Connect with us

Hi, what are you looking for?

သတင်း

မြဝတီအသံလွှင့်ဌာနကို Yangon Army က ၄၀ မမ ဖြင့် တိုက်ခိုက်

အဆိုပါစစ်ဆင်ရေးကို နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီ အချိန်ခန့်တွင် M79 လက်နက်ကြီးဖြင့်၄၀မမ (၃)လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

(ရန်ကုန်မြို့ ၊​မှော်ဘီမြို့နယ်ရှိ စစ်တပ်ပိုင်မြဝတီ အသံလွှင့်ဌာနထံ အာဏာသိမ်း​ခေါင်း​ဆောင် ၂၀၂၃ စက်တင်ဘာလ ၆ ရက်တွင်သွား​ရောက်ကြည့်ရှုစဥ်။ဓါတ်ပုံ- မြဝတီ)
(ရန်ကုန်မြို့ ၊​မှော်ဘီမြို့နယ်ရှိ စစ်တပ်ပိုင်မြဝတီ အသံလွှင့်ဌာနထံ အာဏာသိမ်း​ခေါင်း​ဆောင် ၂၀၂၃ စက်တင်ဘာလ ၆ ရက်တွင်သွား​ရောက်ကြည့်ရှုစဥ်။ဓါတ်ပုံ- မြဝတီ)

သတိုး / People’s Spring

Yangon Army အဖွဲ့တစ်နှစ်ပြည့် အထိမ်းအမှတ် ပြည်သူများကိုလက်ဆောင်ပေးသည့် အနေဖြင့် ရန်ကုန်မြို့ မှော်ဘီမြို့နယ်ရှိစစ်ကောင်စီလက်အောက် ခံ မြဝတီအသံလွှင့်ဌာနကို ၄၀ မမ သုံးလုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

“တစ်လုံးကဂိတ်နားကျတယ်။ နှစ်လုံးက အထဲထိရောက်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါစစ်ဆင်ရေးကို နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီ အချိန်ခန့်တွင် M79 လက်နက်ကြီးဖြင့်၄၀မမ (၃)လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

Yangon Army အဖွဲ့ကို နိုဝင်ဘာ ၁၀ ရက် ၂၀၂၃ တွင် စတင်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်အတွင်း မစ်ရှင် နှစ်ဆယ်ကျော် ပြုလုပ်နိုင်ခဲ့သည်ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

“အရင်နှစ်ကထက်၂ဆပိုပြီးတိုက်ခိုက်သွားမယ်လို့ဘဲပြောချင်ပါတယ်..။ရန်ကုန်သားတွေကိုယ့်အိမ်ကိုပြန်ချင်ကြပြီဗျာ” ဟု ၎င်းကပြောသည်။

Yangon Army အနေဖြင့် စစ်ကောင်စီ မပြုတ်မချင်း အခြားပစ်မှတ်ကြီးများကိုဆက်လက်တိုက်ခိုက်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သောနေရာများကို ရှောင်ကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးဒေးတောင်ကြောက သဲဖြူချောင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံ တပ်ရင်းတွေ သေဆုံးမှုများပြားနေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်က​လေ​ကြောင်းသုံးတိုက်ခိုက်​နေပြီး လက်နက်ကြီးကျည်အချို့ ထိုင်းဘက်ကျ