Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

ရဲဘော်တွေ စားရမယ့် ထမင်းတနပ် The Legend of Kitchen Soldier(၂၀၂၆)

ဂန်လင်းစစ်စခန်းကို စစ်သားသစ်တစ်ယောက် ရောက်လာခဲ့တယ်။သူ့နာမည်က ကန်ဆောင်ဂျေးတဲ့။စခန်းရောက်မှသူ့နောက်ကြောင်း သိရတာက သူက စစ်သင်တန်းမှာ ထူးချွန်ထက်မြက်တဲ့ရဲဘော်သစ်တစ်ယောက် ဖြစ်ခဲ့ပေမယ့် ဂိမ်းစွဲနေပါသတဲ့။

-ဝဇီရာ/People’s Spring

ဂန်လင်းစစ်စခန်းကို စစ်သားသစ်တစ်ယောက် ရောက်လာခဲ့တယ်။သူ့နာမည်က ကန်ဆောင်ဂျေးတဲ့။စခန်းရောက်မှသူ့နောက်ကြောင်း သိရတာက သူက စစ်သင်တန်းမှာ ထူးချွန်ထက်မြက်တဲ့ရဲဘော်သစ်တစ်ယောက် ဖြစ်ခဲ့ပေမယ့် ဂိမ်းစွဲနေပါသတဲ့။

သူရောက်လာတဲ့ စစ်စခန်းမှာကလည်း ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ပါ။ အဓိက ကစခန်းက စားဖိုမှူးလက်ရာက အတော်ကို ဆိုးရွားနေတဲ့ပြဿနာပါ။ စားဖိုမှူးက ချက်ပြုတ်ရမှာထက် ကြွက်သားတက်ဖို့ကိုပဲ စိတ်ဝင်စားပြီး ဟင်းချက်လုံးဝမတတ်တဲ့သူ ဖြစ်တာကြောင့် စခန်းက စစ်သားတွေဟာ အစားအသောက်ဆိုးရွားတဲ့ ဒုက္ခကို ခံစားနေရတာပါ။ ဆောင်ဂျေးကို အဲဒီစားဖိုချောင်ဆီကို တာဝန်ချထားပေးလိုက်တယ်။

​ထူးခြားတာက အဲဒီစားဖိုချောင်ကို ရောက်တဲ့နေ့မှာပဲ ဆောင်ဂျေးရဲ့ မျက်စိရှေ့မှာဂိမ်းတွေထဲကလို လျှို့ဝှက်ဆန်းကြယ်တဲ့ ဂိမ်းစခရင်တစ်ခု ရုတ်တရက် ပေါ်လာပါတော့တယ်။ အဲဒီစခရင်ကနေ သူ့ကို စစ်တပ်ရဲ့ ဂန္ထဝင်စားဖိုမှူးတစ်ဦး ဖြစ်လာစေမယ့် မစ်ရှင်တွေ တစ်ခုပြီးတစ်ခု ပေးအပ်ပါတော့တယ်။ ဆောင်ဂျေးဟာ ဟင်းချက်အတွေ့အကြုံ သိပ်မရှိပေမယ့် ဂိမ်းမစ်ရှင်တွေကို တစ်ဆင့်ချင်းအောင်မြင်အောင်ချက်ပြုတ်ပါတော့တယ်။

Public Service Announcement

Public Service Announcement

ဆောင်ဂျေးက ပြောတယ်။ “စေတနာပါပါနဲ့ ချက်ထားတဲ့ အစားအသောက်​​တွေက လူတွေရဲ့စိတ်နှလုံးကိုမလှုပ်ခတ်ဘဲမနေနိုင်တာပဲ”တဲ့။

ဒီဇာတ်လမ်းတွဲမှာ အစားအသောက်နဲ့ လူရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာအခြေအနေ ဆက်စပ်မှုတွေ၊ ရဲဘော်တွေအတွက် အစားအသောက်ဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာတွေကို ရိုက်ပြသွားခဲ့တယ်။

ဒီဇာတ်ကားနဲ့ ဆက်စပ်ပြီး တော်လှန်ရေးအဖွဲ့တွေဆီက စားဖိုမှူးတွေကို မြင်ယောင်မိတယ်။တော်လှန်ရေးကာလမှာ စားဖိုမှူးတွေရဲ့အခန်းကဏ္ဍကလည်း အတော်လေး အရေးပါပါတယ်။ ကျွန်တော်တို့ မိသားစု သုံးလေးယောက်စားမယ့် ထမင်းဝိုင်းအတွက် တစ်ရက်တစ်ရက်စီမံရတဲ့သူတွေ ခေါင်းအတော်ခြောက်ရတာ တပ်ဖွဲ့တစ်ဖွဲ့အတွက် လူရာချီစားဖို့ စီမံရတာ လွယ်တဲ့အလုပ်မဟုတ်ပါ။

ရလာတဲ့အလှူငွေလေးတွေနဲ တိုင်းထွာပြီးရအောင်စီမံချက်ပြုတ်ရ၊ စစ်ကောင်စီရဲ့ ရိက္ခာဖြတ်ပိတ်ဆို့မှုတွေကြားမှာ ရအောင် ဝယ်ခြမ်းပြီး စီစဥ်ရနဲ့ သာမန်လူတွေလုပ်ဖို့ မလွယ်လှပါ။

