Connect with us

Hi, what are you looking for?

သတင်း

KIAသိမ်းပိုက်ထားသည့် ကန်ပိုက်တီမြို့၌ ကချင်အမျိုးသားအလံလွှင့်ထူ

ကချင်အထူးဒေသ(၁)၌ နောက်ဆုံးကျန်နေသည့် မြို့ဖြစ်ပြီး တရုတ် – မြန်မာတရား၀င်နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်သည့် ကန်ပိုက်တီကို KIAက နိုဝင်ဘာ ၂၀ရက် နံနက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ညနေပိုင်း၌ အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

(ကံပိုင်တည်မြို့၌ KIAရဲဘော်အချို့က ကချင်အမျိုးသားအလံလွင့်ထူနေစဉ်။ ဓာတ်ပုံ - Myu Tsaw Kasa/FB)
(ကံပိုင်တည်မြို့၌ KIAရဲဘော်အချို့က ကချင်အမျိုးသားအလံလွင့်ထူနေစဉ်။ ဓာတ်ပုံ - Myu Tsaw Kasa/FB)

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားပြီးဖြစ်သည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီ နယ်စပ်မြို့တွင် ကချင်အမျိုးသားအလံ လွှင့်ထူထားကြောင်း သတင်းရင်းမြစ်တို့က အသိပေးသည်။

ကချင်အထူးဒေသ(၁)၌ နောက်ဆုံးကျန်နေသည့် မြို့ဖြစ်ပြီး တရုတ် – မြန်မာတရား၀င်နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်သည့် ကန်ပိုက်တီကို KIAက နိုဝင်ဘာ ၂၀ရက် နံနက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ညနေပိုင်း၌ အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့သိမ်းပိုက်ပြီးနောက် နယ်စပ်ဂိတ်နေရာနှင့် ကချင်အထူးဒေသ(၁) ရုံးအဆောက်အဦး( ဦးဇခုန်တိန့်ယိန်း၏ ဒီမိုကရေစီပါတီသစ်(ကချင်)) ပါတီရုံးအဆောက်အဦး နေရာများ၌ ကချင်အမျိုးသားအလံ လွှင့်ထူထားမှု ရုပ်သံကို ယနေ့ လူမှုကွန်ရက်တွင် တွေ့ရသည်။

Public Service Announcement

Public Service Announcement

ကန်ပိုက်တီမြို့ကို KIAက ရှင်းလင်းရေးလုပ်ဆောင်ပြီးဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောပြသည်။ မြို့၌လတ်တလော စစ်ရေးထူးခြားမှုမရှိဟုလည်း ၎င်းက ဆိုသည်။

ကန်ပိုက်တီမြို့ သိမ်းပိုက်မှုကို KIAက ကချင်ဘာသာဖြင့် အတည်ပြု သတင်းဖော်ပြထားပြီးဖြစ်သည်။ မြို့သိမ်းပိုက်မှုနှင့် မြို့ အုပ်ချုပ်ရေး ဖော်ဆောင်မှု အခြေအနေများ မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။ KIA အနေဖြင့် သိမ်းပိုက်ပြီးမြို့ရွာများကို လုံခြုံရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်လျက်ရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ယခင်ပြောပြထားသည်။

KIAသည် ကန်ပိုက်တီမြို့ကို သိမ်းပိုက်ပြီးနောက် ကချင်အထူးဒေသ(၁) တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်သည်အထိ အောင်မြင်မှု ရရှိထားသည်။ ဇွန်လမှစ၍ ဦးဇခုန်တိန့်ယိန်း လက်အောက်ရှိ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ပန်ဝါ၊ ဖီမော် မြို့များ၊ ကန်ဖန့်၊ လန်ဆယ် စသည့် နယ်စပ်ရွာများကို KIAက ဆက်တိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။