Connect with us

Hi, what are you looking for?

LuduNwayOo

News

တစ်မြို့လုံးစစ်ဘေးရှောင်နေသော ထန်တလန်မြို့ကို စစ်ကောင်စီတပ်မီးရှို့ ၊ နေအိမ် ၁၀လုံးထက်မနည်းပျက်စီး

ထန်တလန်မြို့ ဈေးရပ်ကွက် CB ဘဏ်အနီးရှိ အိမ်ကို အကြမ်းဖက်စစ်တပ်က ယနေ့ (အောက်တိုဘာ ၂၈)တွင်လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မီးစတင်လောင် ကျွမ်းခြင်းဖြစ်သည်ဟု သိရသည်။

တစ်မြို့လုံးနီးပါးစစ်ဘေးရှောင်နေရသည့် ထန်တလန်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် မြို့လယ်ရှိလူနေအိမ်၁၀ အိမ်ထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။

ထန်တလန်မြို့ ဈေးရပ်ကွက် CB ဘဏ်အနီးရှိ အိမ်ကို အကြမ်းဖက်စစ်တပ်က ယနေ့ (အောက်တိုဘာ ၂၈)တွင်လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မီးစတင်လောင် ကျွမ်းခြင်းဖြစ်သည်ဟု သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများက ထန်တလန်မြို့ပေါ်ရှိ အိမ်များကိုဖောက်ထွင်း ခိုးယူနေစဉ် ချင်းဒေသကာကွယ်ရေးအဖွဲ့(CDF)က ဝင်ရောက်ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့သည်။

ထိုသေဆုံးမှုအပြီးတွင် အကြမ်းဖက်စစ်တပ်က ထန်တလန်မြို့ကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်သားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုပစ်ခတ်မှုသည် အောက်တိုဘာ ယနေ့နေ့လယ် ၁၁ နာရီခန့်ကဖြစ်ပွားခဲ့ပြီး မြို့တွင်းရှိ လူအများစုမှ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။

“အဲဒီမှာ ရှိနေတဲ့ စစ်ကောင်စီတွေက မြို့ထဲပတ်ပြီး အဲဒီလို လိုက်ရှို့နေတာ။ တိုက်ပွဲမဖြစ်ဘဲနဲ့ရှို့တာ။ ထန်တလန်မြို့ပေါ်က လူမရှိတော့ဘူး။ လူမရှိတော့ဘူးဆိုတော့ သူတို့က အိမ်တွေကို ဖောက်ထွန်းပြီးတော့ လိုချင်တဲ့ပစ္စည်းတွေကိုယူ အိမ်တွေကိုမီးရှို့ အဲဒီလိုပုံစံလုပ်တာ”ဟု ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ထို့သို့လုပ်ဆောင်ခြင်းသည် ပြည်သူလူထုကို အကြောက်တရားရစေရန် စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်များ အနက်မှ တစ်ခုဖြစ်ကြောင်း၊ လူထုကို ထိခိုက်အောင်လုပ်ဆောင်ခြင်းဖြင့် စစ်ကောင်စီကိုခုခံ တိုက်ခိုက်နေသည့် ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)တို့ စစ်ရေး မဖော်ဆောင်နိုင်ရန် ရည်ရွယ်ခြင်းလည်းဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“လူထုကို မှာချင်တာက အားလုံးက ကိုယ့်ရဲ့ရပ်တည် ချက်ကနေ သွေဖီမသွားကြဖို့၊ စိတ်ရှည်ကြဖို့ စိတ်ဓာတ်ခံမာဖို့ နဲ့ ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက် ရပြီဆိုရင် အဲဒါတွေက အသေးအမွှားပဲဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။

“မီးလောင်နေတာကို မြို့နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ရွာတွေက လှမ်းမြင်နေရတယ်။ အိမ်ပိုင်ရှင်တွေကတော့ တော်တော်လေး စိတ်ထိခိုက်နေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

မြို့ခံများ စစ်ဘေးရှောင်နေချိန်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများက မြို့တွင်းရှိ အိမ်များကို စိတ်ကြိုက်ဖောက်ထွင်းခိုးယူနေသည်ဟု ဒေသခံများကပြောသည်။

အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၁၈ ရက်က CDF နှင့်တိုက်ပွဲဖြစ်ပြီး သေဆုံးထိ့ခိုက်သူများခဲ့ပြီးနောက် ထန်တလန်မြို့ကိုလက်နက်ကြီးဖြင့်ပစ်ခတ်၍ မီးရှို့ဖျက်ဆီးမူကြောင့် လူနေအိမ် ၂၀ ခန့်မီးလောင် ပျက်စီးခဲ့ပြီး မီးငြှိမ်းသတ်ရန်ကြိုးစားသော ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးကျဆုံးခဲ့သည်။ထိုအချိန်ကတည်းက အကြမ်းဖက်စစ်သားများက လူမရှိသော ထန်တလန်မြို့ကို အပြည့်အဝထိန်းချုပ်ထားခြင်းဖြစ်သည်။

သို့သော်စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူပိုင်ပစ္စည်းများအား ခိုးယူ၊ဖျက်ဆီးနေပါက တွေ့သည့်နေရာတွင် သတ်ပစ်မည်ဟု CDFထန်တလန်က အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်သတိပေးထားသည်။

ဓာတ်ပုံ – The Chin Journal

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။