Connect with us

Hi, what are you looking for?

သတင်း

ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီက စစ်ရှောင်ထော်လာဂျီတစ်စီး ဒရုန်းဖြင့်တိုက်ခိုက်ရာ ကလေးငယ်အပါအဝင် နှစ်ဦးသေဆုံး၊ ၉ဦးဒဏ်ရာရ

ဒေသခံပြည်သူ ငါးထောင်ခန့်မှာ အရေးပေါ် ရိက္ခာလိုအပ်ချက်များဖြင့် စစ်ရှောင် နေကြရသည်ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများက အသိပေးသည်။

(စစ်ကောင်စီ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော (၁၀)နှစ်အရွယ်ကလေးငယ်အားတွေ့ရစဥ်။ ဓာတ်ပုံ - နွေဦးဂရုလေးများ၊ Karenni hope)
(စစ်ကောင်စီ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော (၁၀)နှစ်အရွယ်ကလေးငယ်အားတွေ့ရစဥ်။ ဓာတ်ပုံ - နွေဦးဂရုလေးများ၊ Karenni hope)

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ရှောင်ထော်လာဂျီတစ်စီးအား ဒရုန်းဖြင့်တိုက်ခိုက်ရာ (၁၀)နှစ်အရွယ်ကလေးငယ်နှင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့သည်။

ယမန်နေ့(အောက်တိုဘာ ၃၁ရက်) နံနက် ၉နာရီခန့်က စစ်ကောင်စီက တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း မြေပြင်ကူညီကယ်ဆယ်ရေးဆောင်ရွက် နေသူအချို့က လူထုနွေဦးသို့ အသိပေးသည်။

“ဗန်းမောက်ရွာအနီးမှာ မနေ့က နှစ်ဖက်တင်းမာမှု ဖြစ်တော့ အဲဒီရွာမှာ စစ်ရှောင်ဖို့ကျန်နေသေးတဲ့ ပြည်သူတွေကို တော်လှန်ရေးအဖွဲ့တွေက ကယ်ထုတ်တယ်။အမြန်ရွှေ့ကြရတာပေါ့။ရွာကအထွက်မှာ ထော်လာဂျီကို ဒရုန်းနဲ့ ပစ်ချခံရတယ်။စစ်ရှောင်တဲ့ ပြည်သူ ၁၁ဦးမှာ နှစ်ဦးသေဆုံးပြီး ၉ဦးဒဏ်ရာရခဲ့တယ်”ဟု ဖယ်ခုံမြို့ မြေပြင်ကူညီဆောင်ရွက်နေသူတစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

အဆိုပါ လုပ်ရပ်သည် စစ်ကောင်စီ၏ လူသားမဆန်မှုကို ပြသပြီး ပြည်သူများကို စစ်ရှောင်ခွင့်် မ‌‌ပေးတော့သည့် အကြမ်းဖက်စစ်ကောင်စီဟု Karenni Hope တာဝန်ရှိသူက ပြောသည်။

“တယောက်က ပွဲခြင်းပြီးသေဆုံးပြီးကလေးငယ်တယောက်ကတော့ ကျွန်တာ်လက်‌ပေါ်မှာတင်‌တကိုယ်လုံး အေးစက်နေခဲ့ပါပြီ။ဆေးအဖွဲ့ဆီလွဲခဲ့ပြီး အပြန်လမ်းမှာတော့ ဘယ်လိုစိတ်နဲ့များပြည်သူတွေကိုလုပ်ရက်တာလဲလို့စဉ်းစားလို့တောင်မရပါဘူးဗျာ”ဟု ၎င်းက ပြောသည်။

ကရင်နီတော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည့် ဖယ်ခုံနှင့် ပင်လောင်းဒေသအချို့ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် က စက်တင်ဘာ ဒုတိယပတ်ကစ၍ တန်ပြန်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ထို့ကြောင့် ဒေသခံပြည်သူ ငါးထောင်ခန့်မှာ အရေးပေါ် ရိက္ခာလိုအပ်ချက်များဖြင့် စစ်ရှောင် နေကြရသည်ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများက အသိပေးသည်။

“ဆန်လေးနဲ့ အရေးပေါ်နေစရာလေးပဲ သူတို့က တောင်းဆိုကြပါတယ်။အဲဒါလေးရရင် လတ်တလောစိတ်ချမ်းသာရပါတယ်။ဖယ်ခုံဘက်ကို ကြည့်ပေးကြပါဦး”ဟု မြေပြင်ကူညီနေသူတစ်ဦးက ပြောသည်။

ပင်လောင်း – ဖယ်ခုံမြို့နယ်ကြားတိုက်ပွဲတွင် စစ်ကောင်စီက နေ့စဥ်လေကြောင်းပစ်ကူရယူနေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုရှိသော်လည်း သက်ဆိုင်ရာတပ်ဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။