Connect with us

Hi, what are you looking for?

သတင်း

ကလေးတွေအပါအဝင် မြန်မာ ၉ ဦးကို လူမှောင်ခိုသမားတွေက ထိုင်းတောအုပ် တစ်ခုထဲမှာ စွန့်ပစ်

ထိုင်းနိုင်ငံက တောအုပ်တစ်ခုထဲမှာ ကလေးတွေ အပါအဝင် မြန်မာနိုင်ငံသား ၉ ဦးကို လူမှောင်ခိုသမားတွေက စွန့်ပစ်ထားခဲ့ကြောင်း သိရပါတယ်။

(လူကုန်ကူးခံရပြီး စွန့်ပစ်ခံရတဲ့ မြန်မာ ၉ ဦးကို ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့ဝင်​တွေက ​တွေ့ရှိပြီး​နောက်​ခေါ်​ဆောင်သွားစဥ်။ဓါတ်ပုံ-Khaosod)
(လူကုန်ကူးခံရပြီး စွန့်ပစ်ခံရတဲ့ မြန်မာ ၉ ဦးကို ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့ဝင်​တွေက ​တွေ့ရှိပြီး​နောက်​ခေါ်​ဆောင်သွားစဥ်။ဓါတ်ပုံ-Khaosod)

-People’s Spring

ထိုင်းအာဏာပိုင်တွေက အဲဒီ မြန်မာနိုင်ငံသားတွေကို ကယ်တင်ခဲ့ရာမှာ အမျိုးသမီးတွေ အပါအဝင် အရွယ်ရောက်ပြီးသူ ၅ ယောက်၊ အသက် ၂ နှစ်ကနေ ၆ နှစ်ကြား ကလေးငယ် ၄ ယောက် ပါဝင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ဟာ ရနောင်းမှာရှိတဲ့ ရနောင်း-ချမ်ဖွန် တောင်ကြောက တောအုပ်ထဲမှာ ဒုက္ခရောက်နေတုန်း ဒေသခံ ရွာသားတွေက ရှာတွေ့ခဲ့တာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့တုန်းကအဲဒီဧရိယာမှာရှိတဲ့ နယ်စပ်လုံခြုံရောင်း စောင့်ကြည့်တဲ့ ရဲတပ်ဖွဲ့ ယူနစ်ဟာ တောထဲမှာ ကလေးတွေ အပါအဝင် ရွှေ့ပြောင်း အခြေချသူတွေလို့ ယူဆရသူတွေ တောနက်ထဲမှာ တဝဲလည်လည် လျှောက်သွားနေကြောင်း၊ သူတို့ဟာ မောပန်းပြီး ဆာလောင်နေပုံပေါ်ကြောင်း ဘန်သောင်လန် ရွာသားတွေဆီက သတင်းပေးမှုကို ရရှိခဲ့ပါတယ်။

အဲဒါကြောင့် ရနောင်းပြည်နယ်၊ ကာပိုခရိုင်ထဲမှာရှိတဲ့ ကျေးရွာနားက တောထဲကို ရဲတွေ၊ ခရိုင် အုပ်ချုပ်ရေး အရာရှိတွေ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့ အဖွဲ့က သွားရောက် ရှာဖွေခဲ့ပါတယ်။ အဲဒီနောက် ဝါးရုံတော တစ်ခုနောက်မှာ ပုန်းနေတဲ့ လူကြီး ၅ ယောက်နဲ့ ကလေး ၄ ယောက်ကို ရှာတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ၂ နှစ်သား ကလေးငယ်ကတော့ ဆာလောင်လို့ငိုယိုနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကနဦး စစ်ဆေးချက်တွေအရ အဲဒီအဖွဲ့ဟာ ယာယီ နယ်စပ် ဖြတ်သန်းခွင့်ကို အသုံးပြုပြီး ထားဝယ်ကနေ ထိုင်းပိုင်နက်ဖြစ်တဲ့ ခိုဆောင်ခရိုင်ကိုဝင်ရောက်ခဲ့တာလို့ သိရပါတယ်။ သူတို့ဟာ ရနောင်း ငါးဖမ်းလှေဆိပ် တစ်ခုကို လောင်းလှေတစ်စီးနဲ့ ရောက်လာခဲ့ကြပါတယ်။ အဲဒီမှာလူမှောင်ခို သမားတွေက သူတို့ကို စောင့်ခေါ်လာပြီး ကားတွေနဲ့ ခေါ်ဆောင်လာခဲ့ပေမယ့် တောထဲမှာ စွန့်ပစ်သွားခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ ထိုင်းနိုင်ငံကိုဖြတ်ပြီး မလေးရှားကို သွားရောက်ဖို့ ရည်ရွယ်ထားကြောင်း၊ အဲဒီမှာ အလုပ်လုပ်နေတဲ့ မိသားစုဝင်တွေရှိကြောင်း၊ အခုခရီးစဉ်အတွက် လူမှောင်ခိုသမားတွေကို ပိုက်ဆံမပေးရသေးကြောင်း၊ လိုရာခရီးရောက်မှ ငွေပေးဖို့ ညှိနှိုင်း သဘောတူထားကြောင်းလည်း မြန်မာတွေက ထွက်ဆိုထားပါတယ်။

လူမှောင်ခိုသမားတွေက သူတို့ကို ဘာကြောင့် စွန့်ပစ်ခဲ့တာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ အဲဒီနေရာ တဝိုက်က လူမှောင်ခိုသမားတွေ အသုံးပြုလေ့ရှိတဲ့ လမ်းကြောင်းတွေမှာ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ အသစ်တည်ဆောက်လိုက်တာကြောင့် အဖမ်းခံရမှာ စိုးရိမ်လို့ အခုလို တာဝန်မဲ့ စွန့်ပစ်သွားတာ ဖြစ်နိုင်ကြောင်း အာဏာပိုင်တွေက ယူဆထားပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးမှုတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အဆုံးအရှုံးတွေကြောင့် ပြည်ပကို ကြက်ဥ တင်ပို့မှုတွေ လျှော့ချထားဖို့ ထိုင်းအာဏာပိုင်တွေက ကြက်မွေးမြူရေး ကုမ္ပဏီတွေကို တိုက်တွန်း တောင်းဆိုထားပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ စက်တင်ဘာ လလယ်ကစလို့ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်လာသလို အာဏာပိုင်တွေက နောက်ထပ်လည်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဖြစ်ပေါ်လာနိုင်သေးကြောင်း သတိပေးထားပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

သတင်း

တနင်္သာရီတိုင်း၊ခမောက်ကြီးမြို့နယ်မှာစစ်တပ်စစ်ကြောင်း ဝင်လာလို့ကြောက်လန့်ပြီး ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတဲ့ စက်လှေ တိမ်းမှောက်ပြီးဒေသခံနှစ်ဦးသေဆုံးသွားတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။

Facebook