Connect with us

Hi, what are you looking for?

သတင်း

KIA ကန်ပိုက်တီမြို့ကိုအပြီးသတ်သိမ်းပိုက်

ကန်ပိုက်တီရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း သတင်းရင်းမြစ်က ပြောသည်။ တိုက်ပွဲသတင်း အသေးစိတ် အခြေအနေကိုမူ မသိရသေး​ပေ ။

(ကံပိုက်တီ မြို့ဆိုင်းဘုတ် ​ရှေ့တွင် KIA တပ်ဖွဲ့ဝင်တဦး ။ဓါတ်ပုံ-​ပေးပို့)
(ကံပိုက်တီ မြို့ဆိုင်းဘုတ် ​ရှေ့တွင် KIA တပ်ဖွဲ့ဝင်တဦး ။ဓါတ်ပုံ-​ပေးပို့)

ထားမြတ်/People’s Spring

မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီ မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့်ပူးပေါင်းတပ်က ယနေ့(နိုဝင်ဘာ ၂၀)ရက် ညနေပိုင်းတွင် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ကချင်အထူးဒေသ(၁)နယ်မြေအတွင်း KIA သိမ်းရန် နောက်ဆုံးကျန်နေသည့် ကန်ပိုက်တီကို နိုဝင်ဘာ ၂၀ရက် မနက်တွင် KIAနှင့် ပူးပေါင်းတပ်မျက စတင်ထိုးစစ်ဆင်ခဲ့ရာ နာရီ အနည်းငယ်အကြာ ညနေပိုင်း၌ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။

“ ညနေ ၅နာရီမှာ ကန်ပိုက်တီ သိမ်းပြီးပါပြီ” ဟု သတင်းရင်းမြစ်တဦက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

ကန်ပိုက်တီရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း သတင်းရင်းမြစ်က ပြောသည်။ တိုက်ပွဲသတင်း အသေးစိတ် အခြေအနေကိုမူ မသိရသေး​ပေ ။

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KIA ပူးပေါင်းတပ်သည် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ခေါင်းဆောင်သည့် ကချင်အထူးဒေသ(၁) စစ်ဆင်ရေးကို ဇွန်လမှ စတင်ခဲ့ရာ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ဖီမော်မြို့များကို ဆက်တိုက်သိမ်းပိုက်ခဲ့သည်။

ကန်ပိုက်တီမြို့မသိမ်းခင် မြို့ အနီးရှိ အမှတ် ၁၀၀၃ နယ်ခြား​စောင့်တပ်ရင်းကို KIA က ​အောက်တိုဘာလအတွင်းသိမ်းပိုက်ခဲ့သည်။

နောက်ဆုံးကျန်ရှိ​သော မြန်မာ-တရုတ် နယ်စပ်မြို့ ကို နိုဝင်ဘာ ၂၀ ရက်တွင်အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

တရုတ်ဘက်က KIAကို ဖိအားမျိုးစုံပေးနေသည့် ကြားမှ မြန်မာ-တရုတ် တရားဝင် ကုန်သွယ်ရေး နယ်စပ်မြို့တစ်ခုကို ထပ်မံ၍ KIAက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခင်ကလည်း KIAသည် လွယ်ဂျယ်နယ်စပ်မြို့ကို သိမ်းပိုက်ထားသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နွေဦး​တော်လှန်​ရေးတွင် ​တော်လှန်​ရေးအင်အားစုများနှင့် ပူး​ပေါင်း၍ စစ်​အာဏာရှင်စနစ်ချုပ်ငြိမ်း​ရေးကို ဦး​ဆောင်ကြိုးပမ်း​နေ​သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်​သော KIA သည် ကချင်ပြည်နယ်၌ အနည်းဆုံး မြို့ ၁၄ မြို့ကိုသိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။