Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံ အုန်းဖန်ပွဲတော်ပေါက်ကွဲမှု ကျူးလွန်သူများတွင် KNUအဖွဲ့ဝင် မပါဟု ရှင်းလင်း

KNUသည် မြန်မာ – ထိုင်းနယ်စပ်တလျှောက် အခြေပြုလှုပ်ရှားနေသည့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်ဖြစ်ပြီး လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိသည်။

(အုန်းဖန်ပွဲတော် ပေါက်ကွဲမှုဖြစ်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Khaosod)
(အုန်းဖန်ပွဲတော် ပေါက်ကွဲမှုဖြစ်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Khaosod)
▪️ကျူးလွန်သူများကို KNUရှုတ်ချ၊ အမှုမှန် ဖော်ထုတ်ရေး ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းမည်ဟု KNU အသိပေး

ထားမြတ်/People’s Spring

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အုန်းဖန်ကျေးရွာ၌ နှစ်စဉ်ပြုလုပ်သည့် Doi Loi Fa ပွဲတော် ဗုံးပေါက်ကွဲတိုက်ခိုက်မှုဖြစ်ရပ်နှင့် ပတ်သက်ပြီး ကျူးလွန်သူမှာ KNUတပ်ဖွဲ့ဝင် မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)​၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

အုန်းဖန်ရွာပွဲတော် ဗုံးပစ်တိုက်ခိုက်မှုပြုလုပ် သူများကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် ကရင် အမျိုးသားအစည်းအရုံး(KNU)က ယနေ့ (ဒီဇင်ဘာ ၁၄ရက်) ထုတ်ပြန်ထားသည်။

ထို့အပြင် တိုက်ခိုက်မှုအားကျူးလွန်ရာတွင် KNU အဖွဲ့ဝင်တစ်ဦးပါဝင်သည် ဆိုသည့်အချက်မှာ မှားယွင်းကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ရှင်းလင်းသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၃ရက်ညက ဖြစ်ခဲ့သည့် အုန်းဖန်ပွဲတော်ပေါက်ကွဲမှုတွင် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း ကြားသိရ၍ သေဆုံးထိခိုက်သူများ၏ မိသားစုဝင်များနှင့်အတူ ဝမ်းနည်းကြေကွဲကြောင်း KNUက ထုတ်ပြန်သည်။

“အဓိက အကျဆုံးအချက်ဖြစ်တဲ့ သတင်းမီဒီယာတွေမှာဖော်ပြထားတဲ့ KNUအဖွဲ့ဝင်တစ်ယောက်ပါဝင်တယ်ဆိုတဲ့ဟာက ကျနော်တို့အနေနဲ့ လုံး၀ငြင်းဆိုတယ် လုံး၀မမှန်ကန်ပါဘူးလို့ ပြောချင်ပါတယ်”ဟု ပဒိုစောတောနီးက ပြောကြားသည်။

ထိုကဲ့သို့ အကြမ်းဖက်သည့် လုပ်ရပ်များကို KNUအနေဖြင့် လက်မခံသကဲ့သို့ ပြုလုပ်သူများအား ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်သည်။

” ဒီလိုလုပ်ရပ်မျိုး ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ လုပ်ရပ်မျိုးကိုအကြမ်းဖက်တဲ့လုပ်ရပ်မျိုးကို လုံး၀ လက်မခံဘူး။ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်းကို ဖော်ပြတယ်။တတိယ အချက်အနေနဲ့ ဒီအမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေနဲ့ ကျနော်တို့ အနီးကပ်ဆုံး လက်တွဲဆောင်ရွက်သွားမယ်အဲဒါပါပဲ။ ဘယ်လိုနည်းနဲ့ လက်တွဲဆောင်ရွက်မယ်ဆိုတာတော့ ပြောစရာလိုပါဘူးလို့ ထင်ပါတယ်။ ကျနော်တို့ လုပ်နည်းလုပ်ဟန်အပိုင်းမှာ ဆက်လုပ်စရာတွေအများကြီးရှိပါတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုအတွင်း ကျူးလွန်သူနှစ်ဦးကို ဖမ်းမိထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားသည်။ ဖမ်းမိသူနှစ်ဦးအနက် တစ်ဦးမှာ ထိုင်းနိုင်ငံသားဖြစ်ပြီး တစ်ဦးမှာ KNU အဖွဲ့ဝင်ဖြစ်သည်ဟု ပြောဆိုသတင်းထွက်ပေါ်နေခြင်း ဖြစ်သည်။

KNU၏ထုတ်ပြန်ချက်တွင်လည်း ထိုင်းဘုရင့်အစိုးရ အာဏာပိုင်များ၏ အမှုမှန်ဖေါ်ထုတ်ရေးလုပ်ငန်းစဉ်များတွင် KNUအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ဖော်ပြခဲ့သည်။

KNUသည် မြန်မာ – ထိုင်းနယ်စပ်တလျှောက် အခြေပြုလှုပ်ရှားနေသည့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်ဖြစ်ပြီး လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။