Connect with us

Hi, what are you looking for?

News

မင်းတပ်-မတူပီလမ်းတိုက်ပွဲစစ်ကောင်စီတပ်မှ ငါးဦးသေပြီးအများအပြားဒဏ်ရာရဟု CDF ထုတ်ပြန်

မတူပီဘက်မှ ဆင်းလာသည့် စစ်ကောင်စီ စစ်ကြောင်းကို အောက်တိုဘာ ၂၁ရက်က မင်းတပ်-မတူပီလမ်း ၇၈ မိုင်၌ CDF ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

People's Spring
People's Spring

ချင်းပြည်နယ် မင်းတပ်- မတူပီလမ်း၌ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့သည်ဟု မင်းတပ်မြို့နယ်ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)က သတင်းထုတ်ပြန်သည်။

မတူပီဘက်မှ ဆင်းလာသည့် စစ်ကောင်စီ စစ်ကြောင်းကို အောက်တိုဘာ ၂၁ရက်က မင်းတပ်-မတူပီလမ်း ၇၈ မိုင်၌ CDF ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို မင်းတပ်နှင့် မတူပီ CDFတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“တိုက်ပွဲမှာ စကစ ငါးဦးသေတာ အတည်ပြုနိုင်ပြီး မိုင်းထိဒဏ်ရာရတာလည်း အများအပြားရှိပါတယ်။ မင်းတပ်ကထွက်လာတဲ့ သံချပ်ကားပါ စကစ စစ်ကြောင်းယဉ်တန်းဟာ ၅၆ မိုင်မှာ လမ်းမြေပြို တာကြောင့် ပိတ်မိနေပြီး ရှေ့ပြေးခြေလျင်စစ်သား ၁၅၀ ခန့်ကတော့မိုင် ၇၀အထိစစ်ကူလာကြတယ်လို့ သိရပါတယ်။ စကစတွေ မိုင် ၇၀စခန်းက လူနေအိမ်တွေကို ဖျက်ဆီးပြီး ရသမျှပစ္စည်း တွေခိုးယူ သွားကြတယ်လို့ ဒေသခံတွေဆီက သတင်းရပါတယ်”ဟု မင်းတပ် CDF က ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်က မင်းတပ်မှ မတူပီဘက်သို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် မင်းတပ် – မတူပီလမ်း မိုင်၅၀ကျော်သို့ ရောက်ရှိပြီဟုသိရကြောင်း မတူပီ CDFပြောရေးဆို ခွင့်ရှိသူက ပြောသည်။

“ စကစဘက်က ခန့်မှန်းလူဦးရေကများပြားတယ်။ လောလောဆယ် မြေပြင်မှာ ၂၀၀ လောက်လို့ ဆိုပေမယ့် အဲဒီထက်လည်း ပိုများမယ်။ မတူပီကို သူတို့ တက်လာတာ ဘာလို့လဲဆိုရင် ပွင့်လင်းရာသီရောက်ရင် စကစ အနေနဲ့ အကြီးအကျယ် ထိုးစစ်ဆင်တော့မယ်ဆိုတာ အခုကတည်းက ကြိုတင်ပြီး ခန့်မှန်းရတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းသည် မိုင်၁၀၀ကျော်သာဝေးသည့် မင်းတပ် – မတူပီခရီးကို အောက်တိုဘာ ၁၄ရက်ကတည်းက မင်းတပ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး တစ်ပတ်ကျော်ကြာသည်အထိ လမ်းတစ်ဝက်သာ ခရီးနှင်နိုင်သေးသည်။

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့ဘက်တွင်လည်း စစ်ကောင်စီတပ်က စစ်အင်အားများဖြည့်တင်းထားသကဲ့သို့ ချင်းလက်နက်ကိုင်တပ်ဖွဲ့များကလည်း ခုခံတိုက်ခိုက်ရန် ပြင်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။