Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး ထင်သာမြင်သာရှိတဲ့တိုးတက်မှု ဖော်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလိုရှိ

အာဏာသိမ်းစစ်တပ်အနေနဲ့ မြန်မာ့အရေးမှာ ထင်သာမြင်သာရှိတဲ့တိုးတက်မှု ဖော်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အလိုရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ပြောပါတယ်။

စင်ကာပူနိုင်ငံခြား​ရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန် ။ဓါတ်ပုံ-CNA

“ရှေ့ဆက်ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ”

— စင်ကာပူနိုင်ငံခြားရေးဝန်ကြီး

ဇူလိုင်-၁၃၊ ၂၀၂၆။ People’s Spring

အာဏာသိမ်းစစ်တပ်အနေနဲ့ မြန်မာ့အရေးမှာ ထင်သာမြင်သာရှိတဲ့တိုးတက်မှု ဖော်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အလိုရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ပြောပါတယ်။

ဇူလိုင် ၁၂ရက်က ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ၂၀၂၁ ခုနှစ် ဧပြီမှာအာဆီယံခေါင်းဆောင်တွေချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ရဲ့ အဓိက အရေးပါမှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတွေ ဖော်ဆောင်ဖို့ တိုက်တွန်းခဲ့ကြတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ် လုပ်ဆောင်ရမယ့် ထင်သာမြင်သာရှိတဲဲ့ တိုးတက်မှုထဲမှာ အကြမ်းဖက်မှု အမြဲတမ်းချုပ်ငြိမ်းရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး လွှတ်ပေးရေး နဲ့ နိုင်ငံတဝန်း လူသားချင်းစာနာမှုအကူအညီ ဘေးကင်းလုံခြုံစွာ အဟန့်အတားမရှိပေးအပ်နိုင်ရေးတို့ ပါဝင်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒီဆွေးနွေးပွဲက မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ အရေးအကြီးဆုံးအချက်အဖြစ် ကျွန်တော်တို့(အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ)အားလုံး ထပ်လောင်းအတည်ပြုခဲ့တာကဘုံသဘောတူညီချက် ၅ရပ်ရဲ့ အဓိက အရေးပါမှုပါ။ အဲဒါက အရင်ကလည်း အရေးပါခဲ့သလို အခုလည်း ဆက်လက် အရေးပါဆဲပါ”လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဘလာခရစ်ရှ်နန်က ပြောပါတယ်။

ဆက်လက်ပြီး သူက “မကြာခင်လတွေအတွင်း တုန့်ပြန်မှုတချို့၊ တိုးတက်မှုတချို့ကို ကျွန်တော်တို့ မြင်တွေ့ရဖို့ မျှော်လင့်ကြတာပေါ့။ ရှေ့ဆက်ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ”လို့ ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ကအာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့(တိုးတက်မှုမရှိတဲ့)အခြေအနေမှာ စစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခြင်းက အန္တရာယ်များတဲ့ နမူနာဖြစ်မသွားနိုင်ဘူးလားဆိုတဲ့ မေးမြန်းမှုနဲ့ပတ်သက်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက အာဆီယံရဲ့ ထိတွေ့ဆက်ဆံမှုတွေက နေပြည်တော်က စစ်တပ်အာဏာပိုင်တွေနဲ့တင် မဟုတ်ကြောင်း ရှင်းပြပါတယ်။

“ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေနဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံတာမျိုး ပြုလုပ်ပါတယ်”လို့ ဒေါက်တာဘလာခရစ်ရှ်နန်က ပြောပါတယ်။

မြန်မာနိုင်ငံအခြေအနေက အလွန်ပဲ ရှုပ်ထွေးပြီး အဓိကကတော့ အာဆီယံအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အားလုံးပါဝင်ရေးမူနဲ့ ထိတွေ့ဆက်ဆံသွားရေးပဲဖြစ်ပါတယ်လို့သူက ဆက်ပြောပါတယ်။

ဇူလိုင် ၁၂ရက် မှာစင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက သီးခြားထုတ်ပြန်ချက်တရပ် ထုတ်ပြန်ခဲ့ရာမှာ အာဆီယံဘုံသဘောတူညီချက် ၅ရပ် အကောင်အထည်ဖော်မှု အကန့်အသတ်နဲ့ပဲဖြစ်နေတာကိုစိတ်ပျက်မိကြောင်းနဲ့ မြန်မာပြည်အကျပ်အတည်း ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ နည်းလမ်းတွေနဲ့ဖြေရှင်းနိုင်ဖို့ နိုင်ငံရှိ သက်ဆိုင်ရာအစုအဖွဲ့အားလုံးအကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်လာဖို့ အရေးကြီးကြောင်း အလေးပေး တိုက်တွန်းထားပါတယ်။

ကိုးကား – Asia One ၊ Vivian Balakrishnan

ဆက်စပ်သတင်းများ

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။