ့လာမယ်။သေနတ်သံတွေ ငြိမ်သွားမယ်။ညမထွက်ရအမိန့်တွေ...

ရသစာတမ်းငယ်

စစ်ရှောင်ခဲ့ကြပြီးသည့်နောက်” ■ ထွင် “သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူသူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း” (အနန္တသူရိယ- မျက်ဖြေလင်္ကာ) Public Service Announcement ‘မေ’ လသည် မြန်မာနိုင်ငံတွင် အပူဆုံးလ ဖြစ်သည်။ သင်္ကြန်ရောက်တိုင်း သင်္ကြန်မိုးရုပ်ရှင်ကို ထုတ်လွှင့်ပြသသကဲ့သို့ ‘မေ’ လ ရောက်တိုင်းလည်း ဆရာဝင်းဖေ၏ ‘မေလလယ်’ ဝတ္ထုတိုလေးကို ဖေ့ဘွတ်တွင်...

ကဗျာ

မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်တင်သစ်’​ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူ​တွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

Facebook