Connect with us

Hi, what are you looking for?

ကဗျာ

“စစ်နဲ့ ငြိမ်းချမ်းရေးဆုံမှတ်”

စစ်နဲ့ ငြိမ်းချမ်းရေးဆုံမှတ်က

အိမ်က ဘုရားစင်ပဲလို့

ကျနော်ပြောတိုင်း

အမေက သိပ်စိတ်ဆိုးတယ်

◼️မောင်မိုးအေး

စစ်နဲ့ ငြိမ်းချမ်းရေးဆုံမှတ်က

အိမ်က ဘုရားစင်ပဲလို့

ကျနော်ပြောတိုင်း

Public Service Announcement

Public Service Announcement

အမေက သိပ်စိတ်ဆိုးတယ်

အမေသိပ်ကြိုက်တဲ့

ဘုရားပန်းအိုးမျိုးဆိုတာ

ကြေးရောင် ဝင်းပြောင်နေမှ

အမေဟာ ဒီလိုကျည်ခွံဟောင်းတွေနဲ့

ဘုရားပန်းကပ်ပြီး

ဟေတုပစ္စယောကစလိုက်တယ်

အရပ် ၈ မျက်နှာကိုပတ်ပြီး

မေတ္တာပို့တယ်

အယုတ်အလတ်အမြတ်မရှိ

အကြားအလတ်မရှိ

အားလုံးဆီအရောက်ပို့တဲ့

အမေ့မေတ္တာက ပို့ယမ်းမှမလိုပဲ

ပန်းအိုးမဖြစ်ခင်က

ခဲယမ်းအိုးကြီးကရော

အယုတ်အလတ်အမြတ်

ရွေးခဲ့ပါသလား

ကလေး လူကြီး

ကွေကွင်းခဲ့ပါသလား

ခုတော့ဒင်းတို့က

အိမ်က ဘုရားစင်

စစ်နဲ့ ငြိမ်းချမ်းရေးဆုံမှတ်မှာ

မိန့်မိန့်ကြီး ဝင်းပြောင်လို့

ဘုရားပန်းအိုးဘွဲ့ခံ

ငြိမ်းချမ်းအိုးကြီးပေါ့

သေချာကြည့်ပါ

ခင်ဗျားတို့လည်း မြင်ရမယ်

စစ်နဲ့ ငြိမ်းချမ်းရေးဆုံမှတ်မှာ

သေမင်းလက်ကြားက

ပွင့်နေတဲ့ပန်းတွေ

မေတ္တာတရားတွေ

သစ္စာတရားတွေ

၇၅ မမတွေ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’​​​​​​​မောင်မိုး​အေး’ရေးဖွဲ့တဲ့ “​​စစ်နဲ့ ငြိမ်းချမ်းရေးဆုံမှတ်” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

သတင်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း...

နိုင်ငံတကာ

အီရန်ဖက်က ပေးပို့ထားတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက် အသစ်ဟာ စိတ်ကျေနပ်စရာ မရှိဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကိစ္စ ပါကစ္စတန် နိုင်ငံဆီ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ့် အစီအစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ဖျက်လိုက်ပါတယ်။