Connect with us

Hi, what are you looking for?

News

ဖယ်ခုံတွင် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေ၍ ဒေသခံ ၃၀၀ကျော် တိမ်းရှောင်ရ

စစ်ဘေးတိမ်းရှောင်သူ ၃၅၀ ဦးခန့်ရှိလာပြီး ၎င်းတို့ တိမ်းရှောင်ရာနေရာနှင့် စစ်ရှောင်များ၏ အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ဖယ်ခုံမြို့နယ်မှကူညီရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ ဖယ်ခုံမြို့နယ် ဒေသခံ ၃၅၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စစ်ရှောင်ကူညီရေးဆောင် ရွက်နေသူတစ်ဦးက အတည်ပြုသည်။

(ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်ဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ယနေ့(အောက်တိုဘာ၂၇)နံနက်က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကသဲ-ရွှေပြည်အေးကျေးရွာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ နေအိမ် ငါးလုံးနှင့် ဆေးခန်းတစ်ခုပျက်စီးခဲ့ကြောင်း ကရင်နီပြည် လူငယ်များသမဂ္ဂ(UKSY)က ထုတ်ပြန် သည်။

စစ်ဘေးတိမ်းရှောင်သူ ၃၅၀ ဦးခန့်ရှိလာပြီး ၎င်းတို့ တိမ်းရှောင်ရာနေရာနှင့် စစ်ရှောင်များ၏ အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ဖယ်ခုံမြို့နယ်မှကူညီရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ဘယ်လိုသွားထောက်ပံ့ရမလဲဆိုတာ လမ်း ကြောင်းကို ရှာနေတုန်း”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မိုးဗြဲမြို့ပေါ်သို့ စစ်ကောင် စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ဒေသခံ ပြည်သူတစ်ဦးသေဆုံးပြီး ကလေးနှစ်ဦးအပါ အဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုစဉ်ကလည်း မိုးဗြဲဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။