Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ​၏ စစ်သားနှစ်ဦးနှင့် ရဲနှစ်ဦး CDFထံ အလင်းဝင်လာ

ချင်းပြည်နယ််််ရှိ မြို့ ၁၂ မြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီး ဟားခါး၊ တီးတိန်၊ ကန်ပက်လက်နှင့် ထန်တလန်မြို့တို့သာ ကျန်ရှိသည်။

(အလင်းဝင်လာသော စစ်ကောင်စီတပ်သားလေးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF CDM SIYIN)
(အလင်းဝင်လာသော စစ်ကောင်စီတပ်သားလေးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF CDM SIYIN)

ရဲခေါင်/People’s Spring

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်သားလေးဦး အလင်းဝင်လာကြောင်း CDF CDM SIYIN က ယနေ့(ဒီဇင်ဘာ ၂၁ရက်) ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ရက်တွင် တီးတိန်မြို့တွင်တာဝန်ကျနေသော စစ်ကောင်စီ​၏ ရဲ ၂ဦးနှင့် စစ်သား ၂ဦးသည် လက်နက်တစ်လက်၊ ခဲယမ်းအချို့ယူဆောင်၍ အလင်းဝင်လာသည်ဟု ဆိုသည်။

အလင်းဝင်လာသူ လေးဦးတွင် ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈)တပ်ရင်းမှ ၂၃ နှစ် အရွယ် စစ်ပိုင်ဖြိုးနှင့် ၂၇နှစ်အရွယ် ရာဇာထက် တို့ ပါဝင်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၂၅နှစ်အရွယ် အောင်ပြည့်ဖြိုးနှင့် အသက် ၃၀အရွယ် ဒါလ်းဒုံးလျန်တို့သည် တီးတိန်မြို့မရဲစခန်းမှ ဖြစ်သည်။

“လေးဦးစလုံးကိုတော့ သက်ဆိုင်ရာ အခြေအနေအလိုက် ထားရှိဆောင်ရွက်ပါတယ်။နယ်ပြန်ချင်တဲ့သူကိုလည်း ပြန်ခွင့်ပြုလိုက်သလို တချို့ကိုလည်း နောက်တန်းစခန်းမှာ ထားထားပါတယ်။စကစဆီက စွန့်ခွာချင်တဲ့သူတွေအားလုံးကိုလည်း လက်ခံကြိုဆိုနေပါတယ်”ဟု CDF CDM SIYIN စစ်ဦးစီးချုပ် ကိုထောင်းပူက လူထုနွေဦးသို့ ပြောသည်။

ချင်းပြည်နယ််််ရှိ မြို့ ၁၂ မြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီး ဟားခါး၊ တီးတိန်၊ ကန်ပက်လက်နှင့် ထန်တလန်မြို့တို့သာ ကျန်ရှိသည်။

လက်ရှိတွင် မင်းတပ်နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့က စစ်ဆင်ရေး(Operation CB)အဖြစ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေပြီး စစ်ကောင်စီ​၏ စစ်သုံ့ပန်း ၁၀၀ကျော် လက်နက်ချအညံ့ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။