Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက်မှာတရုတ်ဘုရားကျောင်းထဲကားဝင်တိုက်မိလို့လူတစ်ဦးသေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က တရုတ် ဘုရားကျောင်း တစ်ခုထဲကို ကားတစ်စီးအရှိန်နဲ့ ဝင်တိုက်ခဲ့ရာကလူတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ – ၂ ၊၂၀၂၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က တရုတ် ဘုရားကျောင်း တစ်ခုထဲကို ကားတစ်စီးအရှိန်နဲ့ ဝင်တိုက်ခဲ့ရာကလူတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၁ ရက်၊နေ့လယ်ပိုင်းကဖြစ်စဉ်မှာ ယောင်ဝါရတ် လမ်းပေါ်ကကွမ်ရင်မယ်တော်တရုတ်ဘုရားကျောင်းထဲလူတွေရှိနေတဲ့ အချိန်မှာ လျှပ်စစ်ကားတစ်စီးက ဝတ်ပြုခန်းမထဲထိ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ယာဉ်မောင်းဟာ သွေးတိုးတာမျိုးကျန်းမာရေး အခြေအနေ တစ်ခုခု ပြဿနာ ရှိနေပုံရတဲ့ သက်ကြီးရွယ်အို အမျိုးသားတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ယာဉ်မောင်းဟာ သတိကင်းမဲ့သွားပြီး လီဗာကို ဖိနင်းမိခဲ့ရာက သက်တမ်း ၆၈ နှစ်ရှိတဲ့ ဘုရားကျောင်းထဲက ဝတ်ပြုသူ လူအုပ်ထဲ ကားက အရှိန်နဲ့ ဝင်တိုးခဲ့တာလို့ ရဲတွေက ယူဆထားပါတယ်။

အစောပိုင်းတုန်းက အခြေအနေ စိုးရိမ်ရသူ နှစ်ဦးအပါအဝင် ဒဏ်ရာရသူ သုံးဦးရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး နောက်တော့ အသက် ၈၂ နှစ်အရွယ် အဖွားအို တစ်ဦးဟာ ဒဏ်ရာတွေကြောင့် ဆုံးပါးသွားကြောင်း သိရပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ ဒဏ်ရာရထားသူတွေကို ဆေးရုံဆီ အပူတပြင်း ပို့ဆောင်ခဲ့ပါတယ်။

ဘုရားကျောင်းမှာလည်း ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အသက် ၇၈ နှစ်အရွယ် ယာဉ်မောင်းကိုတော့ လူသေဆုံးတဲ့ထိ ပေါ့ဆမှုနဲ့ ကနဦး စွဲချက်တင်ထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ရေကြီးမှုတွေနဲ့ ဆက်စပ်ပြီး သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်က လုပ်ငန်းလည်ပတ်မှုတွေမှာလည်း နှောင့်နှေးမှုတွေ ပြဿနာတွေနဲ့ ကြုံတွေ့နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရေကြီးတဲ့ နေရာတစ်ခုကို သွားရောက်ချိန်မှာ ဖိနပ်ချွတ်ထားတဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ဓာတ်ပုံတစ်ပုံက လူမှုကွန်ရက် သုံးစွဲသူ ထိုင်းနိုင်ငံသားတွေကြားမှာ လူပြောများပြီး အငြင်းအခုံတွေလည်း ဖြစ်နေစေပါတယ်။

နိုင်ငံတကာ

ထိုင်းက ဘုရားကျောင်း တစ်ခုမှာရှိတဲ့ မိကျောင်းကြီးတစ်ကောင် ရေကြီးလာချိန် လွတ်သွားမှာစိုးလို့ တာဝန်ရှိသူတွေက နေရာရွှေ့ပြောင်းပေးထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

စက်တင်ဘာ လလယ်ကစလို့ ထိုင်းနိုင်ငံ အနှံ့မှာ ရေကြီးမှုတွေနဲ့ ဆက်စပ် သေဆုံးသူ ၈ ဦးထိ ရှိလာကြောင်း သိရပါတယ်။

Facebook