Connect with us

Hi, what are you looking for?

သတင်း

တပ်အုပ်ချုပ်မှုသင်တန်းကျောင်း ဂိတ်ကင်းကို Yangon Armyအဖွဲ့ တိုက်ခိုက်

ရန်ကုန်မြို့ မှော်ဘီမြို့နယ် ပြည်လမ်းပေါ်ရှိ တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်း ဂိတ်ကင်းကို ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်မှုရှိနိုင်ကြောင်း Yangon Army (YA)မှတာဝန်ရှိသူက ပြောသည်။

မှော်ဘီမြို့နယ် ပြည်လမ်းပေါ်ရှိ တပ်မတော် အုပ်ချုပ်မှုသင်တန်းကျောင်းအား Google Mapမှ တွေ့ရစဉ်

သတိုး/People’s Spring

ရန်ကုန်မြို့ မှော်ဘီမြို့နယ် ပြည်လမ်းပေါ်ရှိ တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်း ဂိတ်ကင်းကို ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်မှုရှိနိုင်ကြောင်း Yangon Army (YA)မှတာဝန်ရှိသူက ပြောသည်။

“အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ တပ်မတော်အုပ်ချုပ်မှု့သင်တန်းကျောင်းရှိ ဂိတ်ကင်းအားYangon Army (YA) ၊ အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့တို့ပူးပေါင်း၍ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့်ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့ပါသည်။ လုံခြုံရေးစစ်ခွေးများပြင်းပြင်းထန်ထန်ထိခိုက်သွားပါသည်။” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၂၄ ရက် ည ၇ နာရီခွဲခန့်တွင် အဆိုပါ တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေ အသေးစိတ်မသိရသေးကြောင်း ၎င်းကဆိုသည်။

မှော်ဘီမြို့၌ ည ၇ နာရီခွဲအချိန်ခန့်က ပေါက်ကွဲသံ သုံးကြိမ်ခန့်ကြားရကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးချက်ကို ရန်ကုန်သတင်းများကို ဖော်ပြပေးနေသည့် Hlaing Info က အသိပေးထားသည်။

“ပြည်သူအားမျိုးစုံဖိနှိပ်အနိုင်ကျင့်နေသောမတရားဥပဒေထုတ်ပြီး ပြည်သူအား စစ်မှုမထမ်းမနေရဥပဒေကိုအားပေးအားမြောက်ပြုနေသော

အုပ်ချုပ်ရေးမှူးများကိုကျွန်ုပ်တို့အနေဖြင့် ထိထိရောက်ရောက်တိုက်ခိုက်သွားမည် ဖြစ်ကြောင်းထပ်မံအသိပေးလိုက်ပါသည်။”ဟု YA၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထပ်မံ၍ စစ်ရေးပစ်မှတ်များကို မဟာမိတ်အဖွဲ့များ နှင့်ပူးပေါင်း၍ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သည့်နေရာများကို ဝေးဝေးမှရှောင်ကြရန် YAက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊အင်းစိန်မြို့မ ရဲစခန်းဂိတ်ကင်းမှာ ရဲတပ်ဖွဲ့ဝင်တွေရှိ‌နေချိန် ပြင်းအားမြင့် လက်ပစ်ဗုံး ၂လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့မရဲစခန်းက ဂိတ်ကင်းမှာ အရက်မူးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြင်းအားမြင့်မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မှော်ဘီမြို့မရဲစခန်းကနေ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတဲ့ ကားကို လက်လုပ်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ လှည်းကူးမြို့က စစ်ကောင်စီရဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။