Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

“ဘာတွေသယ်ပိုးသွားကြမလဲ”102 Not Out (2018)

အမီတာဘဂျန်က အသက် ၁၀၂ အရွယ် အဘိုးကြီးတစ်ယောက်ပါ။ သူ့မှာ အသက် ၇၅ နှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။ ဘာဘူလားလ်တဲ့။ သားဖြစ်သူ ဘာဘူလားလ်ဟာ ဖခင်ထက်ကို ပိုပြီးအိုစာတယ်။ အရာရာကို စိုးရိမ်ပူပန်တတ်သူပါ။ ဘာဘူဟာရှင်ဖို့ရော သေဖို့ပါ ကြောက်ရွံ့နေတဲ့သူတဲ့။

ဝဇီရာ/People’s Spring

အမီတာဘဂျန်က အသက် ၁၀၂ အရွယ် အဘိုးကြီးတစ်ယောက်ပါ။ သူ့မှာ အသက် ၇၅ နှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။ ဘာဘူလားလ်တဲ့။ သားဖြစ်သူ ဘာဘူလားလ်ဟာ ဖခင်ထက်ကို ပိုပြီးအိုစာတယ်။ အရာရာကို စိုးရိမ်ပူပန်တတ်သူပါ။ ဘာဘူဟာရှင်ဖို့ရော သေဖို့ပါ ကြောက်ရွံ့နေတဲ့သူတဲ့။

ဖခင်ကတော့ သူနဲ့ဆန့်ကျင်ဘက်။ အသက်ကသာ ၁၀၂ နှစ်။ စိတ်ပိုင်းဆိုင်ရာအသက်ကတော့ ၂၆ နှစ်။တနေ့တော့ ဖခင်က ဖွင့်ဟလာတယ်။ တရုတ်က သက်တော်ရှည်အဘိုးကြီးထက် ဂင်းနစ်စံချိန်ဝင်အောင် ကြိုးစားမယ်တဲ့။ သူ့သားကိုတော့ ဘိုးဘွားရိပ်သာပို့မယ်တဲ့။

ဖအေက သားကို ဘိုးဘွားရိပ်သာပို့မယ်ဆိုတော့ ဘာဘူ ဟာကနဲ ဖြစ်သွားတယ်။ သူက အိပ်ခန်း ခန်းဆီးလေးပြောင်းတောင် အိပ်ပျော်တာမဟုတ်ဘူးတဲ့။ မအိမ်သာက ကြွေပြားတွေလဲလိုက်တုန်းက ၆ လလောက်ဝမ်းချုပ်သွားတယ်ဗျာတဲ့။ အခု
နေရာကြီးတစ်ခုလုံး ပြောင်းတော့မလို့လားတဲ့။

Public Service Announcement

Public Service Announcement

နောက်ဆုံးတော့ ဘိုးဘွားရိပ်သာမသွားချင်ရင်၊ ဒီအိမ်မှာဆက်နေချင်သေးရင်တော့ ငါ့ဆီဘာဘူအ
သစ်တစ်ယောက် ယူလာပေးရမယ်တဲ့။ ဘယ်လိုလဲဆိုတော့ သူခိုင်းတဲ့ ချဲလင့်တွေ လုပ်ပြရမယ်တဲ့။

ဘာတွေပါလိမ့်။ နံပါတ်တစ်။ ရည်းစား စာရေးရမယ်တဲ့။ ကွယ်လွန်သွားပြီဖြစ်တဲ့မိန်းမဆီ ဘာဘူ စိတ်ပါလက်ပါ ကြိုးစားပြီး ရေးပါတယ်။ ဖအေကဖတ်ပြီးသွားတော့ အောင်မှတ်ပေးပါတယ်။ ဘာဘူ စာရေးလိုက်တာ စိတ်တွေလှုပ်ရှားသွားပါသတဲ့။

နောက်တဆင့်က ပြနေကျ ဆရာဝန်ဆီသွားဖို့ပါ။ အဲဒီဆရာဝန်ဆီကနေ ပြန်လာရင် ဆရာဝန်ဆီ ဖုန်းပြန်ဆက်ရမယ်တဲ့။ ဘယ်လိုပြောရမလဲ ဆိုတော့ ဆေးခန်းမှာ ပိုက်ဆံအိတ် ကျန်ခဲ့ပါတယ်တဲ့။ ပိုက်ဆံက ၂၅၀ လောက်နဲ့ အရေးကြီး စာရွက်စာ
တမ်းတွေ ပါပါတယ်ပေါ့။ နက်စ်မကိုပေးလိုက်ပါ ညနေကျလာယူမယ်လို့ ပြောခိုင်းတာ။ ပိုက်ဆံအိတ် တကယ်မကျန်ခဲ့ဘဲ ကျန်ခဲ့တယ်ပြောရမှာတဲ့။ ဘာဘူ နားမလည်နိုင်ဘူး။ သူကမရှိဘူးပြောရင် “ကျနော်ကတော့ ဒေါက်တာကိုလေးစားလိုက်ရတာ။ ပိုက်ဆံရာကျော်လေးနဲ့ မခိုးသင့်ပါဘူး”လို့ ပြောရမယ်ဆိုပြီး သင်ပေးတယ်။ ဘာဘူဒေါပွသွားပြီ။ ပြနေကျသူ့ ဆရာဝန်ကိုဒီလိုပြောခိုင်းရပါ့မလားဆိုပြီး။

ဖအေက ရှင်းပြတယ်။ သူနဲ့ဒေါက်တာ ပြတ်သွားစေချင်လို့တဲ့။ ဘာမှမဖြစ်ဘဲ ဒေါက်တာ့ဆေးခန်း ခဏခဏသွားနေလို့တဲ့။ ဒီတိုင်းမပြနဲ့တော့ ပြောလည်း ရနေတာပဲလို့ ဘာဘူက ပြောတယ်။ ဖအေက ဟုတ်ပြီဆိုပြီး စာအုပ်ထဲရေးမှတ်တယ်။ ဆေး
ခန်းလာမပြရတဲ့။ လက်မှတ်ထိုးခိုင်းတယ်။ လိုအပ်ရင်လာပြပေးမယ်တဲ့။

နောက်တဆင့်သတ်မှတ်ချက် လာပါပြီ။ ဘာဘူမှာ စောင်ကလေးတစ်ထည်ရှိတယ်။ ဘာဘူဆယ်နှစ်သားတုန်းက မိဘတွေနဲ့ ကက်ရှ်မီးယားကိုသွားတယ်။ အဲဒီကနေ စောင်လေးတစ်ထည်ပါလာတယ်။ အဲဒီစောင်လေးကို ဘာဘူကြိုက်လို့ အိပ်လိုက်တာ ခုဆို နှစ်ပေါင်း ၆၅ နှစ်ရှိပါပြီ။ အဲဒီစောင်မပါရင် ဘာဘူအိပ်လို့မရဘူး။ အဲဒီစောင်ကို ခဏလောက်ဖွက်ထားလိုက်တာ ဘာဘူ ငရံ့ပြာလူးဖြစ်သွားတယ်။

တတိယ ချဲလင့်ကတော့ အဲဒီစောင်လေးကို ဖြဲရမှာပါတဲ့။ ဘာဘူဟာ အဟောင်းတွေကိုတွယ်တာနေတော့ အသစ်ကို ဘာမှ ခေါင်းထဲမထည့်တော့ဘူးတဲ့။ ဘာဘူ စောင်ကလေး ဖြဲနိုင်ပါ့မလား။

လေးခုမြောက် ချဲလင့်ကတော့ မွန်ဘိုင်းတစ်မြို့လုံး လှည့်သွားပါတဲ့။ ဘာဘူမြို့ထဲပတ်သွားရင် ငယ်ဘဝနဲ့ သူ့သားနဲ့ပတ်သက်တဲ့ အမှတ်တရတွေ ပြန်ပေါ်လာပြီး ရင်တွေနွေးသွားခဲ့တယ်။ သားက ဘာဘူတို့နဲ့အဝေးကြီး။ အမေရိကားမှာလေ။ ဖခင်ရဲ့စကားကတော့ “ကျေးဇူးမသိတတ်တဲ့သားသမီးရှိရင် သူ့ကိုမေ့ပစ်ပြီး ကလေးဘဝကိုပဲ ပြန်သတိရပါ”တဲ့။

