Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေ၍ လူစုလူဝေးနှင့် ရိုးရာပွဲလမ်းသဘင်များ မပြုလုပ်ကြရန် ပကဖ သတိပေးထုတ်ပြန်

လက်ရှိတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များက မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေသည်။

(မင်းတပ်မြို့ပေါ်၌ နေအိမ်များ စစ်ကောင်စီ မီးရှို့ဖျက်ဆီးနေသည်ကို ပြီးခဲ့သည့် အောက်တိုဘာက တွေ့ရစဉ်။ ဓာတ်ပုံ − HKL – Mindat)
(မင်းတပ်မြို့ပေါ်၌ နေအိမ်များ စစ်ကောင်စီ မီးရှို့ဖျက်ဆီးနေသည်ကို ပြီးခဲ့သည့် အောက်တိုဘာက တွေ့ရစဉ်။ ဓာတ်ပုံ − HKL – Mindat)

အိမ်သွင်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်နေ၍ ပြည်သူများအနေဖြင့် လူစုလူဝေးပြုလုပ်ခြင်း၊ ရိုးရာပွဲလမ်းသဘင်များကျင်းပခြင်း လုံးဝ မပြုလုပ်ရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထပ်မံ သတိပေးထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၄ရက်က သတိပေးပြီးနောက် ယ‌နေ့(ဒီဇင်ဘာ ၁၇ရက်)တွင် ထပ်မံ အသိပေးခြင်း ဖြစ်သည်။

ယခုအချိန်သည် မင်းတပ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည့်ကာလဖြစ်၍ လေကြောင်းတိုက်ခိုက်မှု ပိုမိုများပြားလာသဖြင့် မင်းတပ်မြို့နယ်အတွင်း ပြည်သူများအနေဖြင့် ဘာသာရေးနှင့်သက်ဆိုင်သည့် အခမ်းအနားနှင့်ပွဲများ၊ ရိုးရာပွဲလမ်းသဘင်များ ကျင်းပပြုလုပ်ခြင်း လုံးဝ(လုံးဝ)မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ကြေညာထားသည်။

Public Service Announcement

Public Service Announcement

” ခရစ်စမတ်ကာလဆိုတော့ ဒေသခံတွေအတွက် စိုးရိမ်လို့ သတိပေးချက်ထပ်ထုတ်တဲ့သဘောဖြစ်ပါလိမ့်မယ်”ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။

လက်ရှိတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များက မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေသည်။

စစ်ကောင်စီသည် မင်းတပ်မြို့ကို ပြီးခဲ့သည့် အောက်တိုဘာအတွင်း လေကြောင်းမှ ၇၇ကြိမ်တိုက်ခိုက်ခဲ့သည်ဟု CDF မင်းတပ်က နိုဝင်ဘာ ၁ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းနောက်ပိုင်းအခြေအနေကိုမထုတ်ပြန်သေးပေ။ ယနေ့ (ဒီဇင်ဘာ ၁၇ရက်)တွင်လည်း မင်းတပ်မြို့ကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။