Connect with us

Hi, what are you looking for?

News

ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်အသစ်အဖြစ် စင်ကာပူနိုင်ငံသူ နိုလန်းဟေးဇာကို ခန့်အပ်

ပြီးခဲ့တဲ့ရက်ပိုင်းက တာဝန်ပြီးဆုံးခဲ့တဲ့ ဆွစ်ဇာလန်သံတမန် ခရစ်စတင်းရှယန်နာဘာဂျီနာနေရာကို အသက် (၇၃) နှစ်အရွယ် တီမောလက်စတေးနိုင်ငံဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်ရဲ့အထူးအကြံပေးထမ်းဆောင်ခဲ့ဖူးသူ ဟေးဇာကိုခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အသစ်အဖြစ် စင်ကာပူနိုင်ငံသူ နိုလန်းဟေးဇာကိုခန့်အပ်တယ်လို့ အတွင်းရေးမှူးချုပ်က မနေ့(အောက်တိုဘာ၂၅)က ကြေညာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တာဝန်ပြီးဆုံးခဲ့တဲ့ ဆွစ်ဇာလန်သံတမန် ခရစ်စတင်းရှယန်နာဘာဂျီနာနေရာကို အသက် (၇၃) နှစ်အရွယ် တီမောလက်စတေးနိုင်ငံဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်ရဲ့အထူးအကြံပေးထမ်းဆောင်ခဲ့ဖူးသူ ဟေးဇာကိုခန့်အပ်ခဲ့တာဖြစ်ပါတယ်။

မစ္စစ်ဟေးဇာဟာ ၂၀၀၇ ကနေ ၂၀၁၄ အတွင်း အာရှ-ပစိဖိတ်ဆိုင်ရာ ကုလသမဂ္ဂစီးပွားနှင့်လူမှုရေးရာကော်မရှင်ရဲ့ အမှုဆောင်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်တဲ့ပထမဆုံးအမျိုးသမီး ဖြစ်ပြီး အာရှ-ပစိဖိတ် ပိုမိုတိုးတက်ရေး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို အားစိုက်ခဲ့သူ လည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မစ္စစ်ဟေးဇာဟာ ၂၀၀၈-၁၉ ကာလအတွင်း နာဂစ်ဆိုင်ကလုန်းနောက်ပိုင်း ပြန်လည်တည်ဆောက်ရေးကြိုးပမ်းမှုတွေ၊ ဖွံ့ဖြိုးမှုနဲ့ ဆင်းရဲမှုလျှော့ချရေးအတွက် မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုဦးဆောင်ခဲ့ကာ အာဆီယံ၊ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ အကြားနီးကပ်စွာ လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မစ္စစ်ဟေးဇာဟာ စင်ကာပူတက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲနဲ့ မဟာသိပ္ပံဘွဲ့တွေ ရရှိခဲ့ပြီး ဗြိတိန်ရှိ ကိန်းဘရစ်ချ်တက္ကသိုလ်ကနေ လူမှုသိပ္ပံ ဒေါက်တာဘွဲ့ ရရှိခဲ့သူဖြစ်ပါတယ်။

ဓာတ်ပုံ – The Straits Times

ဆက်စပ်သတင်းများ

အတွေးအမြင်

"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်"

သတင်း

စင်ကာပူအစိုးရက မပယ်ဖျက်ရ​သေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီ​တွေပါ​နေပြီအ​ရေးယူ​​ပေးဖို့တိုက်တွန်း

နိုင်ငံတကာ

စင်ကာပူ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း ပိုရှည်လာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း

စင်္ကာပူနိုင်ငံမှာ ပြုလုပ်မယ့် အဆိုတော် ဆုန်သင်းပါရ်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအပေါ် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှု အောင်မြင်နေပါတယ်။