တနေ့ကပဲ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အခြေစိုက်ထားတဲ့ အညာမြေတပ်ပေါင်းစုက နွေဦးမြိုင် ရေးသားထားတဲ့ တော်လှန်စားဖိုမှူးတွေအကြောင်းစာစု ဖတ်လိုက်ရပါတယ်။

တော်လှန် စားဖိုမှူးတွေရဲ့ လက်ရာဟာ တပ်ဖွဲ့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားဆေးတဲ့။ စားဖိုမှူးတွေဟာ အသံတိတ်နည်းနဲ့ တော်လှန်ရေးမှာ ပါဝင်နေကြသူတွေတဲ့။ စစ်ကောင်စီရဲ့ ဒရုန်းတွေ၊ ကင်းထောက်တွေ မမြင်အောင် မီးခိုးမထွက်ဘဲ ချက်ရတဲ့ အတတ်ပညာကိုလည်း တတ်မြောက်ကြပါသတဲ့။ လေယာဉ်သံ၊ဗုံးသံတွေကြားမှာ ရဲဘော်တွေ ထမင်းမငတ်ရအောင် ချက်ပြုတ်ကြပါသတဲ့။

ဇာတ်ကားထဲမှာ တပ်ရင်းမှူးပြောသွားတဲ့စကား မှတ်သားစရာကောင်းပါတယ်။ “စစ်တပ်ရဲ့အခြေခံခွန်အားက အစားအစာပဲ။ စစ်သားတွေက ဒီနေ့တစ်ရက်တာ ဟင်းလျာတွေက ဘာတွေဖြစ်မလဲဆိုပြီး စဥ်းစားရင်း စိတ်ဓါတ်အတက်အကျ ဖြစ်ကြတာကို အဲဒါ​​လေးတောင်ဂရုမစိုက်နိုင်ဘူးလား”တဲ့။ ကျွန်တော်တို့ရဲဘော်တွေ ချို့ငဲ့လှတဲ့ ထမင်းအနပ်ပေါင်းများစွာနဲ့ ဘယ်လိုများ ရှေ့ဆက်နေရပါလိမ့်….

ဆက်စပ်သတင်းများ

ရုပ်ရှင်ခံစားမှု

ဒီတစ်ပတ်တော့ ကြည်မိတဲ့ တောင်ကိုရီးယားစီးရီး the Scarecrow ထဲက ဇာတ်ကောင်တချို့အကြောင်း စိတ်ထဲရှိနေမိတယ်။ ဒီဇာတ်လမ်းတွဲက ပြီးခဲ့တဲ့ ဧပြီနဲ့ မေလက ထုတ်လွှင့်ပြသခဲ့တာမို့ အတော်များများ ကြည့်ပြီးကြပါပြီ။ ဒီဇာတ်ကားဟာ တချိန်က တောင်ကိုရီးယားနိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဟွာဆောင်းကွင်းဆက်လူသတ်မှုဖြစ်စဥ်ကို အခြေခံပြီး ဇာတ်အိမ်တည်ဆောက်ထားတာပါ။ ဒီဖြစ်ရပ်ကိုပဲ မှီငြမ်းပြီး...

ရုပ်ရှင်ခံစားမှု

အသက် ၁၀ နှစ်အရွယ် ကလေးမ လေးချိဟိရို ဟာ မိဘတွေနဲ့အတူ မြို့သစ်ဘက်ကို ကားလေးတစ်စီးနဲ့ ပြောင်းရွှေ့လာခဲ့တယ်။ ကားကိုမောင်းတဲ့သူ့ဖေဖေဟာ လမ်းမှားပြီး ဆန်းကြယ်တဲ့ လိုဏ်ခေါင်းတစ်ခုထဲသို့ ရောက်ရှိသွားခဲ့တယ်။အဖေကောအမေပါ လိုဏ်ခေါင်းထဲဝင်ပြီး စပ်စုကြတော့ သူလည်း ကြောက်ကြောက်နဲ့ လိုက်ခဲ့ရတယ်။

ရုပ်ရှင်ခံစားမှု

ကျမနာမည် ယဲ့ရှုးရိုပါ။ မြေပိုင်ရှင် သူဌေးသမီးလေးတစ်ယောက်ပေါ့။ သူနဲ့စဆုံတုန်းက သူကော ကျမပါ အသက် ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ မှတ်မိပါသေးတယ်။ အဲဒီအချိန်က ဂျပန်ကိုတိုက်ထုတ်ပြီးချိန် ကျမတို့ရွာမှာ ဘုရားပွဲတွေ ပြန်ကျင်းပတော့ အလှည့်လှည့်ချိန် ကျမက ရှေ့ဆုံးကနေ အလံကိုင်ရတယ်။ အဲဒီလို အလံကိုင်ပြီး လှည့်ချိန်မှာ...

ရုပ်ရှင်ခံစားမှု

ဖူတာဘဟာ သမီးဖြစ်သူ အဇူမီနဲ့ ရုန်းကန်နေရတဲ့ တစ်ကိုယ်တည်း မိခင်တစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူက ဆုံးသွားတာတော့ မဟုတ်ဘူး။ လုံးဝအဆက်အသွယ်မရဘဲ ပျောက်ခြင်းမလှ ပျောက်သွားခဲ့တာ။ ဒါပေမယ့် ဖူတာဘဟာ စိတ်ဓါတ်ကြံ့ခိုင်လှပါတယ်။

Facebook