Connect with us

Hi, what are you looking for?

သတင်း

ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်က ကျေးရွာများ မီးရှို့ဖျက်ဆီး

ပင်လောင်း – ဖယ်ခုံမြို့နယ်ကြားတိုက်ပွဲနှင့်ပတ်သက်၍ နှစ်ဖက်သတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ ကရင်နီတပ်ပေါင်းစုဘက်ကလည်း တိုက်ပွဲ ဖြစ်ပွားနေဆဲဟုသာ အသိပေးထားသည်။

(နိုဝင်ဘာ ၁ရက်က စစ်ကောင်စီတပါနှင့် ပအိုဝ်းပြည်သူ့စစ် မီးရှို့ခဲ့သည့် ဟိုဝိုးရွာကိုတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(နိုဝင်ဘာ ၁ရက်က စစ်ကောင်စီတပါနှင့် ပအိုဝ်းပြည်သူ့စစ် မီးရှို့ခဲ့သည့် ဟိုဝိုးရွာကိုတွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်တို့က ဝင်ရောက်စီးနင်းပြီး နေအိမ်များမီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

နိုဝင်ဘာ ၁ရက် နေ့လည်ပိုင်းကစ၍ ပင်လောင်းမြို့နယ်ရှိ ဟိုဝိုးနှင့် လွယ်ကျိုင်းရွာကို မီးရှို့ဖျက်ဆီးခြင်းဟု ဒေသခံများက ပြောသည်။

ဟိုဝိုးကျေးရွာရှိ နေအိမ်များကို မီးရှို့ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်၂၀ ထက်မနည်းပျက်စီးမှုရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မနေ့က လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ပြီးတော့ စစ်ကြောင်းဝင်လာတယ်။သီးနှံရိတ်ဖို့ ကျန်တေဲ့ ရွာခံအချို့ရှိတယ်။သူတို့ လည်းနီးစပ်ရာ နေရာတွေကို ထွက်ပြေးခဲ့ရတယ်။ဒီနေ့(နိုဝင်ဘာ ၂ ရက်)ထိ သူတို့တွေ တပ်စွဲထားတုန်းပဲ”ဟု မြေပြင်ကူညီပေးနေသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

ဟိုဝိုးနှင့် လွယ်ကျိုင်းကျေးရွာတို့မှ စစ်ရှောင်ပြည်သူ တစ်ထောင်ကျော်ခန့်ရှိပြီး အခြေခံရိက္ခာလိုအပ်ချက်များစွာရှိနေသည်ဟုလည်း ၎င်းက အသိပေးသည်။

လက်ရှိတွင် ဟိုဝိုးနှင့်လွယ်ကျိုင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်သည် ဖယ်ခုံမြို့ဘက်သို့ စစ်ကြောင်းထပ်မံထိုးလာနိုင်ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဖယ်ခုံနဲ့အနီးဆုံး ပင်လောင်းရွာပေါ့။အဲဒီကနေ ဖယ်ခုံကို ဝင်ဖို့များတယ်။တိုက်ပွဲကတော့ နေ့စဥ်နီးပါးရှိတယ်”ဟု ၎င်းက ပြောသည်။

ဖယ်ခုံမြို့ကို နယ်မြေစိုးမိုးနိုင်ရန် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNOက စစ်ကြောင်းသုံးခုဖြင့် စက်တင်ဘာလဆန်းပိုင်းကစ၍ မြေပြင်စစ်ကြောင်းထိုးခဲ့ ပြီး တိုက်ပွဲများနေ့စဥ်ဖြစ်ပွားကာ နှစ်ဖက်ကျဆုံးမှုရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ပင်လောင်း – ဖယ်ခုံမြို့နယ်ကြားတိုက်ပွဲနှင့်ပတ်သက်၍ နှစ်ဖက်သတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ ကရင်နီတပ်ပေါင်းစုဘက်ကလည်း တိုက်ပွဲ ဖြစ်ပွားနေဆဲဟုသာ အသိပေးထားသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီခြေမြန်တပ် ရင်း အမှတ်(၃၃၆) နှင့် (၄၂၁)တပ်ရင်းများ ရှိပြီး အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) လည်း အခြေစိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။