Connect with us

Hi, what are you looking for?

သတင်း

ဆင်ဖြူကျွန်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF တဦးကျ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ် ပွားပြီး PDF ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် သရက်ချဥ်ကျေးရွာ တနေရာကိုတွေ့ရစဥ်။ဓါတ်ပုံ-CJ

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ် ပွားပြီး PDF ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယနေ့(ဇန်နဝါရီလ ၁၁ ရက်)နံနက်၁၀ နာရီခန့်က ဆင်ဖြူကျွန်းမြို့ သရက်ချဉ်ကျေးရွာအနီးနှစ်ဘက်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး တိုက်ပွဲချိန်တစ် နာရီနီးပါးကြာမြင့်ကြောင်း ၎င်းသတင်းရင်းမြစ်က ပြောသည်။

“စကစဘက်က အင်းအားများတော့ တပ်ဆုပ်ရတယ်။ ဒရုန်းနဲ့ ပြန်တိုက်ခိုက်ရတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်မှ အင်အား ၄၀၀ ခန့်သည် ဆင်ဖြူကျွန်းမြို့နှင့် ကျေးရွာများသို့ စစ် ကြောင်းထိုးဝင်ရောက်လျှက်ရှိရာ တော်လှန် ရေးပူးပေါင်းအဖွဲ့မှ မင်းဘူးခရိုင် PDF တပ် ရင်း(၁)၊ တပ်ရင်း(၅)နှင့် Local PDF များဖြစ်သော ဒေါင်းစစ်အောင်၊ မိုးကြိုးပျောက်ကြားစသည့်တပ်ဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းသတင်းရင်းမြစ်က ဆက်ပြောသည်။

နှစ်ဘက်တိုက်ပွဲတွင် PDF ရဲဘော်တစ်ဦး ကျဆုံးမှုနှင့်စပ်လျဥ်း၍ မင်းဘူးခရိုင် PDF တပ် ရင်း(၅)မှ ဝမ်းနည်းကြောင်းထုတ်ပြန်ရာ၌ ရဲ ဘော်ဒေါင်းမင်း(ခ)ဇော်မျိုးအောင်သည် ဇန်နဝါရီလ ၁၁ ရက်နံနက် ၁၀ နာရီ ၄၀ မိ နစ်အချိန်တွင် နိုင်ငံနှင့်ပြည်သူအတွက် ရွတ် ရွတ်ချွန်ချွန်တိုက်ပွဲဝင်ပြီး အသက်ပေးလှူသွားပါသည်ဟု ဖော်ပြသည်။

လက်ရှိအခြေအနေတွင် ဆင်ဖြူကျွန်းမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲနှင့် စစ်ကောင်စီတပ်စစ် ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ထူး ပေါက်၊ ခရေကုန်း၊ ရှားတော၊ ဥယျာဥ်စု၊ နောင်တော်ကြီး၊ နောင်တော်လေး၊ ကညှပ်၊ ကျောင်းကုန်း၊ ကျီးသိုက်၊ အုန်းတော၊ သရက်ချဥ်နှင့် နွယ်တမယ် စသည့်ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ​ဒေသခံအချို့က​ပြောသည်။

အလားတူ ယနေ့(ဇန်နဝါရီလ ၁၁ ရက်)ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ အင်အား ၁၀၀ ကျော်ခန့်သည် ထူးပေါက်ကျေးရွာသို့ ဝင်ရောက်လာပြီး ကျေးရွာအတွင်း ဝင်မွှေသောင်းကျန်းမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

စလင်းမြို့နယ်တွင်တိုက်ပွဲများဖြစ်ပွားလျှက်ရှိရာ ဇန်နဝါရီလ ၆ ရက်နေ့က ဇရပ်လှကျေးရွာသို့စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော