Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့နယ်ကို​အောက်တိုဘာလအတွင်း စစ်ကောင်စီက ဗုံးသီး ၇၀ကျော်ကြဲတိုက်ခိုက်ဟု CDF အသိပေး

လေကြောင်းတိုက်ခိုက်ခြင်း စစ်လက်နက်ခဲယမ်းဖြည့်တင်းခြင်းများရှိသော်လည်း မင်းတပ် မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုသတင်းများ မကြားရသေးပေ။

(မင်းတပ်မြို့နယ်အတွင်း ပျံသန်းလာသော စစ်ကောင်စီ​၏ Y12လေယာဉ်တစ်စင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)
(မင်းတပ်မြို့နယ်အတွင်း ပျံသန်းလာသော စစ်ကောင်စီ​၏ Y12လေယာဉ်တစ်စင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို စစ်ကောင်စီက အောက်တိုဘာလအတွင်း လေကြောင်း တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်ခဲ့ရာ ဗုံးသီး ၇၇လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Mindat)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၈ရက်က မင်းတပ်မြို့နယ် တိုက်နယ်(၄)ကို တိုက်လောဉ် ၂စီးဖြင့် တိုက်ခိုက်ခဲ့ရာ ယင်းဖြစ်စဉ်တွင် ဗုံးသီး ၄လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၉က်တွင် မင်းတပ်မြို့အား လေကြောင်းမှ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၂၆ရက်တွင် Y-12 လေယာဉ်ဖြင့် ဗုံးသီးအလုံး ၇၀ကြဲချတိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုများကြောင့် လူသေဆုံးထိခိုက်ရှိ၊ မရှိ အခြေအနေများ ဖော်ပြမထားပေ။

ထို့ပြင် အောက်တိုဘာ ၁ရက်နှင့် အောက်တိုဘာ ၅ရက်တွင် မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထုနေအိမ်များကို စစ်ကောင်စီက မီးရှို့ခဲ့ရာ နေအိမ် ၃၀ မီးလောင်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် အောက်တိုဘာအတွင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး တစ်ဦးသည် မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်း အသိပေးထားသော်လည်း ကျန်သုံးဦးသည် မည်သည့် အခြေအနေ၌ ကျဆုံးခဲ့သည်ကို ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

စစ်ကောင်စီတပ်သည် ဩဂုတ်နှင့် စက်တင်ဘာအတွင်းကလည်း မင်းတပ်မြို့ရှိ နေအိမ်များကို မီးရှို့ခြင်းလေကြောင်း တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။ထို့ပြင် လေကြောင်းမှ မင်းတပ်မြို့ အခြေစိုက် ခလရ(၂၇၄)တပ်ရင်းသို့ လက်နက်ခဲယမ်းရိက္ခာဖြည့်တင်းမှုများလည်း ပြုလုပ်ခဲ့သည်။

ထိုသို့ လေကြောင်းတိုက်ခိုက်ခြင်း စစ်လက်နက်ခဲယမ်းဖြည့်တင်းခြင်းများရှိသော်လည်း မင်းတပ် မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုသတင်းများ မကြားရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

အာဏာသိမ်းစစ်တပ်က အထိုင်စခန်းချခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာမှာ ဒီ နေ့ ဩဂုတ် ၂၀ ရက် မနက်ပိုင်းက စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးငယ် ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး အချို့မှာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။