Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖြစ်ရင်တောင် တိုက်ခိုက်မှုတွေ ရပ်ထားမှာ မဟုတ်ဘူးလို့ ရုရှားပြော

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ဓာတ်ပုံ - Ukrmedia

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက နှစ်နိုင်ငံကြား စစ်ပွဲကို ရပ်စဲနိုင်ဖို့အတွက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ ဆွေးနွေးလိုကြောင်း ပြောကြားခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့မှာပဲ ဆာဂျီလက်ရော့ဗ်က အခုလို တုံ့ပြန် မှတ်ချက် ပေးခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန် အစိုးရ စေလွှတ်တဲ့ ကိုယ်စားလှယ် အဖွဲ့တစ်ခုဟာ ရုရှားရော၊ ယူကရိန်းကိုပါ သွားရောက်ပြီး စစ်ပြေငြိမ်းရေး ဖြစ်နိုင်ခြေ အလားအလာတွေကို ညှိနှိုင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ထင်ရှားတဲ့ တိုးတက်မှုမျိုးတော့ မတွေ့ခဲ့ရပါဘူး။

ရုရှားဟာ ညှိနှိုင်းမှုတွေအတွက် အဆင်သင့် ဖြစ်နေကြောင်း၊ ဒါပေမဲ့ အဲဒီလို ညှိနှိုင်းဆွေးနွေးမှုတွေ ဖြစ်မြောက်ခဲ့ရင်တောင် စစ်ပွဲကတော့ ရပ်တန့်နေမှာ မဟုတ်ကြောင်း လက်ဗ်ရော့ဗ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အပစ်ရပ် ကာလတွေနဲ့ ပတ်သက်လို့ အရင်က ရခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး အခုလို ဆုံးဖြတ်ထားတာလို့လည်း သူက ဆက်ပြောပါတယ်။ အရင်က ရုရှားနဲ့ ယူကရိန်းတို့ကြားမှာ ရက်ပိုင်းလောက် အပစ်ရပ် ကာလတွေ ရှိခဲ့ဖူးပေမယ့် ကတိချိုးဖောက်ကြောင်း နှစ်ဖက်စလုံးက စွပ်စွဲခဲ့ကြပါတယ်။

ဇီလန်စကီးက သူဟာ ဒီဇင်ဘာလကျရင် အမေရိကန်နိုင်ငံ၊ မီယာမီမြို့မှာ ကျင်းပမယ့် G20 ညီလာခံမှာ ပူတင်နဲ့ တွေ့ချင်တယ်လို့ ကမ်းလှမ်းထားပေမယ့် လက်ဗ်ရော့ဗ်ကတော့ နှစ်ဖက် ထိပ်သီး တွေ့ဆုံမှုဟာ ရုရှား ကြိုတင် သတ်မှတ်ထားတဲ့အတိုင်း မော်စကိုမြို့တော်မှာပဲ ဖြစ်နိုင်လိမ့်မယ်လို့ တုံ့ပြန်သွားပါတယ်။

ရုရှားအစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်လည်း အခုကိစ္စကို ပြောထားပြီးသားလို့ သူထင်ကြောင်း၊ ဇီလန်စကီးဆီ ရုရှားဖက်က ဖိတ်ကြားမှုတစ်ခု ပေးပို့ထားကြောင်း၊ သူက တကယ်တွေ့ချင်ရင် မော်စကိုဆီ သူလာသင့်ကြောင်း လက်ဗ်ရော့ဗ်က ဆိုပါတယ်။

ယာယီ အပစ်အခတ် ရပ်စဲရေး၊ ဒါမှမဟုတ် ကြားနိုင်ငံ တစ်ခုခုမှာ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံရေး ဆိုတာတွေ မှန်သမျှကို ပယ်ချခဲ့ပေမယ့် ရုရှားဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုနဲ့ ပတ်သက်ရင်တော့ ကောင်းမွန်တဲ့ သဘောထား ဆန္ဒမျိုးကို ပြသလိုကြောင်း လက်ဗ်ရော့ဗ်က ပြောကြားသွားပါတယ်။

၂၀၂၂ ဖေဖော်ဝါရီလမှာ ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးနောက်ပိုင်း ဇီလန်စကီးနဲ့ ပူတင်ကြား လူချင်း မတွေ့ဆုံခဲ့ဖူးပါဘူး။ ဇီလန်စကီးက ပူတင်နဲ့ တွေ့ဆုံဖို့ ဆန္ဒရှိတာ မှန်ပေမယ့် မော်စကိုမှာ သွားတွေ့မယ့် အခြေအနေမျိုးကိုတော့ ပယ်ချထားပါတယ်။

ကိုးကား: Kyiv Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

ရုရှားက အသုံးပြုလာတဲ့ ဂျက်အင်ဂျင်တပ် ဖောက်ခွဲရေး ဒရုန်းတွေဟာ ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေကို အကျပ်ရိုက်နေစေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒီဇိုင်းတည်ဆောက်ပုံက ဒရုန်းနဲ့တူနေတဲ့ ဒရုန်းတစ်ပိုင်း၊ ဒုံးကျည်တစ်ပိုင်း ခရုစ်ဒုံးကျည် အမျိုးအစားသစ်တွေကို အီဂျစ်မှာ ကျင်းပတဲ့ လေကြောင်းနည်းပညာ ပြပွဲမှာ ရုရှားက ပွဲထုတ် ပြသလာခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံက ရေခဲတောင် တစ်ခုမှာ ဆီးနှင်းပြိုကျမှုကြောင့် တောင်တက်သမား ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။