Connect with us

Hi, what are you looking for?

သတင်း

ဘန်ကောက် အလှပြင်ဆိုင်လုပ်​နေတဲ့ မြန်မာအမျိုးသမီးငယ် ၄ ဦး အဖမ်းခံရ

ဘန်ကောက်မြို့တော်မှာ ထိုင်းအာဏာပိုင်တွေဟာ အလှပြင်ဆိုင် တစ်ခုကို စီးနင်းခဲ့ပြီး တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာ အမျိုးသမီးငယ် ၄ ဦး အပါအဝင် ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အလှပြင်ဆိုင်ကိုထိုင်းရဲများဝင်​ရောက်စစ်​ဆေးစဥ်။ ဓါတ်ပုံ- Khaosod English

ဘန်ကောက်မြို့တော်မှာ ထိုင်းအာဏာပိုင်တွေဟာ အလှပြင်ဆိုင် တစ်ခုကို စီးနင်းခဲ့ပြီး တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာ အမျိုးသမီးငယ် ၄ ဦး အပါအဝင် ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းကမ္ဘာလှည့် ခရီးသွား ရဲဌာနနဲ့ အလုပ်အကိုင်ရေးရာ ဌာနတို့ဟာ ရာမ ၉ လမ်းမှာရှိတဲ့ ယင်ဟိုင်ကျင်ချွမ် အလှပြင်ဆိုင်ကို ဇန်နဝါရီ ၂၈ ရက်နေ့မှာ စီးနင်း ရှာဖွေခဲ့တဲ့နောက် တရားဝင် ခွင့်ပြုချက် မရှိဘဲ အလုပ်လုပ်နေတဲ့ အသက် ၁၈ နှစ်နဲ့ ၂၃ နှစ်ကြား မြန်မာ မိန်းကလေး ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အဲဒီ မိန်းကလေးတွေရဲ့ နာမည်ကိုတော့ လင်း၊ မေ၊ ကေနဲ့ မော်ဆိုပြီး အတိုကောက်ပဲ ဖော်ပြထားခဲ့ပါတယ်။

အလှပြင်ဆိုင်ကိုထိုင်းရဲများဝင်​ရောက်စစ်​ဆေးစဥ်။ ဓါတ်ပုံ- Khaosod English

နောက်ပြီး အသက် ၄၀ အရွယ် ချန်နဲ့ ၃၁ နှစ်အရွယ် ယန်ဆိုတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၂ ဦးကိုလည်း ထိုင်းအာဏာပိုင်တွေက တစ်ပါတည်း ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

မြန်မာ အမျိုးသမီးတွေဟာ အလှပြင် ဝန်ထမ်းတွေအဖြစ် အဲဒီဆိုင်မှာ အလုပ်လုပ်နေခဲ့တာဖြစ်ပြီး ဒါဟာ နိုင်ငံခြား အလုပ်သမားတွေအတွက် ကန့်သတ်တားမြစ်ထားတဲ့ အလုပ်အမျိုးအစား တစ်ခုဖြစ်လို့ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသူတွေဟာ ကန့်သတ်ထားတဲ့ အလုပ်အကိုင် အမျိုးအစားမှာ သီးသန့်ပါမစ် မရှိဘဲ ဝင်ရောက် လုပ်ကိုင်မှုနဲ့ တရားစွဲဆို ခံရမယ့်အပြင် နောက်တိုးအဖြစ် မြန်မာ အမျိုးသမီးတွေကတော့ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု အတွက်ပါ စွဲချက်တင်ခံရနိုင်ခြေ ရှိနေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ အဖမ်းခံရသူ ၆ ဦးစလုံးကို ဟွေခွမ်း ရဲစခန်းဆီ လွှဲပြောင်း ပို့ဆောင်ပြီး နောက်ဆက်တွဲ တရားရေး ကိစ္စတွေကို ဆောင်ရွက်နေကြောင်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ စျေးဝယ်စင်တာ တစ်ခုမှာ စက်လှေကား အမြင့်ကနေ ပြုတ်ကျပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက လျှပ်စစ်နဲ့ ကုန်မာ ပစ္စည်းတွေ အဓိက ရောင်းချရာ စျေးတစ်ခုမှာ မီးလောင်မှု ဖြစ်ပြီး စျေးအဆောက်အအုံ အစိတ်အပိုင်းတချို့ ပြိုကျခဲ့ပါတယ်။