Connect with us

Hi, what are you looking for?

ကဗျာ

‘ကပ်သုံးပါးကောင်’

◼️ဝိယောဂီ

ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ညာနေရတာလောက် ကိုယ့်ကိုယ့်ကိုယ် ညှင်းဆဲမူမြောက်တာ မရှိဘူး
ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်နေမိတာ‌လောက်
ကိုယ့်ကိုယ်ကိုယ် စော်ကားမူမြောက်တာမရှိဘူး။

သူတော်စင် တစ်ပါးလို
ဥပုသ်တစ်ပါတ်ပြည့်အောင် သီးခံဖို့က
ဆယ်ကမ္ဘာလောက် ငရဲမှာ လောင်ကြွမ်းရသလို
မင်းတို့ရဲ့အယူဝါဒစွဲ‌တွေက
ပူလောင်လွန်းလှချည်လား။

ငါ့ ဝိတိုင်ကထွက်တဲ့ မီးခိုးဟာ
ငရဲမီးမဟုတ်ဘူး စုန်းမီး
ငါဟာ လောင်ကြွမ်းနေတာမဟုတ်ဘူး
လောင်မြိုက်နေတာ
ငါဟာ ပူလောင်နေတာမဟုတ်ဘူး
တောက်လောင်နေတာ။

Public Service Announcement

Public Service Announcement

ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်
ပြန်ပြန်ပြုပြင်နေရလို့
အချိန်မအားတဲ့ကောင်တွေက
အရေးထဲဆို..သူများကို
သွားသွား ပြုပြင်ပေးနေရသေးတယ်။

ကိုယ့်ကို မသိတဲ့လူတွေရှေ့မှာ
ကိုယ့်ကိုယ်ကိုယ် မသိချင်ဟန်ဆောင်‌နေ
လိုက်ရတာလောက်
ဘဝမှာ နာကြင်ရတာမရှိဘူး။

ဪ ငါလိုးမရဲ့ ဘဝ။

မတွေ့ချင်ပါဘူးဆိုမှ
မတွေ့ချင်တဲ့ ကောင်မျိုးတွေနဲ့ချည်း
ထိုင်ခုံချင်းကပ်ရပ် လာလာကျတယ်။
မမြင်ချင်ပါဘူးဆိုမှ
မမြင်ချင်တဲ့ ကောင်မျိုးတွေနဲ့ချည်း
ဆံပင်ညှပ်ဆိုင် တစ်ဆိုင်တည်း
အတူထိုင်လျှက်သား လာလာကျတယ်။

အရေးအကြောင်းဆို
ကိုယ့်အသံကိုယ်တောင် ကိုယ်ပြန်ကြားမှာစိုးလို့
နားကြပ်ထဲကနေ တိတ်တိတ်ကလေး
ပြန်နားထောင်နေရတဲ့ကောင်‌တွေကချည်း
အလိုက်ကမ်းဇိုးမသိ
အော် အော် ဆဲ ပေးနေရတယ်။

(The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ’ဝိယောဂီ’ရေးဖွဲ့တဲ့ “​​​ကပ်သုံးပါးကောင်”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “ The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ငြိမ်းကိုငြိမ်း ဆိုင်ပူးက ငါးတန်းကျောင်းသူ။ ငါးတန်းမှာရှိတာက ယောကျာ်းလေး တယောက် မိန်းကလေး လေးယောက်။ အဲ့ငါးယောက်ထဲမှာမှ သူကစာအတော်ဆုံးလို့ပဲ ပြောရမယ်။ မနှစ်က လေးတန်းတုန်းကလည်း ဆုပေးပွဲမှာ ပထမဆုရထားတာ။ စာသင်တဲ့အခါတိုင်း ဘာသာရပ်တိုင်းကို အမြဲအာရုံစူးစိုက်သင်ယူလေ့ရှိတဲ့ ကလေး။ စကားကို အမြဲနားထောင်ပြီး ပြောသမျှကိုလည်း ဂရုတစိုက်အမြဲနာခံတတ်သူ။ ချစ်တာပေါ့...

ကဗျာ

မောင်တင်သစ် ငါ့ဌာနေကသစ်ပင်တွေအိုပြီအိုပေမင့်ရှင်နေသမျှခြမတက် ဖေ၁၁၂၆ . Public Service Announcement . . (The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ’​မောင်တင်သစ်’ ရေးဖွဲ့တဲ့ “​​​ရှင်​နေသမျှ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “ The Call – ​ခေါ်သံ”...

ဝတ္ထုတို

အဲဒီနေ့က အဲဒီနေရာမှာ သူမကိုစောင့်ရင်း အဲဒီအပင်အကြောင်း အတွေးက ခေါင်းထဲ ရုတ်တရက်ကြီး ပေါ်လာခဲ့တယ်။ အဲဒီနေ့က တနင်္လာနေ့လား၊ အင်္ဂါနေ့လား ဒါမှမဟုတ် အခြားနေ့တခုခုလား သူသေချာမမှတ်မိပေမယ့် အဲ ဒီနေရာကိုရောက်ပြီး သူမကိုဘာကြောင့် စောင့်နေခဲ့ရတာလဲ ဆိုတာကိုလည်း သူ ဝေဝေဝါးဝါးဖြစ်နေမိတယ်။

ကဗျာ

ညီ Z အဲဒီနေ့ မနက်မှာတင်နိုင်ငံရေးဆို လေသံတောင် မဟနဲ့ ဆိုတဲ့ငါ့အဖွားလေးကို မုန်းမိတာပဲ ။ သူတို့က ခဏထိန်းရုံပါဆိုတဲ့ ဦးလေးကိုလည်းငါ မျက်မှောင်ကုပ် ကြည့်မိ ။ အလကား မင်းမဲ့စရိုက်တွေဆူပူနေကြတာ ဆိုတဲ့မြေညီထပ်က ရပ်ကွက်လူကြီးကိုလည်းအဲဒီ မနက်ကတည်းက ငါနှုတ်မဆက်တော့ဘူး ။ Public Service...

Facebook