Connect with us

Hi, what are you looking for?

သတင်း

KNU ဌာနချုပ်ဟောင်းမာနယ်ပလောမှာ စစ်တပ်စခန်းကင်းစင်ပြီ

KNU ရဲ့ ဌာနချုပ် မာနယ်ပလော ကို ၁၉၉၅ ခုနှစ် ၊ ဇန်နဝါရီလကုန်ပိုင်းမှာ စစ်တပ်နဲ့ ဒီကေဘီအေ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။

ပွိုင့် ၉၁၃ ( နို့ဒေး) စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အဝေးကတွေ့ရပုံ
ပွိုင့် ၉၁၃ ( နို့ဒေး) စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အဝေးကတွေ့ရပုံ

နိုင်ပကောင်း/People’s Spring

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်နေရာဟောင်း မာနယ်ပလောဒေသ မှာ နောက်ဆုံးလက်ကျန်အဖြစ် ကျန်ရှိတဲ့ ပွိုင့် ၉၁၃ ( နို့ဒေး) စခန်းကို ဒီဇင်ဘာလ ၁၆ ရက် မနက်ပိုင်းမှာ အပြီးသတ် တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက အတည်ပြုပါတယ်။

“(တိုက်ပွဲသတင်း) အသေးစိတ် ကတော့ စိစစ်နေတုန်းပါ” လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။

စစ်တပ်ဘက်က ပွိုင့် ၉၁၃ လို့ သတ်မှတ်ထားတဲ့ နို့ဒေးစခန်းဟာ ထိုင်းနယ်စပ်အနီး သောင်းရင်းမြစ်ဘေးမှာ နေရာယူတပ်စွဲထားတာဖြစ်ပြီး KNU တပ်မဟာ (၇) နယ်မြေမှာ တည်ရှိပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစခန်းကို သိမ်းဖို့အတွက် ပြီးခဲ့တဲ့နိုဝင်ဘာလကတည်းက KNU နဲ့ ပူးပေါင်းတပ်က ဝန်းရံပိတ်ဆို့ထားခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်မှာ အပြီးသတ် သိမ်းယူလိုက်တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ အထိအခိုက်အကျအဆုံးများသလို လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကအသိပေးပါတယ်။

မာနယ်ပလောဒေသမှာ ကဆောဝါးလေး၊ ဖူးလောကုန်း၊ မြောက်ကုန်း၊ ကယ်ဂေါ်ကျိုး စတဲ့ တပ်စခန်းတွေ ပိတ်ဆို့ တိုက်ခိုက်ခံရပြီးနောက် အဲဒီ စခန်းတွေကို စွန့်ခွာကာ ဗျုဟာစခန်းအဆင့်ရှိတဲ့ ပွိုင့် ၉၁၃ ဆီ သွားရောက်ပူးပေါင်းခဲ့ကြတာပါ။

KNU ရဲ့ ဌာနချုပ် မာနယ်ပလော ကို ၁၉၉၅ ခုနှစ် ၊ ဇန်နဝါရီလကုန်ပိုင်းမှာ စစ်တပ်နဲ့ ဒီကေဘီအေ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊​ရေတာရှည်မြို့နယ်၊ဆွာမြို့ ၊ စစ်​တောင်းမြစ်အ​ရှေ့ဘက်ခြမ်းမှ အဓိကစခန်းဖြစ်တဲ့ ဆွာမကြီးစစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရာစစ်တပ်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင် ၂၀ ဦးကျော်ဆေသုံး လက်နက်ခဲယမ်းတွေသိမ်းရခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