Connect with us

Hi, what are you looking for?

News

ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်အသစ်အဖြစ် စင်ကာပူနိုင်ငံသူ နိုလန်းဟေးဇာကို ခန့်အပ်

ပြီးခဲ့တဲ့ရက်ပိုင်းက တာဝန်ပြီးဆုံးခဲ့တဲ့ ဆွစ်ဇာလန်သံတမန် ခရစ်စတင်းရှယန်နာဘာဂျီနာနေရာကို အသက် (၇၃) နှစ်အရွယ် တီမောလက်စတေးနိုင်ငံဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်ရဲ့အထူးအကြံပေးထမ်းဆောင်ခဲ့ဖူးသူ ဟေးဇာကိုခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အသစ်အဖြစ် စင်ကာပူနိုင်ငံသူ နိုလန်းဟေးဇာကိုခန့်အပ်တယ်လို့ အတွင်းရေးမှူးချုပ်က မနေ့(အောက်တိုဘာ၂၅)က ကြေညာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တာဝန်ပြီးဆုံးခဲ့တဲ့ ဆွစ်ဇာလန်သံတမန် ခရစ်စတင်းရှယန်နာဘာဂျီနာနေရာကို အသက် (၇၃) နှစ်အရွယ် တီမောလက်စတေးနိုင်ငံဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်ရဲ့အထူးအကြံပေးထမ်းဆောင်ခဲ့ဖူးသူ ဟေးဇာကိုခန့်အပ်ခဲ့တာဖြစ်ပါတယ်။

မစ္စစ်ဟေးဇာဟာ ၂၀၀၇ ကနေ ၂၀၁၄ အတွင်း အာရှ-ပစိဖိတ်ဆိုင်ရာ ကုလသမဂ္ဂစီးပွားနှင့်လူမှုရေးရာကော်မရှင်ရဲ့ အမှုဆောင်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်တဲ့ပထမဆုံးအမျိုးသမီး ဖြစ်ပြီး အာရှ-ပစိဖိတ် ပိုမိုတိုးတက်ရေး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို အားစိုက်ခဲ့သူ လည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မစ္စစ်ဟေးဇာဟာ ၂၀၀၈-၁၉ ကာလအတွင်း နာဂစ်ဆိုင်ကလုန်းနောက်ပိုင်း ပြန်လည်တည်ဆောက်ရေးကြိုးပမ်းမှုတွေ၊ ဖွံ့ဖြိုးမှုနဲ့ ဆင်းရဲမှုလျှော့ချရေးအတွက် မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုဦးဆောင်ခဲ့ကာ အာဆီယံ၊ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ အကြားနီးကပ်စွာ လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မစ္စစ်ဟေးဇာဟာ စင်ကာပူတက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲနဲ့ မဟာသိပ္ပံဘွဲ့တွေ ရရှိခဲ့ပြီး ဗြိတိန်ရှိ ကိန်းဘရစ်ချ်တက္ကသိုလ်ကနေ လူမှုသိပ္ပံ ဒေါက်တာဘွဲ့ ရရှိခဲ့သူဖြစ်ပါတယ်။

ဓာတ်ပုံ – The Straits Times

ဆက်စပ်သတင်းများ

သတင်း

အာဆီယံနိုင်ငံခြားဝန်ကြီးတွေရဲ့ အဓိကစိုးရိမ်ပူပန်မှုမှာ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောမှုနဲ့ တိုးတက်မှုတို့ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

သတင်း

ကမ္ဘာကြီး၏အာရုံစိုက်မှုသည် အခြားနေရာများတွင်သာရှိသဖြင့် မြန်မာ့အရေးကို ‘မျက်ကွယ်ပြုခံထားရသော အကျပ်အတည်း’ဟု မစ္စတာအန်ဒရူးက ခေါ်ဝေါခဲ့သည်။

သတင်း

အာဏာသိမ်းမှုအပြီး စစ်တပ်ရဲ့ ရမ်းကားရက်စက်မှုတွေ၊ အကြမ်းဖက် လုပ်ရပ်တွေကြောင့် အရပ်သား ၅၀၀၀ ကျော် သေဆုံးခဲ့သလို ၃.၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရကြောင်း စက်တင်ဘာလတုန်းက ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်စောင်အရ သိရပါတယ်။

သတင်း

သုံးလွှာအမြင့် တိုက်ခန်း ပြတင်းပေါက် အပြင်ဖက် ကြောင်လျှောက်လမ်းကို ရောက်နေတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦးကို စွန့်စွန့်စားစား ကယ်တယ်ခဲ့တဲ့ မြန်မာနိုင်ငံသားကိုစသူရ​အောင်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဂျာဟီတို့ကို စင်ကာပူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (SCDF)က လူမှုကယ်ဆယ်ရေး ဂုဏ်ပြုဆုကို​အောက်တိုဘာ ၂၅...