Connect with us

Hi, what are you looking for?

News

အာဆီယံဆိုင်ရာသံအမတ်ကြီးအဖြစ် ဦးဘိုလှတင့်ကို NUG ခန့်အပ်

နောက်ပြီး NCGUB ရဲ့ ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်အဖွဲ့တွင်လည်း ပါဝင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကိုပါ ၂၀၁၂ ခုနှစ်အထိထမ်းဆောင်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အာဆီယံနဲ့ ဆက်ဆံရေးပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ဖို့ ဦးဘိုလှတင့်ကို သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ကြောင်း ဒီနေ့(အောက်တို ဘာ ၂၆ရက်)ထုတ်ပြန်ကြေညာပါတယ်။

NUG ရဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ်ခန့်အပ်ခံရတဲ့ ဦးဘိုလှတင့်ဟာ ၁၉၉၀ ခုနှစ်က ဒေါက်တာစိန်ဝင်းဦးဆောင်သည့် National Coalition Government of the Union of Burma (NCGUB) အစိုးရအဖွဲ့တွင် ဆောက်လုပ်ရေးဝန်ကြီး၊ သတ္တုတွင်းဝန်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့ပါတယ်။

နောက်ပြီး NCGUB ရဲ့ ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်အဖွဲ့တွင်လည်း ပါဝင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကိုပါ ၂၀၁၂ ခုနှစ်အထိထမ်းဆောင်ခဲ့ပါတယ်။

လက်ရှိမှာ အာဆီယံထိပ်သီးညီလာခံကျင်းပနေပြီး အခုထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံက တက်ရောက်ခွင့်မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