Connect with us

Hi, what are you looking for?

LuduNwayOo

News

ဦးဂျင်မီအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူတွေ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိမှုအပေါ် အလွန်အမင်းစိုးရိမ်ထိတ်လန့်မိတယ်လို့ ဗြိတိန်သံရုံးထုတ်ပြန်

စစ်အာဏာရှင် အနေဖြင့် မြန်မာပြည်သူများ၏ဆန္ဒကိုလေးစားပြီး မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် ကျွန်တော်တို့ ဆက်လက်တောင်းဆိုပါသည်”လို့ ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီအပါ အဝင် ဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ မြန်မာစစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိတယ်ဆိုတဲ့သတင်း တွေနဲ့ပတ်သက်လို့ အလွန်အမင်းစိုးရိမ်ထိတ်လန့်မိတယ်လို့ ဗြိတိန်သံရုံးက ဒီနေ့(အောက်တိုဘာ ၂၅ ရက်)ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်ညမှာ ဦးဂျင်မီကို စစ်ကောင်စီက ဖမ်းဆီးရာမှာ အင်အားအလွန်အကျွံသုံးပြီး အကြမ်းဖက်ဖမ်းဆီးတာကြောင့် ဖမ်းဆီးချိန်အတွင်း ဦးခေါင်းမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ထိခိုက်ဒဏ်ရာရသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။

“စစ်အာဏာရှင် အနေဖြင့် မြန်မာပြည်သူများ၏ဆန္ဒကိုလေးစားပြီး မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် ကျွန်တော်တို့ ဆက်လက်တောင်းဆိုပါသည်”လို့ ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။

အမေရိကန်သံရုံးကလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီအပါအဝင် ဒီမိုကရေစီလိုလားသူတွေနဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆက်လက်ဖမ်းဆီးနေမှုတွေ၊ မတရားဖိနှိပ်နေမှုသတင်းတွေကြောင့် အလွန်အမင်းစိုးရိမ်တယ်လို့ ဒီနေ့ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေး သံရုံးက အခုဆန္ဒပြမှုအပေါ် သဘောထားမှတ်ချက် မပေးခဲ့ပေမယ့်လည်း သံရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရမှု လုံးဝ မရှိခဲ့ဘူးလို့တော့ အတည်ပြုသွားပါတယ်။

နိုင်ငံတကာ

သံရုံးကတော့ အခုဖြစ်စဉ်မှာ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဘူးလို့ ကြေညာခဲ့ပါတယ်။ အခုကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့တာဟာ ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ အစ္စရေးကို ဆန္ဒပြတာလား၊ တခြားရည်ရွယ်ချက် တစ်ခုခုကြောင့်လား ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။

နိုင်ငံတကာ

ချားလ်စ်ဘုရင် ဆေးကုသမှု ခံယူနေတဲ့ ကာလတွေအတွင်း သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို တခြားတစ်ဦးဦးဆီ လွှဲပြောင်းပေးထားမှာ မဟုတ်ဘူးလို့လည်း နန်းတော်က ဆိုပါတယ်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။