Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ဒုံးကျည်တွေသုံးပြီး နိုင်ငံပိုင်နက်ထဲ ယူကရိန်းက တိုက်ခိုက်လာရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ရုရှား ခြိမ်းခြောက်

နိုင်ငံပိုင်နက်ထဲကို အမေရိကန် ထောက်ပံ့တဲ့ တာဝေးပစ် ဒုံးကျည်တွေ အသုံးပြုပြီး ယူကရိန်းက တိုက်ခိုက်လာရင် ထိုက်တန်ပြီး ပြင်းထန်တဲ့ အတိုင်းအတာမျိုး လက်တုံ့ပြန်သွားမယ်လို့ ရုရှားက ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

နိုင်ငံပိုင်နက်ထဲကို အမေရိကန် ထောက်ပံ့တဲ့ တာဝေးပစ် ဒုံးကျည်တွေ အသုံးပြုပြီး ယူကရိန်းက တိုက်ခိုက်လာရင် ထိုက်တန်ပြီး ပြင်းထန်တဲ့ အတိုင်းအတာမျိုး လက်တုံ့ပြန်သွားမယ်လို့ ရုရှားက ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

ယူကရိန်းအတွက် ထောက်ပံ့ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေကို ကန့်သတ်ချက်တွေ မထားဘဲ အသုံးပြုဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ခွင့်ပြုလိုက်တဲ့နောက် ရုရှားဖက်က အခုလို တင်းတင်းမာမာ တုံ့ပြန်လာခဲ့တာပါ။ မူလက အမေရိကန်ဟာ အဲဒီ ဒုံးကျည်တွေကို ယူကရိန်း ပိုင်နက်ထဲမှာ ရှိနေတဲ့ ရုရှား စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ဖို့ပဲ ခွင့်ပြုထားခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ရုရှားပိုင်နက်ထဲက စစ်ရေး ပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် အမေရိကန်ရဲ့ ATACMSလို့ ခေါ်ဝေါ်တဲ့ တာဝေးပစ် ဒုံးကျည်စနစ် အသုံးပြုခွင့်ပေးဖို့ အစဉ်တစိုက် တောင်းဆိုခဲ့ပေမယ့် ဘိုင်ဒန်က တောက်လျှောက် ငြင်းဆိုထားခဲ့ပါတယ်။ သူ့ရဲ့ သမ္မတသက်တမ်း ကုန်ဆုံးခါနီး အချိန်ကျမှသာ ဘိုင်ဒန်က သဘောထား ပြောင်းလဲပြီး အခုလို ခွင့်ပြုလိုက်တာပါ။

အဲဒီ ဒုံးကျည်တွေဟာ ကီလိုမီတာ ၃၀၀ လောက် အကွာမှာရှိတဲ့ ပစ်မှတ်တွေကို တိတိကျကျ ချေမှုန်းနိုင်စွမ်း ရှိနေပြီး ရုရှားရဲ့ အတွင်းပိုင်းပိုကျတဲ့ လေတပ်စခန်းတွေ၊ စစ်စခန်းတွေကို ခြိမ်းခြောက်နိုင်မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဘိုင်ဒန်ရဲ့ သဘောထား အပြောင်းအလဲကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အမေရိကန်နဲ့ လက်ဝေခံတွေက ရုရှားအပေါ် ရန်လိုမှုကို အတိအလင်း ပြသလာတာ ဖြစ်တယ်လို့ စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံပိုင်နက်ထဲကို အမေရိကန်လုပ် ဒုံးကျည်တွေ ကျရောက်လာမယ်ဆိုရင် သင့်လျော်တဲ့၊ ပြီးတော့ ကြမ်းတမ်းတဲ့ လက်တုံ့ပြန်မှုတွေကို ရွေးချယ်မယ်လို့ ရုရှားက ခြိမ်းခြောက်ခဲ့ပေမယ့် ဘယ်လို အစီအမံတွေ ဖြစ်မလဲ ဆိုတာကိုတော့ အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

ဘိုင်ဒန်ဟာ အခုလို ဆုံးဖြတ်ချက် ပြောင်းလဲလိုက်တာကို သူ့ရဲ့နေရာ ဆက်ခံမယ့် ရွေးကောက်ပွဲ အနိုင်ရ အမေရိကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်နဲ့ ဆွေးနွေး တိုင်ပင်မှု ရှိခဲ့သလား ဆိုတာကိုတော့ မသိရသေးပါဘူး။ ထရမ့်ဟာ ယူကရိန်း စစ်ပွဲကို အမြန်ဆုံး ရပ်တန့်အောင် ဦးစားပေး လုပ်ဆောင်မယ်လို့ ကြုံးဝါးထားသူ ဖြစ်ပါတယ်။

ရုရှားဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ကျူးကျော် တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်နေ့မှာတော့ ရက်ပေါင်း ၁၀၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန်က တာဝေးပစ် ဒုံးကျည်တွေ အသုံးပြုခွင့်နဲ့ ပတ်သက်လို့ သဘောထား ပြောင်းပေးလိုက်တာဟာ စစ်ပွဲမှာ ရုရှားဖက်က ကူညီဖို့ မြောက်ကိုရီးယားက စစ်သည် သောင်းဂဏန်းလောက် စေလွှတ်ခဲ့ခြင်းကြောင့်လည်း ဖြစ်ဖွယ် ရှိပါတယ်။ ရုရှားပိုင်နက်ဖြစ်တဲ့ ကာ့စ်ခ်ဒေသထဲက ယူကရိန်းတပ်တွေ ထိန်းချုပ်ထားရာ နယ်မြေတချို့မှာ အခုအခါ မြောက်ကိုရီးယား တပ်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပြီလို့လည်း ယူကရိန်း စစ်တပ်က ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။