Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ နျူကလီးယားလက်နက်တွေ သုံးစွဲခွင့် မူဝါဒ အပြောင်းအလဲကို ပူတင် တရားဝင် အတည်ပြု

နျူကလီးယား လက်နက်တွေ အသုံးပြုမှု စည်းမျဉ်း အပြောင်းအလဲကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တရားဝင် ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

ရုရှားရဲ့ နျူကလီးယားလက်နက်တွေ သုံးစွဲခွင့် မူဝါဒ အပြောင်းအလဲကို ပူတင် တရားဝင် အတည်ပြု
ရုရှားရဲ့ နျူကလီးယားလက်နက်တွေ သုံးစွဲခွင့် မူဝါဒ အပြောင်းအလဲကို ပူတင် တရားဝင် အတည်ပြု

-People’ Spring

ရုရှားက အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ကျူးကျော်စစ်ပြုခဲ့တာ ရက်ပေါင်း ၁၀၀၀ ပြည့်တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပူတင်က နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ကို ဘယ်လို အခြေအနေတွေမှာ ထုတ်သုံးမလဲဆိုတဲ့ လမ်းညွှန်ချက်တွေ ပြောင်းလဲ သတ်မှတ်ရေးကို အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အပြောင်းအလဲကို စက်တင်ဘာလမှာ စတင်အဆိုပြုခဲ့ပြီး ပူတင်ရဲ့ ဩဇာခံသက်သက်၊ တံဆိပ်တုံးထုပေးရုံအဆင့်လို့ သတ်မှတ်နိုင်တဲ့ ရုရှားလွှတ်တော်က နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထောက်ခံပေးခဲ့တာပါ။ အဲဒီနောက် ပူတင်ကပါ အသိအမှတ် ပြုလိုက်ခြင်း ဖြစ်ပါတယ်။

ပြောင်းလဲသတ်မှတ်ချက်တွေမှာ အရေးကြီးတဲ့ ပြဋ္ဌာန်းချက် တစ်ခုကတော့ ရုရှားဟာ နျူကလီးယား လက်နက် ပိုင်ဆိုင်မထားတဲ့ နိုင်ငံတစ်ခုရဲ့ တိုက်ခိုက်မှုကို ခံရပြီး အဲဒီရန်သူ နိုင်ငံကို နျူကလီးယား လက်နက်ပိုင် နိုင်ငံတစ်ခုက ကျောထောက်နောက်ခံ ပေးနေမယ်ဆိုရင် နှစ်နိုင်ငံ ပူးပေါင်းပြီး ရုရှားကို စစ်ပြုတယ်လို့ ယူဆမယ် ဆိုတာပဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်တွေကို ရုရှားပိုင်နက်ထဲထိ ပစ်ခတ်ဖို့ ယူကရိန်းကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ခွင့်ပြုလိုက်ပြီးတဲ့နောက် ရုရှားက အခုလိုမျိုး နျူကလီးယားလက်နက် အသုံးပြုခွင့် မူဝါဒ အပြောင်းအလဲကို အကောင်အထည် ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးတော့ ပူတင်က အဲဒီအပြောင်းအလဲကို တရားဝင် ခွင့်ပြုလိုက်တဲ့ နေ့မှာပဲ ယူကရိန်းက အမေရိကန် ဒုံးကျည်တွေကို အသုံးပြုပြီး ရုရှားပိုင်နက်ထဲ နက်နက်ရှိုင်းရှိုင်း စတင် တိုက်ခိုက်ခဲ့တယ် ဆိုပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဘရင့်စ်ခ်ဒေသထဲက ရုရှားစစ်ရေး ပစ်မှတ် တစ်ခုကို အမေရိကန်လုပ် ဒုံးကျည် ၆ စင်းနဲ့ ယူကရိန်းက ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲ ကြေညာခဲ့ပါတယ်။

ရုရှားရဲ့ နျူကလီးယားလက်နက် အသုံးပြုခွင့် မူဝါဒ အပြောင်းအလဲသစ်တွေအရ ရုရှားဟာ နျူကလီးယား ထိပ်ဖူး တပ်ထားတာ မဟုတ်တဲ့ သမားရိုးကျ ဒုံးကျည်တွေ၊ ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ အလုံးအရင်း စစ်ပြုတိုက်ခိုက် ခံရတာမျိုး ဆိုရင်လည်း နျူကလီးယား လက်နက်တွေ အသုံးပြုပြီး လက်တုံ့ပြန်နိုင်မယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ရုရှားနဲ့ မဟာမိတ် ဘီလားရုစ်ရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုအပေါ် ကြီးကြီးမားမား ခြိမ်းခြောက်လာမှု မှန်သမျှ အတွက်လည်း အလားတူ ဆုံးဖြတ်ပိုင်ခွင့် ရှိလာမှာ ဖြစ်ပါတယ်။

နောက်ပြီး စစ်မဟာမိတ် အဖွဲ့အစည်း တစ်ခုရဲ့ အဖွဲ့ဝင် နိုင်ငံတစ်ခုခုက ရုရှားကို ရန်လို တိုက်ခိုက်လာမယ်ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုလုံးရဲ့ ကျူးကျော်ရန်စမှုအဖြစ် ရုရှားက မှတ်ယူမယ်လို့လည်း ဆိုပါတယ်။

ပူတင်ဟာ ယူကရိန်းစစ်ပွဲ ကာလတလျှောက် အနောက်နိုင်ငံတွေရဲ့ စွက်ဖက်မှုကို အကြောင်းပြုပြီး နျူကလီးယား လက်နက်တွေနဲ့ ခြိမ်းခြောက်တဲ့ စကားတွေ အလျဉ်းသင့်သလို ပြောခဲ့ဖူးပါတယ်။ ရုရှားဟာ ကမ္ဘာပေါ်မှာ နျူကလီးယားထိပ်ဖူးလက်နက် အရေအတွက် အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားဆီက ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ဗြိတိန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် အားပေး ကူညီသွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

ထရမ့်ကို အခွန်(tariff) တိုးကောက်ခွင့် အာဏာအသစ်တွေ ပေးတာဟာ ယူကရိန်းကို ကူညီရာ မရောက်ပါ။

သတင်း

မြန်မာနိုင်ငံတောင်ပိုင်းမှာ ရုရှား ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာနိုင်တဲ့ အဓိက စီးပွားရေးဇုန် စီမံကိန်း နေရာကို အပြည့်အဝ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းမြန်မာစစ်တပ်က အင်အား အလုံးအရင်းနဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကို သတိပြုရမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံ‌ရေး တည်ဆောက်ပေးနေသူတွေနဲ့ အဲဒီဆက်ဆံရေးကနေ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။