Connect with us

Hi, what are you looking for?

News

မတ္တရာနယ်တွင် စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ဒေသခံအချို့ကိုဖမ်းဆီး

ထို့အပြင် ဝါ ရောင်းပြီးပြန်လာသည့် ဒေသခံသုံးဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။

People's Spring
People's Spring

မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ ကျေးရွာအချို့နှင့် တောတောင်များဆီသို့ စစ်ကောင်စီတပ်က အင်အားသုံးပြီးဆက်လက်စီးနင်းကာ ရွာသားများကို ဖမ်းဆီးခြင်းပြုလုပ်ခဲ့သည်ဟု ဒေသခံက ပြောသည်။

အင်အား ၂၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ် ကြာပင်ရွာမှတစ်ဆင့် တောတောင်များဆီသို့ ယနေ့မနက်တွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း၊အပြန်တွင် ဒေသခံ ပြည်သူသုံးဦးကို ဖမ်း ဆီးလာကြောင်း ဒေသခံက ပြောသည်။

“ဘာကြောင့်ဖမ်းလာတယ်ဆိုတာ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဝါ ရောင်းပြီးပြန်လာသည့် ဒေသခံသုံးဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဝါရောင်းပြီး ပြန်လာတဲ့ ကျေးရွာသား သုံးယောက်နဲ့ ကြာပင်မှာသွားပြီး အထိုင်လုပ်ထားတဲ့ ပြန်ဆင်း လာတဲ့စစ်ကား သုံးစီးနဲ့လမ်းမှာဆုံတယ်။ ဆုံတော့ မေးတာမြန်းတာမလုပ်ဘူး။ နောက်ပိုင်း မှာ မသင်္ကာလို့နေမှာပေါ့ ဆိုင်ကယ်တွေနောက်ကို ပြန်လိုက်တာ။ ဆိုင်ကယ် နှစ်စီး လူ ​ယောက်ယောက်နောက်ကို ပြန်လိုက်တာ။ လိုက်ပြီး ဆိုင်ကယ် နှစ်စီးကို ရပ်ခိုင်းတာ ဟိုက မကြားတော့ မရပ်ဘူးမရပ်တေ့ သေနတ် နဲ့ပစ်တယ်။ပစ်တော့ကြောက်လန့်ပြီးမောင်းပြေးတာလွတ်တယ် တစ်ယောက်တည်းတစ်စီးက ဆိုင်ကယ် လဲသွားတယ်။ လဲသွားတော့ လူကထွက်ပြေးတော့လူက ကြည်မထိဘူး။ ဝါရောင်းပြီး ပြန်လာတဲ့ ပိုက်ဆံ ၁၀သိန်းနဲ့ အဝတ်အစားထုတ်နဲ့ ဆိုင်ကယ်နဲ့ကို သိမ်းသွားတာ”ဟု ဒေသခံက ပြောသည်။

ထို့ပြင် မတ္တရာမြောက်ပိုင်းရှိ စလေရွာမှဒေသခံ ၉ဦးကို ဖမ်းဆီးသွားသည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်ရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီးဒေသခံများအား ဖမ်းဆီးခြင်းများ မကြာခဏ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook