Connect with us

Hi, what are you looking for?

News

တပ်ရင်းမှူးအပါအဝင် ၆ ဦးအလောင်းကို ဆုံးတဲ့နေရာမှာပဲ အမိန့်ပြန်ပြီး မြုပ်မယ်လို့ဆို

“အဲ့ဒီဖြစ်ပွားတဲ့နေရာမှာပဲ လာပြီးတော့ အမိန့်တော့ပြန်မယ်လို့ကြားတယ်” လို့ KNLA သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

People's Spring
People's Spring

KNLA တပ်မဟာ ၆ နဲ့ဖြစ်ပွားတဲ့ တိုက်ပွဲမှာ သေဆုံးသွားခဲ့တဲ့ စစ်ကောင်စီ ယာယီတပ်ရင်းမှူး အပါအဝင် ၆ ဦးကို သေဆုံးသွားတဲ့နေရာမှာပဲ အမိန့်တော်ပြန်ပြီး မြုပ်နှံသွားမယ်လို့ KNLA သတင်းရင်းမြစ်တစ်ဦးထံကနေ သိရပါတယ်။

အောက်တိုဘာ ၂၀ ရက်က ကေအဲန်ယူ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ခုံခံနဲ့ သံပုရာရွာကြားမှာ KNLA တပ်မဟာ ၆ နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ခလရ ၂၈၃ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန်းဝင်းထွန်းအပါအဝင် ၆ ဦး သေဆုံးသွားခဲ့တာပါ။

“အဲ့ဒီဖြစ်ပွားတဲ့နေရာမှာပဲ လာပြီးတော့ အမိန့်တော့ပြန်မယ်လို့ကြားတယ်” လို့ KNLA သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သေဆုံးသွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးရဲ့ အလောင်းကို ပြန်ကောက်ယူဖို့အတွက် ကနဦးမှာ နှစ်ဖက်တာဝန်ရှိသူတွေညှိနှိုင်းခဲ့ပြီး မနေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခုံခံနဲ့ သံပုရာရွာကို ရောက်ရှိလာကာ အခုလို အမိန့်တော်ပြန် မြုပ်နှံသွားဖို့ စီစဉ်နေတာဖြစ်တယ်လို့ KNLA သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီတိုက်ပွဲဟာ ၁၀ မိနစ်ဝန်းကျင်သာ ဖြစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၆ ဦးစလုံးသေဆုံးသွားတာဖြစ်ကာ လက်နက် ၇ လက်သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီရဲ့ ကားတစ်စီးပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

Facebook