Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ အစိုးရသစ်အတွက် ဝန်ကြီးနေရာအားလုံး ရွေးချယ်ပြီးစီး

စိုက်ပျိုးရေး ဝန်ကြီးနေရာအတွက် လူရွေးခဲ့တဲ့နောက် ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာချိန်မှာ တာဝန်ထမ်းဆောင်မယ့် အမေရိကန် အစိုးရအဖွဲ့ဟာ တင်းပြည့်ကျပ်ပြည့် ရုပ်လုံးပေါ်သွားပြီ ဖြစ်ပါတယ်။

စိုက်ပျိုးရေး ဝန်ကြီးနေရာအတွက် လူရွေးခဲ့တဲ့နောက် ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာချိန်မှာ တာဝန်ထမ်းဆောင်မယ့် အမေရိကန် အစိုးရအဖွဲ့ဟာ တင်းပြည့်ကျပ်ပြည့် ရုပ်လုံးပေါ်သွားပြီ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ ညပိုင်းမှာ ထရမ့်ဟာ ဘရွတ်ခ် ရိုးလင်းစ်ကို စိုက်ပျိုးရေး ဝန်ကြီးအဖြစ် ခန့်အပ်ဖို့ လျာထား ရွေးချယ်ခဲ့ပါတယ်။ အနာဂတ် စိုက်ပျိုးရေးဝန်ကြီး ရိုးလင်းစ်ဟာ နိုင်ငံရဲ့ စစ်မှန်တဲ့ ကျောရိုး မဏ္ဍိုင်တွေဖြစ်တဲ့ အမေရိကန် ပြည်သူတွေကို အကာအကွယ် ပေးသွားလိမ့်မယ်လို့ ထရမ့်က ကြေညာခဲ့ပါတယ်။

ရိုးလင်းစ်ဟာ တက္ကဆက်စ်မှာ လယ်တောသူ တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပြီး တက္ကဆက်စ်ရဲ့ A&M တက္ကသိုလ်မှာ စိုက်ပျိုးရေး သိပ္ပံ ဘွဲ့ရခဲ့ပြီး နောက်တော့ ရှေ့နေတစ်ဦးအဖြစ် ဖြတ်သန်းခဲ့ပါတယ်။ အသက် ၅၂ နှစ်အရွယ် ရိုးလင်းစ်ဟာ ထရမ့်ရဲ့ အမာခံ မဟာမိတ် တစ်ဦးလို့လည်း ဆိုနိုင်ပါတယ်။

ထရမ့်ရဲ့ အဆိုပြု ဝန်ကြီးတွေ စာရင်းဟာ အထက်လွှတ်တော်မှာ မဲခွဲ အတည်ပြုတဲ့ အဆင့်ကို ကျော်ဖြတ်ရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ရိုးလင်းစ်ဟာ အမေရိကန်ရဲ့ လယ်ယာ အမတော်ကြေး အစီအစဉ်တွေ၊ ဖက်ဒရယ် အာဟာရ စီမံကိန်းတွေ၊ အသား အရည်အသွေး စစ်ဆေးမှုတွေနဲ့ တခြား စိုက်ပျိုးမွေးမြူရေး၊ လယ်ယာနဲ့ သစ်တောထွက် စားသောက်ကုန်တွေကို ကြီးကြပ်ရမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် မာကို ရူဘီရို၊ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် စကော့ဘက်ဆန့်၊ ကာကွယ်ရေး ဝန်ကြီးအဖြစ် ပိထ်ဟက်ဆက်သ်၊ ပြည်ထဲရေး ဝန်ကြီးအဖြစ် ဒေါက်ဂ်ဘော်ဂန်၊ စီးပွားရေး ဝန်ကြီးအဖြစ် ဟောင်းဝပ် လတ်နစ်ခ်၊ အလုပ်သမား ဝန်ကြီးအဖြစ် လော်ရီ ချာဗာ ဒီရမ်မာ၊ ကျန်းမာရေး ဝန်ကြီးအဖြစ် ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာ၊ အိမ်ရာနဲ့ မြို့ပြဖွံ့ဖြိုးရေး ဝန်ကြီးအဖြစ် စကော့တာနာ၊ သယ်ယူပို့ဆောင်ရေး ဝန်ကြီးအဖြစ် ရှောင်ဒပ်ဖီ၊ စွမ်းအင်ဝန်ကြီးအဖြစ် ခရစ္စရိုက်၊ ပညာရေး ဝန်ကြီးအဖြစ် လင်ဒါ မက်မာဟွန်၊ စစ်မှုထမ်းရေးရာ ဝန်ကြီးအဖြစ် ဒေါက်ကောလင်းစ်၊ ပြည်တွင်း လုံခြုံရေး ဝန်ကြီးအဖြစ် ခရစ္စတန် နိုအမ်၊ ရှေ့နေချုပ်နဲ့ တရားရေး ဝန်ကြီးအဖြစ် ပမ်ဘွန်ဒီတို့ကို ခန့်အပ်ဖို့ လျာထားပြီး ဖြစ်ပါတယ်။ အဲဒီ ၁၅ ဦး စာရင်းမှာ အမျိုးသမီး ၅ ဦး ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ မကြာခင် ရာထူးက နုတ်ထွက်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။