Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရားမဝင် လမ်းကြောင်းက ဝင်လာမယ့် မြန်မာနိုင်ငံသားတွေကို အရေးယူမယ်လို့ ထိုင်းအစိုးရ သတိပေး

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

(ထိုင်းဝန်ကြီးချုပ် ဆာရက်သာ။ဓါတ်ပုံ-File Photo)
(ထိုင်းဝန်ကြီးချုပ် ဆာရက်သာ။ဓါတ်ပုံ-File Photo)

စစ်မှုမထမ်းချင်လို့ တိမ်းရှောင်လာသူတွေ အပါအဝင် ထိုင်းနိုင်ငံထဲကို တရားမဝင် နည်းလမ်းနဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေကြောင်းအရ အရေးယူမယ်လို့ ထိုင်းအစိုးရက သတိပေးလိုက်ပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်က စစ်မှုမထမ်းမနေရ စနစ်ကို အသက်သွင်းမယ်လို့ ကြေညာလိုက်တဲ့နောက် ရက်ပိုင်းအတွင်း ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားမှုတွေ ရုတ်တရက် မြင့်တက်လာသလို ထိုင်း-မြန်မာ နယ်စပ်မှာလည်း တရားမဝင် ဝင်ရောက်လာတဲ့ လူငယ်တွေကို ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေ ပိုများလာပါတယ်။ အဲဒီ အခြေအနေတွေ အပြီးမှာ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က အခုလို သတိပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ တရားဝင် လမ်းကြောင်းကနေ ဝင်ရောက်လာသူ ဘယ်သူ့ကိုမဆို ကြိုဆိုမှာဖြစ်ကြောင်း၊ ဒါပေမဲ့ တရားမဝင်ဘဲ ခိုးဝင်လာတဲ့ ကိစ္စတွေမှာတော့ တရားဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကိုင်တွယ် အရေးယူမှာဖြစ်ကြောင်း၊ ဒီကိစ္စကို လုံခြုံရေး အေဂျင်စီတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးပြီးဖြစ်ကြောင်း ဆရက်သာက ပြောပါတယ်။

သူက တချို့ နိုင်ငံရေး မဟာမိတ်တွေ စိုးရိမ်နေသလို မြန်မာတွေ အစုလိုက် ဝင်ရောက်လာခြင်းကြောင့် ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အရေးတွေ ဆုံးရှုံးမှာကို အလွန်အကျွံ စိုးရိမ်စရာ မလိုကြောင်းလည်း မှတ်ချက်ပေးခဲ့ တယ်။ လောလောဆယ် ဒီကိစ္စတစ်ခုလုံးရဲ့ အဓိက နောက်ခံ အကြောင်းရင်းဟာ စစ်​ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကို ရှောင်လွှဲဖို့သာ ဖြစ်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သမားဆက် တက္ကသိုလ်၊ ပရီဒီ ဘာနွမ်ယောင် အင်စတီကျုရဲ့ အမှုဆောင် ကော်မတီ ဥက္ကဋ္ဌ အနူဆွန် တာမာဂျိုင်က စစ်မှု မထမ်းမနေရ သတ်မှတ်ချက်ကြောင့် မြန်မာဖက်က ငယ်ရွယ်သန်စွမ်းတဲ့ လုပ်သားရင်းမြစ်တွေ ထိုင်းကို အလုံးအရင်း ဝင်ရောက်လာနိုင်တယ် ဆိုပေမယ့် တရားမဝင် လမ်းကြောင်းကနေ ရောက်လာမယ့် ရွှေ့ပြောင်းလုပ်သားတွေ တိုးလာနိုင်တာကိုလည်း သတိပြုသင့်ကြောင်း ထောက်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ထိုင်းသံရုံးဟာ ဗီဇာလျှောက်ထားမှုတွေ တပြုံတမ တိုးပွားလာမှုကြောင့် နေ့စဉ် လူပေါင်း ၄၀၀ ကိုသာ အရေအတွက် ကန့်သတ်ပြီး ဗီဇာ ထုတ်ပေးမယ်လို့ ကြေညာထားပါတယ်။ နောက်ပြီး မြန်မာပတ်စ်ပို့တ် ကိုင်ဆောင်ထားသူတွေဟာ ဗီဇာမလိုဘဲ အလည်အပတ် အနေနဲ့ ထိုင်းကို ၁၄ ရက်ကြာ သွားရောက်ခွင့် ရှိတယ်လို့လည်း သံရုံးက ထုတ်ပြန်ထားပါတယ်။

နိုင်ငံအနှံ့မှာ အားကောင်းလာတဲ့ လက်နက်ကိုင် တော်လှန်ရေးတွေကြောင့် ဘက်ပေါင်းစုံ အင်အားဆုတ်ယုတ်လာတဲ့ စစ်တပ်ဟာ ၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး လက်တွေ့ မကျင့်သုံးခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းခဲ့တာပါ။ အဲဒီ အခြေအနေကြောင့် မြန်မာနိုင်ငံက လူငယ်အများအပြားဟာ ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေဆီ ထွက်ပြေး တိမ်းရှောင်ဖို့ စီစဉ်လာကြတာ ဖြစ်ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့ ၊မဲရင်ခရိုင်ထဲက မယ်စ​ရေတံခွန်မှာ ဒီ​​နေ့ည​နေပိုင်းမှာ ရုတ်တရက်​တောင်ကျ​ရေကြီးတာ​ကြောင့် ခရီးသွားအချို့​ရေထဲ​မျောပါခဲ့​ပေမယ့် ရေတံခွန်က ဥယာဥ်ဝန်ထမ်း​​တွေကအချိန်မိ​ကယ်တင်နိုင်ခဲ့ပါတယ်။

သတင်း

မင်း​အောင်လှိုင်က အာဆီယံဘုံသ​ဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီးထိုင်းကိုဘာကတိမှ မ​ပေးဟုဆို

နိုင်ငံတကာ

ထိုင်းနိုင်ငံက အခမ်းအနား တစ်ခုမှာ လက်ရှိ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ဟောင်း ၃ ဦးတို့ တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြီးတော့ လက်ရှိ မြန်မာစစ်တပ် အကြီးအကဲကိုပါ ထိုင်းနိုင်ငံ လာရောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး လူသိများတဲ့ ထိုင်းအတိုက်အခံ အမတ်တစ်ဦးက ထိုင်းအစိုးရကို မေးခွန်းထုတ်လိုက်ပါတယ်။