ငါးခုမြောက်ချဲလင့်က မိဘကိုပစ်ထားပြီး အမွေပဲလိုချင်နေတဲ့ဘာဘူ့​သားကို မေ့ပစ်လိုက်ဖို့ပါ။ ဖခင်ကြီးသဘောထားက ရှင်းပါတယ်။ သူ့သားကို လွတ်မြောက်စေချင်တာ။ သူ့ဘဝကြီးကိုမေ့ထားပြီး သူ့ကိုလှည့်မကြည့်တဲ့ အဝေးက သားရဲ့မိသားစုကိုပဲမျှော်နေတာကိုဖခင်ကြီးက ပြောင်းလဲ
ပေးချင်တာ။ “ငါ့သားကို သူ့သားက မနိုင်စေရဘူး”တဲ့။

ဘာဘူက ဘယ်လိုထင်သွားလဲဆိုတော့ ဒီအိမ်ကြီးကို ဖခင်ကြီးက သူ့သားကို အမွေ မပေးချင်လို့ ညစ်နေတာလို့ ထင်သွားတာ။ ဖအေကိုတောင် ဘာဘူပြန်ပြောမိတယ်။ ဒီအိမ်က ကျွန်တော်နဲ့လည်းဆိုင်တယ်။ တရားရုံးထိတက်မှာနော်တဲ့။ ဖခင်ကြီး မျက်ရည်ဝဲခဲ့ရတယ်။ သားတွေအတွက် သားအဖနှစ်ယောက်ရဲ့တိုက်ပွဲဟာ ပြင်းထန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သားဖြစ်သူဘာဘူတစ်ယောက် သူ့ဖေဖေသင်ပြပေးခဲ့တဲ့ ပျော်ရွှင်နည်းကို သိသွားခဲ့ပါတယ်။

လူ့ဘဝမှာ အတိတ်တွေထဲမှာပိတ်မိပြီး ရှင်သန်နေခဲ့ကြသူတွေရှိတယ်။ တိုက်ဆိုင်မှုတွေရှိခဲ့တဲ့ သီချင်းဟောင်းတွေကိုပဲ ထပ်ခါထပ်ခါ နားထောင်နေမိတာတွေ၊ အဟောင်းတွေကိုပဲ တွယ်တာနေမိတာတွေ။ စွန့်ပစ်သင့်တာတွေကို မစွန့်ဘဲ ဘဝတလျှောက် အလေးခံပြီး သယ်ပိုးနေခဲ့တာတွေ…..။မိတ်ဆွေကော ဘာတွေ သယ်ပိုးနေခဲ့ပါသလဲ။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

ဆောင်းပါး

ပြည်ပရောက်နေတဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မြန်မာပြည်မှာ တစ်ပတ်ကို မြန်မာရုပ်ရှင် ​ဇာတ်ကားသစ်နှစ်ကား ရုံတင်နေတာ တော်တော်အိုကေနေပြီလားလို့ ထင်မိကြမှာပါ။ ရုပ်ရှင်ပရက်ရှိုးတွေမှာ လူတွေစည်ကားနေတာတွေကိုကြည့်ရင်း မြန်မာနိုင်ငံမှာ စစ်တပ်က တကယ်ကော အာဏာသိမ်းထားတာ ဟုတ်ပါ့မလားလို့တောင် ထင်မိသွားနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေထင်သလို လုံးဝ မဟုတ်ပါဘူး။

သတင်း

တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။

ရုပ်ရှင်ခံစားမှု

မိုးရွာတဲ့ မနက်ခင်းတွေဆို ကျွန်တော် ကျောင်းမသွားချင်ဘူး။ မိုးရွာပြီဆိုရင် ကျွန်တော့်အတွက် သီးခြားကမ္ဘာလေးတစ်ခုဖြစ်စေတဲ့ အဲဒီနေရာလေးမှာ အချိန်ကုန်ဆုံးလေ့ရှိတယ်။ တိုကျိုမြို့လယ်ခေါင်က Shinjuku Gyoen National Garden ထဲမှာရှိတဲ့ ဂျပန်ရိုးရာ ဇရပ်လေးပါ။ ပတ်ပတ်လည်မှာ စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေ ဝန်းရံထားပြီး၊ ဘေးမှာတော့ ရေကန်ကျယ်ကြီးတစ်ခု ရှိပါတယ်။