Connect with us

Hi, what are you looking for?

News

မင်းတပ်မှ မတူပီသို့ အင်အားဖြည့်ရန်သွားသည့် စစ်ကောင်စီတပ် လမ်းတစ်ဝက်တွင် ရှေ့မဆက်နိုင်သေးဟု CNFပြော

စစ်ကောင်စီတပ်များသည် အောက်တိုဘာ လလယ်ကတည်းက မင်းတပ်မှ မတူပီမြို့သို့ ထွက်ခွာသွားခြင်းဖြစ်ပြီး အဆိုပါ လမ်းခရီးသည် မိုင်၁၀၀ကျော်သာ ဝေးသည်။

ချင်းပြည်နယ်တောင်ပိုင်းသို့ စစ်အင်အားဖြည့်တင်းရန် မင်းတပ်မှ မတူပီမြို့သို့သွားရောက်သည့် စစ်ကောင်စီယာဉ်တန်းသည် ရာသီဥတုနှင့် ကားလမ်းမြေပြိုမှုကြောင့် လမ်းတစ်ဝက်မှ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“တောင်ပိုင်းအခြေအနေက မင်းတပ်ဘက်ကနေ မတူပီ ဗျူဟာဘက်ကို တက်လာတဲ့ ကားတွေ က မရောက်သေးဘူး။ လမ်းတစ်ဝက်မှာ သောင်တင်နေကြတယ်။ အခု ရာသီဥတုက ကြမ်းတယ် ပြီးတော့ ကားလမ်းက မြေပြိုနေတာဆိုတော့ သူတို့ ထင်သလောက်တိုးမလာနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်များသည် အောက်တိုဘာ လလယ်ကတည်းက မင်းတပ်မှ မတူပီမြို့သို့ ထွက်ခွာသွားခြင်းဖြစ်ပြီး အဆိုပါ လမ်းခရီးသည် မိုင်၁၀၀ကျော်သာ ဝေးသည်။

ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများ၌ တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း၊ သို့ရာတွင် ချင်းပြည်နယ် မြောက်ပိုင်း ဟားခါး- ဖလမ်းလမ်းရှိ ဒေသခံ ပြည်သူများ၏ နေအိမ် ၁၀လုံးထက်မနည်းကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် မြို့လုံးကျွတ်နီးပါး စစ်ဘေးတိမ်းရှောင်နေသည့် ထန်တလန်မြို့ပေါ်မှ လူနေအိမ်များကို စစ်ကောင်စီတပ်က ဖောက်ထွင်းပြီး စားစရာနှင့် အသုံးအဆောင်များယူဆောင်သွားခြင်းများရှိဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။