Connect with us

Hi, what are you looking for?

ကဗျာ

‘အလျှံညီးညီး မီးပုံကြီးပေါ်သို့ ဘယ်‌သို့သော နှင်းပွင့် တပွင့်မျှ မကျရောက်နိုင်’

◼️လွန်းညီ
(၀.၁)
ပြာပုံမှ ပြာပုံသို့ ဆိုတဲ့‌ဆိုင်းဘုတ်တွေ့လျှင်
ရှေ့တည့်တည့် ချိုးလိုက်ပါ
(၀.၂)
ဗုံးခွက်ရာ
(မိုင်းဆွဲတိုက်ခိုက်ထားသောကြောင့်
ပေါက်ကွဲထားသောချိုင့်ခွက်များ)ထဲ
နှစ်ဆယ့်နှစ်ဘီးကားတစီး နစ်မြုပ်သည်အထိ
နစ်ဝင်ကျွံကျပုံကို မြင်ရပြီ
(၀.၃)
ဖုန်မှုန့်တလိမ်းလိမ်းနဲ့ လမ်းမများတွင်လည်း
အရောင်မသိသောသဲများ
လူးလွန့်လှုပ်ရှားလျက်ရှိပါသည်
(၀.၄)
ဆောင်းဦးပေါက်လို့မြစ်မကောခင်
စစ်နှင့်ငြိမ်းချမ်းရေးတအုပ် ပြီးအောင်
ဖတ်ရမည်လို့ သူမမြင်
(၀.၅)
ပင်ချင်းယှက်တွယ်နေသော
ထန်းပင်များအား ဦးခိုက်ရန်တွေ့သူမှာ
အေးခဲနေတဲ့စည်ဘီယာစုပ်နေသူတဦး
(၀.၆)
နေရောင်နှင့်နမ်းလုနီးနီး
လမ်းသွယ်တလျှောက်က နေကြာပန်းများမှာ
တပွင့်တည်းမဟုတ်သောလှပခြင်းနှင့်
ခိုက်ခိုက်တုန်ခါနေပုံကို ကိုယ်တွေ့ခဲ့ပေါ့
(၀.၇)
ညီမလေးရေ
အရာရာဟာ သုသာန်တစပြင် ဆိုပေမဲ့
လာခဲ့တုန်းကအတ္တတွေနဲ့အတူတူ
မင်းမပါဘဲ အိမ်မပြန်ရဲဘူး
ဒီလိုနဲ့
ကိုကိုဟာ အလံနှစ်လက်ကိုကျောမှာလွယ်လို့
လမ်းလျှောက်ရင်း လွမ်းခဲ့တယ်။


(ကဗျာခေါင်းစဉ်
*ဆရာဇော်ဇော်အောင်မြန်မာပြန်သည့်
ဆရာKakuan၏ကဗျာစာသား။)


(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွန်းညီ” ရဲ့ “အလျှံညီးညီး မီးပုံကြီးပေါ်သို့ ဘယ်‌သို့သော နှင်းပွင့် တပွင့်မျှ မကျရောက်နိုင်”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

တလမ်းလုံး စကားတခွန်းမှမပြောပဲ မှိုင်လာတဲ့ ကိုလင်း။ အဖွဲ့စည်းကိစ္စတွေ ခေါင်းထဲမရှိ။ သူပြောပြောလာတာ “ငါ ပြန်အဆင်ပြေပါ့မလားကွာ”တဲ့။

ကဗျာ

■ ​နေကြာ (၁)မောင်ရေ…တော်လှန်ရေးသမားတယောက်ရဲ့ခြေထောက်တွေက အသုံးမဝင်ဘူးလို့ဘယ်သူပြောရဲလဲ။အဲ့ဒီခြေထောက်တွေကြောင့်ပဲမောင်ဟာမီးခိုးတွေကြားကနေ အသက်ရှင်ထွက်လာခဲ့တာ။ရွာပျက်တွေကို ဖြတ်ခဲ့တာ။လူတချို့ရဲ့ မျှော်လင့်ချက်ကိုပခုံးပေါ်တင်ပြီး လမ်းလျှောက်ခဲ့တာ။မောင့်ခြေထောက်တွေဟာအိမ်ပြန်လမ်းကို မေ့မထားတဲ့သစ္စာရှိတဲ့ မြစ်နှစ်စင်းလိုပါပဲ။ (၂)မောင်ကစိတ်ညစ်စရာရှိတိုင်းမမနီကို တိုင်ပင်ချင်တယ်ဆိုတော့မမနီလည်း ဒီလိုပါပဲ မောင်။ညဘက်တွေမှာဖုန်းသံလေးတချက်ကို စောင့်ရင်း“ဒီနေ့ သူအဆင်ပြေရဲ့လား” ဆိုတဲ့စိတ်ပူမှုနဲ့ အသက်ရှူနေရတာ။မောင်တို့ခေတ်ကအချစ်တောင် လုံခြုံစွာချစ်ခွင့်မရှိတဲ့ခေတ်မလား။ဒါပေမယ့်မောင်အသက်ရှင်နေသရွေ့မမနီရဲ့ နှလုံးသားထဲမှာအိမ်တလုံးစာ နွေးထွေးမှုတော့အမြဲရှိနေမယ်။ (၃)မောင်ရေ…တနေ့နေ့တော့မှတ်ပုံတင်အစစ်တွေ ပြန်ကိုင်ရမယ့်နေ့လာမယ်။သေနတ်သံတွေ ငြိမ်သွားမယ်။ညမထွက်ရအမိန့်တွေ...

ရသစာတမ်းငယ်

စစ်ရှောင်ခဲ့ကြပြီးသည့်နောက်” ■ ထွင် “သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူသူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း” (အနန္တသူရိယ- မျက်ဖြေလင်္ကာ) Public Service Announcement ‘မေ’ လသည် မြန်မာနိုင်ငံတွင် အပူဆုံးလ ဖြစ်သည်။ သင်္ကြန်ရောက်တိုင်း သင်္ကြန်မိုးရုပ်ရှင်ကို ထုတ်လွှင့်ပြသသကဲ့သို့ ‘မေ’ လ ရောက်တိုင်းလည်း ဆရာဝင်းဖေ၏ ‘မေလလယ်’ ဝတ္ထုတိုလေးကို ဖေ့ဘွတ်တွင်...

ကဗျာ

မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်တင်သစ်’​ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူ​တွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

Facebook