Connect with us

Hi, what are you looking for?

သတင်း

စစ်ရေး ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးကိစ္စ မဖြစ်နိုင်သေးဘူးလို့ ဘင်္ဂလားဒေ့ရှ်ပြော

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းလောက်ရှိပြီး အများအပြားဟာ ၂၀၁၇ ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးခဲ့သူတွေ ဖြစ်ပါတယ်။

(စစ်တပ်၏ ၂၀၁၇ သြဂုတ်လမှာ နယ်​မြေ ရှင်းလင်း​ရေး​ခေါင်းစဥ်ဖြင့်လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်​ပြေး​နေ​သော ရိုဟင်ဂျာ​တွေ။ဓါတ်ပုံ- AI)
(စစ်တပ်၏ ၂၀၁၇ သြဂုတ်လမှာ နယ်​မြေ ရှင်းလင်း​ရေး​ခေါင်းစဥ်ဖြင့်လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်​ပြေး​နေ​သော ရိုဟင်ဂျာ​တွေ။ဓါတ်ပုံ- AI)

People’s Spring

ရခိုင်ပြည်နယ်ထဲက စစ်ရေးအခြေအနေ အလှည့်အပြောင်းတွေကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေးကိစ္စ အထမြောက်အောင် စီစဉ်ဖို့မဖြစ်နိုင်သေးကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

အာရက္ခတပ်တော် (AA)ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ကြောလုံးကို ထိန်းချုပ်ထားလိုက်ပြီ ဖြစ်တဲ့နောက် ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေး ကိစ္စကို အကောင်အထည်ဖော်ဖို့ လက်တွေ့ မကျတော့ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ နိုင်ငံခြားရေး အကြံပေး တူဟစ်ဒ် ဟိုစိန်က ဒီဇင်ဘာ ၂၂ ရက်နေ့၊ ဒါကာမြို့တော်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲ တစ်ခုမှာ မှတ်ချက် ပေးသွားခဲ့ပါတယ်။

မူလက အာဏာသိမ်း စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်တို့အကြား ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စ ဆွေးနွေးညှိနှိုင်းမှုတွေ ရှိထားခဲ့ပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်တဲ့ ရှုပ်ထွေးမှုတွေက အရမ်း နက်ရှိုင်းလာနေကြောင်း ဟိုစိန်ကဆိုပါတယ်။ အခုအခါ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းလောက်ရှိပြီး အများအပြားဟာ ၂၀၁၇ ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးခဲ့သူတွေ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဟိုစိန်ဟာ မကြာသေးခင်က ထိုင်းအစိုးရရဲ့ ဖိတ်ကြားမှုကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ တစ်ခုကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။ အဲဒီ ဆွေးနွေးပွဲကို စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီးအပြင် လာအိုနဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးတွေ၊ တရုတ်ရဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးတို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဟိုစိန်က အဲဒီ အစည်းအဝေးမှာလည်း ရိုဟင်ဂျာတွေ ဘေးကင်းကင်းနဲ့ နေရပ်ပြန်ဖို့ ကိစ္စဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးမှု အာမခံချက် မပေးနိုင်သေးသ၍ ဖြစ်နိုင်ခြေ မရှိသေးဘူး ဆိုတာကို သူက တင်ပြဆွေးနွေးခဲ့ကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Times of India

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေ ၂စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေက ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေပေါ်ပါလာသူတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်(AA)နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီး၊ စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို အသုံးပြုတိုက်ခိုင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။