▪︎ဂျွန်မိုးရေ
ဆူးလေမှာ ဓာတ်ဖမ်းတယ်
Focus က မပြတ်ဘူး။
အင်းလျားမှာ ဓာတ်ဖမ်းတယ်
Focus က မပြတ်ပြန်ဘူး။
ငါ ညစ်နေတာ ဒီမနက် အိပ်ယာထမှတဲ့လား
ရန်ကုန်မှာ ရန်မကုန်သမျှတော့
ရန်ကုန်ဟာ သူပုန်
မြို့လုံးကျွတ် သူပုန်။

Public Service Announcement
သေနတ်မှမရှိရင် အသက်မရှိတတ်တဲ့ကောင်တွေက
ထ ထ ဟောင်တယ်
နွေဦးကို သွေးကြောင်မယ် အထင်နဲ့။
ဒင်းတို့ရဲ့ဟောင်သံတချက်တိုင်းမှာ
ငါတို့က အောင်လံထူတော့
ကြိုးတွေသာ ဆွေးသွားမယ်
ဒေါက်ဖြုတ်လဲ
အောက်ပြုတ် မကျခဲ့ဘူး။
ကျည်တွေသာ အသွားမယ်
မောင်းဖြုတ်လဲ
နောက်မဆုတ်ခဲ့ကြဘူး။
ကြယ်မှန်ရင် သွေးမကြဲတတ်တာမို့
ခြွေတိုင်းမကြွေ
ခြေတိုင်း မကြေ၊
ခြွေသမျှ ဝေပြနေတဲ့ ကြယ်တွေကို
အာဇာနည် ကဗ္ဗည်းထိုးဖို့
ကြယ်တွေရဲ့အမည်ကို ရေရွတ်
နွေဦးရဲ့ ဂုဏ်တော်မှာ
ငါတို့ Focus ဖြတ်ကြမယ်။ ။
(The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ’ဂျွန်မိုးရေ’ ရေးဖွဲ့တဲ့ “ကဗျည်းထိုးရမယ့်ကြဲတွေ”ကဗျာ ကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

















































