Connect with us

Hi, what are you looking for?

သတင်း

KNU ဌာနချုပ်ဟောင်းမာနယ်ပလောမှာ စစ်တပ်စခန်းကင်းစင်ပြီ

KNU ရဲ့ ဌာနချုပ် မာနယ်ပလော ကို ၁၉၉၅ ခုနှစ် ၊ ဇန်နဝါရီလကုန်ပိုင်းမှာ စစ်တပ်နဲ့ ဒီကေဘီအေ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။

ပွိုင့် ၉၁၃ ( နို့ဒေး) စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အဝေးကတွေ့ရပုံ
ပွိုင့် ၉၁၃ ( နို့ဒေး) စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အဝေးကတွေ့ရပုံ

နိုင်ပကောင်း/People’s Spring

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်နေရာဟောင်း မာနယ်ပလောဒေသ မှာ နောက်ဆုံးလက်ကျန်အဖြစ် ကျန်ရှိတဲ့ ပွိုင့် ၉၁၃ ( နို့ဒေး) စခန်းကို ဒီဇင်ဘာလ ၁၆ ရက် မနက်ပိုင်းမှာ အပြီးသတ် တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက အတည်ပြုပါတယ်။

“(တိုက်ပွဲသတင်း) အသေးစိတ် ကတော့ စိစစ်နေတုန်းပါ” လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။

စစ်တပ်ဘက်က ပွိုင့် ၉၁၃ လို့ သတ်မှတ်ထားတဲ့ နို့ဒေးစခန်းဟာ ထိုင်းနယ်စပ်အနီး သောင်းရင်းမြစ်ဘေးမှာ နေရာယူတပ်စွဲထားတာဖြစ်ပြီး KNU တပ်မဟာ (၇) နယ်မြေမှာ တည်ရှိပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစခန်းကို သိမ်းဖို့အတွက် ပြီးခဲ့တဲ့နိုဝင်ဘာလကတည်းက KNU နဲ့ ပူးပေါင်းတပ်က ဝန်းရံပိတ်ဆို့ထားခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်မှာ အပြီးသတ် သိမ်းယူလိုက်တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ အထိအခိုက်အကျအဆုံးများသလို လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကအသိပေးပါတယ်။

မာနယ်ပလောဒေသမှာ ကဆောဝါးလေး၊ ဖူးလောကုန်း၊ မြောက်ကုန်း၊ ကယ်ဂေါ်ကျိုး စတဲ့ တပ်စခန်းတွေ ပိတ်ဆို့ တိုက်ခိုက်ခံရပြီးနောက် အဲဒီ စခန်းတွေကို စွန့်ခွာကာ ဗျုဟာစခန်းအဆင့်ရှိတဲ့ ပွိုင့် ၉၁၃ ဆီ သွားရောက်ပူးပေါင်းခဲ့ကြတာပါ။

KNU ရဲ့ ဌာနချုပ် မာနယ်ပလော ကို ၁၉၉၅ ခုနှစ် ၊ ဇန်နဝါရီလကုန်ပိုင်းမှာ စစ်တပ်နဲ့ ဒီကေဘီအေ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျားဖျန့်ခေါ် အွန်လိုင်းလိမ်လည် လုပ်ငန်းများ ကြီးထွားလာမှုသည် စစ်ကောင်စီ သည် အဓိက တရားခံဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဇန်နဝါရီ ၁၇ရက်)သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် မူသယ်ဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဇန်နဝါရီ ၅ရက်က သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထွက်ပြေးမှုများရှိပြီး လက်နက်များလည်းရရှိခဲ့ကြောင်း KNU ဗဟိုက ဇန်နဝါရီ ၉ရက်တွင် ထုတ်ပြန်သည်။

သတင်း

အနန်းကွင်းဗျူဟာသို့ စစ်ကူသွားသည့် စစ်ကောင်စီတပ်ကို KNU၊PDF ပူး​ပေါင်းတပ်ကတိုက်ခိုက်စစ်သားများ သေဆုံးထိခိုက်များပြီးလက်နက်ခဲယမ်းများရ