Connect with us

Hi, what are you looking for?

News

ဦးဂျင်မီအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူတွေ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိမှုအပေါ် အလွန်အမင်းစိုးရိမ်ထိတ်လန့်မိတယ်လို့ ဗြိတိန်သံရုံးထုတ်ပြန်

စစ်အာဏာရှင် အနေဖြင့် မြန်မာပြည်သူများ၏ဆန္ဒကိုလေးစားပြီး မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် ကျွန်တော်တို့ ဆက်လက်တောင်းဆိုပါသည်”လို့ ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီအပါ အဝင် ဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ မြန်မာစစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိတယ်ဆိုတဲ့သတင်း တွေနဲ့ပတ်သက်လို့ အလွန်အမင်းစိုးရိမ်ထိတ်လန့်မိတယ်လို့ ဗြိတိန်သံရုံးက ဒီနေ့(အောက်တိုဘာ ၂၅ ရက်)ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်ညမှာ ဦးဂျင်မီကို စစ်ကောင်စီက ဖမ်းဆီးရာမှာ အင်အားအလွန်အကျွံသုံးပြီး အကြမ်းဖက်ဖမ်းဆီးတာကြောင့် ဖမ်းဆီးချိန်အတွင်း ဦးခေါင်းမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ထိခိုက်ဒဏ်ရာရသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။

“စစ်အာဏာရှင် အနေဖြင့် မြန်မာပြည်သူများ၏ဆန္ဒကိုလေးစားပြီး မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် ကျွန်တော်တို့ ဆက်လက်တောင်းဆိုပါသည်”လို့ ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။

အမေရိကန်သံရုံးကလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီအပါအဝင် ဒီမိုကရေစီလိုလားသူတွေနဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆက်လက်ဖမ်းဆီးနေမှုတွေ၊ မတရားဖိနှိပ်နေမှုသတင်းတွေကြောင့် အလွန်အမင်းစိုးရိမ်တယ်လို့ ဒီနေ့ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။