Connect with us

Hi, what are you looking for?

News

စစ်အာဏာသိမ်းမှု တာဝန်ခံမှုရှိဖို့ အမေရိကန်တိုးမြှင့်လုပ်ဆောင်မယ်လို့ အမျိုးသားလုံခြုံရေးအကြံပေးပြော

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီဖမ်းဆီးခံမှုအပေါ် စိုးရိမ်ကြောင်း ဂျိတ်ဆူလီဗန်က ထုတ်ဖော်ပြောဆိုပြီး အမေရိကန်ဟာ ကိုဂျင်မီကိုပြန်လွှတ်ပေးရေးနဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး ပြန်လွှတ်ပေးရေး ဆက်လက်တိုက်တွန်းလှုံ့ဆော်မယ်လို့ဆိုပါတယ်။

မြန်မာစစ်အာဏာသိမ်းမှုအတွက် တာဝန်ခံမှုရှိစေရေး အမေရိကန်က တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ သမ္မတဂျိုးဘိုင်ဒင်ရဲ့အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးဂျိတ်ဆူလီဗန်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့ အောက်တိုဘာ ၂၅ ရက်မှာ အွန်လိုင်းကနေ တွေ့ဆုံခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းလှုပ်ရှားမှုမှာ အမေရိကန်ရဲ့ ကူညီထောက်ပံ့မှု ဆက်လက်ပေးအပ်မယ်လို့ ဂျိတ်ဆူလီဗန်က အလေးထားပြောပါတယ်။

တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် ဆောင် ရွက်နေဆဲကြိုးပမ်းအားထုတ်မှုတွေကို ဆွေးနွေးခဲ့ပြီး အမျိုးသားလုံခြုံရေးအကြံပေးက မြန်မာ စစ်တပ်ရဲ့ လူမဆန်တဲ့အကြမ်းဖက်မှုတွေကို စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အမျိုး သားလုံခြုံရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ အမ်မလီဟော်နီက ထုတ်ပြန်ပါတယ်။

နောက်ပြီး ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီဖမ်းဆီးခံမှုအပေါ် စိုးရိမ်ကြောင်း ဂျိတ်ဆူလီဗန်က ထုတ်ဖော်ပြောဆိုပြီး အမေရိကန်ဟာ ကိုဂျင်မီကိုပြန်လွှတ်ပေးရေးနဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး ပြန်လွှတ်ပေးရေး ဆက်လက်တိုက်တွန်းလှုံ့ဆော်မယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က အကူအညီလိုအပ်နေချိန်မှာ မြန်မာပြည်သူတွေကို ထောက်ခံကူညီဖို့ အမေရိကန်က ဆက်လက်ဆောင်ရွက်မယ့်အကြောင်း အလေးပေးပြော ကြားတယ်လို့ အမ်မလီဟော်နီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံအတွက် ဒေါ်လာ ၁ ဘီလီယံဖိုး စစ်လက်နက် အစိတ်အပိုင်းတွေ ရောင်းချဖို့ အမေရိကန်က သဘောတူ ခွင့်ပြုလိုက်ပါတယ်။

အတွေးအမြင်

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

နိုင်ငံတကာ

ရုရှားမှာ ဓာတ်ခွဲခန်း မတော်တဆမှု တစ်ခုကနေ အဆုတ်ရောင် ပလိပ်ရောဂါနဲ့ သေဆုံးတဲ့ ဖြစ်စဉ်တစ်ခုကို အထူး ဂရုစိုက် စောင့်ကြည့်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံက ဖဲဖို့ဒ်လေတပ်စခန်းမှာ ဖြန့်ကျက်ထားတဲ့ ဗုံးကြဲလေယာဉ်ကြီးတွေ အားလုံးကို အမေရိကန်က ပြန်လည် ရုပ်သိမ်းထားကြောင်း သိရပါတယ်။

Facebook